Friday, November 07, 2014

ကိုပါကြီးအလောင်းကို ၂၄ နာရီအတွင်း သင်္ဂြိုဟ်ရန် စည်ပင်က မိသားစုထံစာပို့



ကိုပါကြီးအလောင်းကို ရင်ခွဲစစ်ဆေးပြီးချိန်ကစပြီး ၂၄ နာရီအတွင်း သင်္ဂြိုဟ်ဖို့ မွန်ပြည်နယ် စည်ပင်သာယာ
ရေး ကော်မတီက စာထုတ်ပြန်ပြီး ကိုပါကြီးရဲ့ ဇနီးဒေါ်သန္တာဆီကို ပေးပို့ထားတယ်လို့ ဒီမိုကရေစီနဲ့ငြိမ်းချမ်း
ရေး အမျိုးသမီးကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။

အဲဒီစာမှာ အလောင်းကို ရင်ခွဲပြီးစီးချိန်ကစပြီး ၂၄ နာရီအတွင်း သက်ဆိုင်ရာ သုသာန်မှာ သဂြိင်္ိုဟ်ပေးဖို့ နိုဝင်ဘာလ ၅ ရက်နေ့က စည်းဝေး ဆုံးဖြတ်ခဲ့ကြောင်း လည်း ပါရှိပါတယ်။ ဒါပေမယ့် ဘယ်သုသာန်ကိုမှ ရည်ညွန်းမထားဘူးလို့လည်း နော်အုန်းလှက ပြောပါတယ်။

ဒီစာဟာ နိုဝင်ဘာလ ၆ ရက်နေ့  ည ၉ နာရီ ၄၅ မိနစ်မှာ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ ဒေါ်သန္တာကို မော်လမြိုင် စည်ပင်တာဝန်ရှိသူတဦးက လာရောက်ပေးသွားတာဖြစ်ပြီး စာမှာ အမှုဆောင်အရာရှိဆိုပြီး လက်မှတ်ရေး ထိုးထားပါတယ်။ ဒါပေမယ့် နာမည်ကို ရေးသားထားတာမရှိဘူးလို့လည်း နော်အုန်းလှက ပြောပါတယ်။

ညမိုးချုပ် ဒီစာပေးပို့တာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက  စည်ပင်ကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရ ခဲ့ပါ။

ဒီလိုတားမြစ်စာထွက်လာပေမယ့် မိသားစုအနေနဲ့ကတော့ နဂိုအစီအစဉ်အတိုင်း အလောင်းကို ရန်ကုန် သယ်ပြီး သင်္ဂြိုဟ်မယ်လို့လည်း နော်အုန်းလှက ပြောပါတယ်။

ကိုပါကြီးရဲ့ အလောင်းကို ရန်ကုန်သယ်ဖို့  နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းမှာ ရဲတပ်ဖွဲ့က  မိသားစု လက်ထဲ အပ်ခဲ့ပြီး အခုညမှာ စည်ပင်ရဲ့ အမိန့်ထွက်လာတာဖြစ်ပါတယ်။

ကိုပါကြီးအလောင်းကိုတော့ ဘယ်အချိန်သယ်မယ်ဆိုတာ လုံခြုံရေးအရ မိသားစုဝင်တွေက ထုတ်ဖော်ပြော ဆိုခြင်းမရှိပါဘူး။

DVB

No comments:

Post a Comment

My Blog List