Wednesday, November 05, 2014

သမ္မတ အိုဘားမား အခုလ ၁၄ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမည်


အမေရိကန်သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို အခုလအတွင်း လာရောက်တဲ့အခါ သမ္မတ ဦးသိန်းစိန် အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော်က တရားဝင်ကြေညာလိုက်ပါတယ်။

မစ္စတာ အိုဘားမားဟာ အာဆီယံနိုင်ငံများ ထိပ်သီးညီလာခံတက်ရောက်ဖို့ အတွက် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပြီး၊ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ်ထားကြောင်း၊ ဒီနောက် ၁၄ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း အိမ်ဖြူတော်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံကတဆင့် သမ္မတ အိုဘားမားဟာ တရုတ်နိုင်ငံမှာကျင်းပမယ့် အေပက်အဖွဲ့ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးထိပ်သီးညီလာခံနဲ့ သြစတြေးလျ နိုင်ငံမှာ ကျင်းပမယ့် G-20 စက်မှုနိုင်ငံကြီးများ ထိပ်သီးညီလာခံ တွေကို ခရီးဆက်ထွက်ခွါမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က အခုနိုဝင်ဘာလ လယ်ပိုင်း မြန်မာနဲ့ ဗီယက်နမ် နိုင်ငံတို့ကို သွားရောက်မယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ အမေရိကန် ကာကွယ်ရေးဌာန အရာရှိတွေက ကြေညာလိုက်ပါ တယ်။ အမေရိကန် အထက် လွှတ်တော်ကြားနာပွဲနဲ့ တိုက်ဆိုင်နေတဲ့အတွက် ၁ဝ ရက်ကြာမြင့်မယ့် အဲ့ဒီခရီးစဉ်ကို ရှေ့နှစ် ဆန်းပိုင်းကို ရွှေ့ဆိုင်းလိုက်တာဖြစ် တယ်လို့ အမေရိကန်အရာရှိတွေက ပြောကြပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List