Friday, November 07, 2014

အချစ်ရေးက ပျော်ရွှင်နေရပါတယ်လို့ ဆိုလိုက်တဲ့ မိုးယုစံ



လက်ရှိ အချစ်ရေးနဲ့ပတ်သတ်ပြီး စိတ်ချမ်းသာပြီး ပျော်ရွှင်နေရပါတယ်လို့ ဖွင့်ဟပြောပြလာတဲ့ မိုးယုစံဟာ အင်နာနေရှယ် နယ် မော်ဒယ်လ်လို့ အများက အသိအမှတ်ပြုခြင်းခံရတဲ့ နာမည် ၃ လုံးပိုင်ရှင် မော်ဒယ်လ် သရုပ်ဆောင်နဲ့ ချစ်ကြိုက်နေ သူပါ။ အချစ်ရေးကို ဘယ်သူနဲ့ဆိုတာ တရားဝင် မဖွင့်ဟခဲ့ပေမဲ့ သူမက “ အချစ်ရေးကတော့အေးဆေးပါပဲ။ ခုချိန်မှာ ပျော်ရွှင်နေပါတယ်”တဲ့။
သူမနဲ့တွေ့ဆုံခိုက် အနုပညာအကြောင်းအရာတစ်ချို့ကို တီးခေါက်ကြည့်မိ လိုက်တော့ “ဗီစီဒီတွေ ရိုက်ဖြစ်နေတယ်။ နောက် Sharp က board ရိုက်ဖို့ရှိတယ်။ ပြီးရင် ညီမတောင်ငူပွဲသွားမယ်။ တောင်ငူက ဘုရားပွဲပေါ့။ sky Net ကနေ တိုက်ရိုက်လွှင့်မှာပါ။ မိဖုရားတို့၊ အိမ်ရှေ့စံတို့ပေါ့။ ဦးရန်အောင် ရယ်၊ အန်တီဆင့်ရယ်၊ ကိုဟိန်းဝေယံရယ်၊ ညီမရယ်ပေါ့။ တိုင်းခန်းလှည့်လည်တဲ့ ပုံစံပေါ့။ ရှေးခေတ်တုန်းကလိုပေါ့။ ပြန်လာရင် ကိုအောင်ရဲလင်းနဲ့၂ ကား ဆက်တိုက်ရိုက်ဖို့ရှိ ပါတယ်။ တစ်ကားက အစည်းအရုံး ရန်ပုံငွေအတွက်ပါ”လို့ သူမက ပြောပြပါတယ်။

ခုလက်ရှိ ခေတ်စားလာတဲ့ မြန်မာဇာတ်လမ်းတွဲတွေအပေါ်ကိုတော့ သူမက “ကိုရီးယားတွေလဲ ဇာတ်လမ်းတွဲတွေနဲ့ပဲ ပေါက်လာတာဆိုတော့ တစ်ပိုင်းကြည့်ပြီးရင် နောက်တစ်ပိုင်းကြည့်ချင်အောင် ဆွဲဆောင်မှုရှိရှိနဲ့ ရိုက်တာမျိုးဆိုရင်တော့ ကောင်းမှာပါ။ မြန်မာ ပရိသတ်တွေလဲ လက်ခံမှာပါ။ ဇာတ်လမ်းတွဲတွေက လာကမ်းလှမ်းမယ်ဆိုရင်တော့ လက်ခံချင်ပါ တယ်။ ဒါပေမဲ့ အချိန် အခက်အခဲတော့ ရှိတယ်။ 

သူတို့က တစ်ကားဆို အချိန်တော်တော်ယူပြီး ရိုက်ရမှာဆိုတော့လေ။ ဒါပေမဲ့လဲ အားလုံးညှိပြီး ရိုက်လို့ရမယ်ဆို ရိုက်ဖြစ် မှာပါ။ မိုးယုက ကိုယ့်ကိုလာပေးတဲ့ ဇာတ်တော်တော် များများဆို ရိုက်ဖြစ်ပါတယ်။ မိုးယုက ဗန့်ဆိုရင်လဲ ကြိုက်တယ်။ ရိုက်ရတာကိုလဲ သဘောကျတယ်။ ဘာကြောင့်ဗန့်လုပ်ရလဲ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိတယ် ဆိုရင်တော့ ရိုက်ဖြစ် မှာပါ။ 

ဇာတ်သိမ်းခန်းက ဘယ်လိုသွားလဲ။ ကားရဲ့ကျောရိုးက ဘယ်လိုမျိုးလဲ။ တစ်ဇာတ်လုံးကို ခြုံကြည့်ပြီး ပရိသတ်ကြိုက်မဲ့ဟာ ဆိုရင်တော့လဲ ရိုက်မှာပါ”တဲ့။

Trend Myanmar

No comments:

Post a Comment

My Blog List