Tuesday, November 04, 2014

မြေးအသုဘအခမ်းအနားတက်နိုင်ရေးအတွက် အကျယ်ချုပ်နေထိုင်ခွင့်ပြုရန် ဖိလစ်ပိုင်သမ္မတဟောင်းအာရိုယို တောင်းခံ



ဖိလစ်ပိုင်သမ္မတဟောင်းဂလိုရီ ယာမာကာပါဂယ်လ်အာရိုယိုက အကျယ်ချုပ်ဖြင့် ကိုးရက်နေထိုင်ခွင့်ပြုရန် ဆန်ဒီဂန် ဘာယန်တရားရုံးသို့ မေတ္တာ ရပ်ခံလိုက်သည်။နှလုံးရောဂါဖြင့် နိုဝင်ဘာ ၂ရက်၌ သေဆုံးသွားသည့် ၁၃လ သားမြေး ကလေး၏ အသုဘအခမ်းအနားသို့ တက်ရောက်နိုင်ရန် ယင်းသို့ မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။
အာရိုယိုအားနိုဝင်ဘာ ၃ရက်မှ ၁၂ရက်အထိ လာဗီစတာရှိ သူမ၏နေအိမ်တွင် အကျယ်ချုပ်ဖြင့် နေထိုင်ခွင့်ပြုသည့်အမိန့် ကို ဂုဏ်သိက္ခာရှိ သော ဆန်ဒီဂန်ဘာ ယန်တရားရုံးက အမိန့်ထုတ်လိုက်သည်။ 

သူမ၏မြေးအ သုဘအခမ်းအနားသို့ နေ့စဉ်တက် ရောက်နိုင်ရန် ယခုကဲ့သို့ ခွင့်ပြုခြင်းဖြစ်သည်ဟု တရားရုံးကဆိုသည်။ 

ထို့ပြင် သူမ၏မြေးကလေးအား မြေမြှုပ်သင်္ဂြိုဟ်သည့် အခမ်းအနားသို့ လည်း တက်ရောက်ခွင့်ပြုနိုင်ရန် အာရို ယိုက တရားရုံးသို့ ထပ်မံ၍ မေတ္တာရပ် ခံလိုက်သည်။ မြေမြှုပ်သင်္ဂြိုဟ်မည့်နေ့ နှင့်အချိန်ကိုမူ သတ်မှတ်ရခြင်းမရှိသေး ချေ။

အာရိုယိုသည် သူမ၏မြေး ဂျော့ဂ်ျအလွန်ဇို''ဂျူဂို''အာရိုယိုဘား နာ့စ်၏ အလောင်းထားရှိရာသို့သွားခွင့်လည်း အကျင့်ပျက် ခြစားမှုကို တိုက် ဖျက်ရေးတရားရုံးသို့ ခွင့်ပန်သည်။ 

သူမ ၏မြေးသည် သူမ၏တစ်ဦးတည်း သောသမီး၏သားဖြစ်သည်။ သူမအ နေဖြင့် ပြည်ပသို့ထွက်ပြေးခြင်းမပြုပါဟု အကြိမ်ကြိမ်ကတိပေးခဲ့ကြောင်းလည်း သိရသည်။

GMANews
Yangon Media Group

No comments:

Post a Comment

My Blog List