Friday, November 07, 2014

နိုင်ငံရေး ထိပ်သီး ဓာတ်ပြုမှု အပေါ် ပလေယာ တို့၏ သဘောထား











မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်း သည် ပစ္စုပ္ပန် မျိုးဆက်များအတွက်သာမက မျိုးဆက်သစ် အဆက်ဆက် အတွက်လည်း သေရေးရှင်ရေး တမျှ အရေးကြီးပါသည်။ ၄င်း အကူးအပြောင်း ပျော့ပျောင်း ညင်သာစွာ ဆက်လက် ဖြစ်ပေါ် တိုးတက်ရေး အတွက် ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က နိုင်ငံတော် သမ္မတ ၏ အိမ်တော် ဝင်း အတွင်း ရှိ ငုရွှေဝါ ခန်းမတွင် အစိုးရ အဖွဲ့၊ ဥပဒေပြု လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ ရွေးကောက်ပွဲ ကော်မရှင် တို့ပါဝင်သည့် ထိပ်သီး အစည်းအဝေး တစ်ခု ကျင်းပခဲ့သည်။ ထို အစည်းအဝေးမှ ဖြစ်ပေါ် လာမည့် နိုင်ငံရေး ဓာတ်ပြုမှု အပေါ် တစ်နိုင်ငံလုံးရှိ နိုင်ငံသားများ အပြင် ပြည်ပ အင်အား ကြီးနိုင်ငံ များကလည်း စိတ်ဝင်စားနေကြ၍ အကြောင်းအကျိုး၊ အကောင်းအဆိုး တို့ကို အတိုင်းအတာ တစ်ခုအထိ သိရှိနိုင်ရန်၊ ၄င်းထိပ်သီး အစည်းအဝေး အပေါ် ထား ရှိသော မြန်မာ့နိုင်ငံရေး ပလေယာ အချို့၏ သဘောထားများ၊ အမြင်များ၊ မျှော်လင့် ချက်များကို ပေါ်ပြူလာ နယူးစ်က မေးမြန်းဖော်ပြလိုက်ရပါသည်။

ဦးဌေးဦး(ဒုတိယဥက္ကဋ္ဌ)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
 တွေ့ဆုံပွဲက တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု၊ ချစ်ခင် ရင်းနှီးမှု ကို ရစေတယ်။ မကြာ မကြာလည်း တွေ့သင့်တယ်။ ဒါပေမဲ့ တွေ့ဆုံ ချိန် က နည်းနည်း နည်း နေတယ်။ တစ်ယောက် ကို ဆယ်မိနစ် ဆိုတဲ့ အချိန် ကာလကို ပိုပြီးတော့ တိုးမြှင့် သင့်တယ်။ တိုင်းပြည်အေးချမ်း သာယာပြီး ဖွံ့ဖြိုးတိုးတက်ဖို့ အားလုံး စည်းစည်း ရုံးရုံး နဲ့ ရှေ့ဆက်ဆောင်ရွက် သွားကြ ရမယ်။

ဦးခွန်ကလဲမင်း
(တွဲဖက်အတွင်းရေးမှူး၊ ကယန်းအမျိုးသားပါတီ)
အဲဒီ ဆွေးနွေးပွဲ အပေါ် ကျွန်တော့် အမြင် ပြောရရင်တော့ ကျေနပ်မှု မရှိဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ်စားပြုမှု နည်းတာ ကို။ ဥပမာ လူနည်းစု ပါတီ မရှိဘူး။ ဒုတိယက အချိန် မပေးနိုင်ဘူး။ နောက် တစ်ခါ ဆွေးနွေး ပွဲတွေ ဆိုရင်တော့ ငြိမ်းချမ်းရေးတို့ ဆင်းရဲ မွဲတေမှု ပပျောက်ရေးတွေ အတွက် ဆွေးနွေးဖို့တော့ လိုမယ်ထင် တယ်။ နောက် ပြီးတော့ ပါတီကြီးတွေ ကို မဆိုလိုဘူး။ တိုင်းရင်းသား လူနည်းစု ပါတီတွေကို ကိုယ်စားပြုတဲ့ သူတွေကို ခေါ်ခဲ့မယ် ဆိုရင်တော့ ပိုကောင်းမယ်လို့ မြင်တယ်။ ကျွန်တော်တို့ လူမျိုးစု ထဲ မှာ တော့ အဲဒီ ထိပ်သီး အစည်းအဝေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု မရှိဘူး။

ဦးမျိုးကျော်
(ဗဟိုအလုပ်အမှုဆောင်၊ ရခိုင်အမျိုးသားပါတီ)
ဒီတွေ့ဆုံပွဲ က ဘာမှ အလုပ်ဖြစ် တာမဟုတ်ဘူး။ ပထမတုန်း ကတော့ တွေ့ ဆုံဖို့ လိုလားတယ်။ တကယ်တွေ့ဆုံတဲ့ အခါ ပြောကြ၊ ဆွေးနွေးကြတာ တွေက တိုင်းရင်းသား အရေး တိုင်းပြည် အရေး ဆွေးနွေးဖို့ တွေ့ဆုံတာ မဟုတ်ဘဲ ထမင်းစားဖို့နဲ့ ပုဂ္ဂိုလ်ရေး အရ တွေ့ဆုံ တယ်လို့ပဲမြင်တယ်။
 နောက်တစ်ခါ တွေ့ဆုံပွဲတွေ လုပ်ဖြစ်ရင် ဒီနိုင်ငံမှာက ငြိမ်းချမ်းရေး ရမှ တိုးတက်မယ်။ တိုင်းပြည် ငြိမ်းချမ်း မယ်။ တိုင်းရင်းသား အရေး ရှေ့ရောက် မယ်။ ဖြစ်နိုင်ရင် အန်ကယ့် အနေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါလာတာကို ဝမ်းသာပါတယ်။ ဒါပေ မဲ့ နောက် တစ်ခါ တွေ့ဆုံ ပွဲတွေမှာ တိုင်းရင်း သားအရေး၊ တိုင်းရင်း သားတွေ ရဲ့ ခံစား ချက်တွေ ပြောနိုင် ဆိုနိုင်တဲ့ တိုင်းရင်း သား ခေါင်းဆောင်တွေ ပါဝင်ဖို့တော့ လိုမယ်ထင်တယ်။

ဦးဖော်လားကမ်ဖန်)
(ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ
(ကချင်ပြည်နယ် မနောတိုင်)
ကျွန်တော် တို့ကတော့ ခါတိုင်းမှာ ဒီလိုတစ်ခါမှ မတွေ့ဖူး မကြုံဖူးသေး တော့ ဒီလို ကာချုပ်ကော၊ ဒေါ်အောင် ဆန်း စုကြည်ကော၊ တိုင်းရင်းသား ပါတီ တွေကော အားလုံး ပေါင်းပြီး ဆွေးနွေး တိုင်ပင်တာ ကတော့ အင်မတန် မှကောင်း ပါတယ်။ နောက် တစ်ကြိမ် ဒီလို ထပ်ပြီး ဆွေးနွေးမယ် ဆိုရင်တော့ ငြိမ်းချမ်းရေး ကို အဓိက ထားပြီး ဆွေးနွေး စေချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ငြိမ်း ချမ်း ရေး ဆိုတာ မရှိမဖြစ် ပါပဲ။ ငြိမ်းချမ်းရေး သာ တကယ် ရှိမယ် ဆိုရင် အားလုံးပြည့် စုံသွားမှာပါ။

ဦးဇိုဇံ (ဥက္ကဋ္ဌ)
(ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ)
ထိပ်သီး တွေ့ ဆုံပွဲ လို့သာ ပြောတာ ပါ။ ထိပ်သီး အနေ နဲ့ ပြောပြီး ဆွေးနွေး ရမယ့် အကြောင်း အရာက မရှိတော့ သုံး သပ်ရတာ ခက်တယ်။ ထပ်သီး အစည်းအဝေး ကျင်းပ လို့ အားရ စရာတော့ မရှိပါဘူး။ ဒါပေမဲ့ မတွေ့နိုင် တဲ့ အဖွဲ့အစည်း တွေ မျက်နှာချင်း ဆိုင် တွေ့ရတာ ကတော့ ကောင်းတာပေါ့။ ဒီလိုမျိုးက အခုမှ အစ ပဲရှိသေး တယ်။ နောက်ပိုင်း ကျရင်တော့ မကြာခဏ တွေ့ဆုံဖြစ် မှာ ဆိုတော့ ဒီလို တွေ့ဆုံမှုမျိုး ကိုတော့ ကြိုဆိုပါတယ်။ နောက်တစ်ကြိမ် ထပ်တွေ့မယ့် ထပ်သီး အစည်းအဝေး မှာတော့ ငြိမ်းချမ်းရေးကို အဓိကထားပြီး ဆွေးနွေးစေ ချင်တယ်။ ငြိမ်းချမ်းရေး မရှိရင် ကျွန်တော် တို့နိုင်ငံက ထူထောင်နိုင်မှာ မဟုတ်ဘူး။ ဒီမိုကရေစီ ဆိုတာလည်း အိပ်မက် ထဲမှာပဲရှိတယ်။ ကျွန်တော်တို့ မျှော်လင့် ထားတဲ့ ဖက်ဒရယ် ဆိုတာလည်း မဖြစ်နိုင်ပါဘူး။

ဒေါက်တာအောင်နိုင်ဦး (မြို့နယ်ပါတီအတွင်းရေးမှူး)
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
ပါတီ အနေ နဲ့ကတော့ ထိပ်သီးတွေ့ ဆုံပွဲ အပေါ်ကို သဘောထား တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိပါဘူး။ အဲ့ဒီ ထိပ်သီး တွေ့ဆုံပွဲ အကြောင်း ကိုလည်း ကျွန် တော်တို့ တစ်နေ့က ပါတီ အစည်းအဝေး လုပ်တော့လည်း သီးသန့် မဆွေးနွေး ဖြစ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် တစ်ယောက် တည်းအမြင် နဲ့ ပြောမယ် ဆိုရင်တော့ ဒီ ထိပ်သီး တွေ့ ဆုံပွဲ မှာ ရွေးကောက် ပွဲ ကော်မရှင်ပါ ပါတော့ ၂ဝ၁၅ ခုနှစ် ရွေး ကောက်ပွဲ အတွက် တစ်စုံ တစ်ရာ ကောင်း မွန်တဲ့ အခြေအနေ တစ်ခုတော့ ညှိနှိုင်း ဖြစ်တယ်လို့ ထင် တယ်။ နောက် တစ်ခါ ထိပ်သီး တွေ့ဆုံပွဲ မှာ ကျွန်တော်တို့ နိုင်ငံ ရဲ့ အဓိက အရေးကြီးတဲ့ Issue ဖြစ်တဲ့ အခြေခံ ဥပဒေပြင်ဆင် ဖို့ အရေးကြီး တယ်လို့ ကျွန်တော်မြင် တယ်။ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲတွေ ကလည်း ဒီတွေ့ ဆုံမှုမှာ မှီခိုနေတယ်လို့ မြင်တယ်။ တိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ က လည်း ငြိမ်းချမ်းရေး ကို အရ ယူချင်တယ် လို့ ထင်တယ်။ အခြေခံ ဥပဒေ ပြင် ဆင်ရေး က နောက်တစ်ခါ တွေ့ဆုံပွဲမှာ မဖြစ်မနေ ဆွေးနွေး သင့်တယ်။ ကျွန်တော်တို့ နိုင်ငံ မှာ ဘာပဲပြောပြော၊ အ တိုက် အခံ၊ တပ်မတော်၊ လက်ရှိ အာဏာရ ပါတီ အားလုံး လက်တွဲပြီးတော့ယုံယုံကြည် ကြည်နဲ့ လုပ်သင့်တယ်လို့ထင်တယ်။

ရဲဘော်သံခဲ (ဥက္ကဋ္ဌ)
(ABSDF- မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် အဖွဲ့အစည်း)
ဒီလို သူတို့တွေ ထိပ်သီး အစည်းအဝေးပွဲ မှာ တွေ့တာက မတွေ့တာထက် ပို ကောင်းပါတယ်။ တိုင်းပြည် အကျပ်အ တည်းဖြစ်နေ ရတဲ့ အဖြေ က နိုင်ငံရေး ဆွေးနွေးပွဲ ပဲ၊ မြန်မာနိုင်ငံ ရဲ့ အဖွဲ့အစည်း တွေ ကလည်း ပြောင်းလဲဖို့ လိုပြီလို့  ထင် တယ်။ ဒီနေ့ ဆွေးနွေးပွဲ ဟာ နောင်လာ မယ့် နိုင်ငံရေး အခြေအနေ ၊ နိုင် ငံရေး ဆွေးနွေး ပွဲတွေ မှာပါ အထောက်အကူ ဖြစ်အောင် လုပ်ရမယ် လို့ ထင်တယ်။ အပစ်အခတ် ရပ်စဲရေး တစ်ခုတည်း တောင် မဟုတ်ဘူး။ ဒါကြောင့် အချိန်ယူ နေရတယ်လို့ ပဲမျှော်လင့် ပါ တယ်။ လူထု မျှော်လင့်ချက်တွေ ဟာ ရလဒ်ကောင်း တွေ ရမလားလို့ မျှော်လင့်နေတယ်။ ဒါပေမဲ့ ထင်သလောက် မဟုတ်ခဲ့ဘူး။ သက် သက် ဖိနှိပ်ပြီး ဖြေရှင်း တာ ထက် ဆွေး နွေးဖြေရှင်း တာက ပိုမှန်ပါတယ်။ နိုင်ငံရေး အရ အာမခံချက် ယုံကြည်နိုင်တဲ့ အခင်း အကျင်းရှိမှ သာလျှင် ပိုမို အဆင်ပြေမယ် လို့ထင်တယ်။

ဦးခိုင်မင်း
(အ .က .သ ၈၈ မျိုးဆက်)
ဒီလို တွေ့ဆုံတာ ကတော့ ပထမဆုံး ခြေလှမ်းပေါ့နော်၊ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက်လည်း ကောင်း သွားတာပေါ့။ ပထမဆုံး တွေ့ဆုံတာ ဆိုတော့ ထူးခြား မှုတော့ မရှိသေးပါဘူး။ နောက်ထပ် ခြေလှမ်းတွေ ကြောင့်သာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကို အကျိုး ရှိလာမယ် ဆိုရင် ရလဒ်ကောင်း တွေပါပဲ။ ဒီလိုမျို တွေ့ဆုံမှု ကိုတော့ ကြိုဆိုပါတယ်။ နောက်တစ်ကြိမ် ထပ်တွေ့ လို့ရှိရင် အဓိက ထားပြီး ဆွေးနွေးသင့် တာ ကလည်း အမျိုးသား ပြန်လည်သင့် မြတ်ရေးကိုပဲ ဆွေးနွေး သင့်ပါတယ်။ အမျိုးသား ပြန်လည် စည်းလုံးရေး ကလည်း အားလုံး ရဲ့ အချုပ်လို့ ထင်တယ်။ ကျွန်တော် တစ်ဦးတည်း ရဲ့ အမြင်ပေါ့။ အမျိုး သား ပြန်လည် သင့်မြတ်ရေး သာ ဆွေးနွေး လို့ အောင်မြင် သွားရင် ကျန်တာ အားလုံးက အဆင်ပြေသွားမှာပါ။

Popular Myanmar News Journal 

No comments:

Post a Comment

My Blog List