Friday, November 07, 2014

ဆုပေးမှာလား ၊ ဒဏ်ပေးမှာလား မစ္စတာ အိုးဘားမား







ဒီမိုကရေစီအရေးနှင့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအပေါ် အမေရိကန်နိုင်ငံမှ ဆက်လက်ထောက် ခံအားပေးသွားမည်ဟု နိုဝင်ဘာ ၂ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာက ဆော်သြသည်။ အောက်တိုဘာ ၃ဝရက် ညနေပိုင်းက သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ ဘားရက်အိုဘားမားတို့၏ စကားပြောကြေးနန်းဖြင့် ဆက် သွယ်ဆွေးနွေးမှုကိုအခြေခံပြီး ဆော်သြခြင်း ဖြစ်သည်။

မကြာမီ လာရောက်ဖို့ရှိနေသည့် ဒုတိယအကြိမ်မြောက် မြန်မာပြည်ခရီးစဉ် ကိစ္စ၊ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးကိစ္စ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စ၊ ရခိုင်ပြည် နယ်အရေး၊ လာမည့်၂ဝ၁၅ ခုနှစ်တွင် ကျင်းပရန်ရှိနေသည့် အထွေထွေရွေး ကောက်ပွဲဆိုင်ရာကိစ္စ စသဖြင့် ခေါင်းစဉ်အလီလီကို သမ္မတနှစ်ဦးတို့ ဆွေးနွေးဖြစ်ခဲ့သည်ဟု ဆိုပါသည်။

ထိုနေ့တစ်နေ့တည်းတွင် အမေရိကန်သမ္မတသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း တယ်လီဖုန်းဆက်သွယ်ရေးမှတစ်ဆင့် ဆွေးနွေးဖြစ်ခဲ့သည်ဟု သိရပါသည်။ ဒေါ်အောင် ဆန်းစုကြည်နှင့် အလား တူပုံစံအတိုင်း ဆွေးနွေးခဲ့သလိုမျိုး မြန်မာနိုင်ငံကို ပိုမိုပွင့်လင်း လွတ်လပ်ပြီး ကြွယ်ဝ ချမ်းသာသည့်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်အောင် အမေရိကန်က ဆက်လက် ကူညီသွားမည်ဟု ကတိပြုခဲ့ကြောင်း အိမ်ဖြူတော်က ကြေညာထားပါသည်။

အသို့ဆိုစေ အောက်တိုဘာ ၃၁ရက်ကတော့ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတ နှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုကာချုပ်၊ ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌတို့နှင့်အတူ ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေးအင်အားစုမှ ငါးဦး စုစုပေါင်း ၁၄ဦးတို့သည် သမိုင်းဝင်တွေ့ ဆုံပွဲတစ်ရပ်ကို နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် နှစ်နာရီကြာ ပြုလုပ်ခဲ့သည်။ ဆွေးနွေးမှုရလဒ်သည် အားရ စရာမကောင်းဟု အဝေဖန် ခံခဲ့ရသည့်တိုင်အောင် ယင်းသို့ တွေ့ဆုံမှုမျိုးကို မကြာ ခဏ ပြုလုပ်သင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက လက်ခံကြပါသည်။

ထိုတွေ့ဆုံပွဲသည် သမ္မတအိုဘားမားကို အကြောင်းပြုသလော၊ မပြုသလော ဆိုသည်က သက်ဆိုင်သူ ကာယကံရှင်များသာ သိပေလိမ့်မည်။ (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အကြောင်းပြုပြီး နှစ်နှစ်အတွင်းမှာ ထူးထူး ခြားခြား မြန်မာ့မြေကိုခြေချမည့် အမေရိကန်သမ္မတ အိုဘားမား၏ ဒုတိယမ္ပိ မြန်မာ ပြည်ခရီးစဉ်ကတော့ စိတ်ဝင်စားဖို့ ကောင်းလှသည်။ ယခုလ ၉ရက်ကနေ ၁၃ရက် အထိ အိုဘားမားသည် မြန်မာပြည်ကို လာဖို့ရှိသည်။ အိုဘားမားသည် သူ၏မြန်မာ-အမေရိကန် ဆက်ဆံရေးစာမျက်နှာကို ဆယ်စုနှစ်အတော်ကြာမှသာ ပထမဆုံးဖွင့်လှပ်ခဲ့ သည့်သူလည်းဖြစ်သည်။

မည်မျှသော အခွင့်အလမ်း တွေကိုယူဆောင်လာပြီး မည် သို့သော ဖိအားတွေကို ပေးအပ် လေမလဲဆို သည်ကတော့ တွေး ဆကြည့်စရာ၊ မျှော်မှန်းကြည့်ချင်စရာ ဖြစ်နေတော့သည်။ ထို့အတွက် မိမိတို့ရန် ကုန်တိုင်းမ်က သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်သူများကို ချဉ်းကပ်မေးမြန်း ဖြစ်ခဲ့ပါသည်။

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွား ရေးအကြံပေး ဦးချစ်ထွန်းဖေ ကတော့ အမေရိကန်နိုင်ငံ၏ အဓိကတန်ဖိုးသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီသာဖြစ်ပြီး မြန်မာနိုင်ငံ အတွက်ကလည်း ၄င်းနှစ်ချက်စလုံးသည် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေသည်ဟု ရှုမြင်သည်။ သူလိုချင်တာက နိုင်ငံတွေရဲ့ လူအခွင့်အရေးတွေကို ဖြေရှင်းနိုင်ပြီးတော့ ဒီမိုကရက်တစ်နိုင်ငံ တည်ဆောက်ခြင်းပဲ။ ဒါဟာ အမေရိကန်သမ္မတတိုင်းရဲ့ Dream (စိတ်ကူးအိပ်မက်)ပဲ။

သမ္မတအိုဘားမားအနေနှင့် လက်ရှိမြန်မာအစိုးရ၏ ဒီမိုကရေစီရေးပြုပြင် ပြောင်းလဲမှုကို ပိုမိုထိရောက် သည့်ပြောင်းလဲမှုမျိုးဖြစ်ဖို့အတွက် အပြုသဘော ဖြင့် ထောက်ပြလာနိုင်သလို လုပ်ကိုင်ဆောင်ရွက်နိုင် အောင်လည်း ပံ့ပိုးပေး လိမ့်မည် ဟု ဦးချစ်ထွန်းဖေက တွေးဆသည်။ နိုင်ငံရေးအပိုင်းနှင့် နိုင်ငံတော် တည်ဆောက် ရေးအပိုင်းကို အဓိကထောက်ပြလာနိုင်သလို နိုင်ငံတကာစံနှုန်း တွေနှင့် တိုင်းညှိထားသည့် လူ့အခွင့်အရေးအပိုင်းကိုလည်း ချန်ထားလိမ့်မည် မဟုတ်ဟုဆိုသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူ့အခွင့် အရေးဆိုပြီး အပိုင်းသုံးပိုင်းစလုံးကို အပြုသဘော ဖြင့် ကိုင်စွဲပြီး ထောက်ပြလိမ့်မည်ဟု ဦးချစ်ထွန်းဖေက ယူဆပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုကို ပုံမှန်ဆက်သွားနေဖို့ကို အိုဘားမားက လိုလားနေပြီး လာမည့် ၂ဝ၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို စစ်မှန်သည့်၊ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ဖို့ တွန်းအားပေးလိမ့်မည်ဟု မြန်မာ-အမေရိကန်အသင်းဝင်တစ်ဦးဖြစ်သူ ဦးဇေယျသူက ထင်ကြေးပေး သည်။ ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည် ဖော်ဖို့အတွက် လည်း တိုက်တွန်းလိမ့်မည်။ ရခိုင်ပြည်နယ်အရေးကို အထူးစိတ်ဝင်စားမှုရှိပြီး တိုင်း ပြည်ပြုပြင်ပြောင်းလဲရေးလုပ်သူများကို ပံ့ပိုးပေးမည့် အရိပ်အယောင်များ တွေ့ နေရသည်''ဟု¤င်းက ပြောသည်။ ဦးဇေယျသူသည် The Voice နေ့စဉ်သတင်း စာ၏ ဒုအယ်ဒီတာချုပ် လည်းဖြစ်သည်။

ကုန်သည်/စက်မှုအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ၊ နိုင်ငံတကာဆက်ဆံ ရေးတာဝန်ကို ပါယူထားသူ ဒေါက်တာမောင်မောင်လေးကတော့ အာရှတိုက်ကို ဦးတည်နေသည့် သမ္မတအိုဘားမား၏ နိုင်ငံခြားရေး မူဝါဒသည် အထူးသဖြင့် အာဆီယံဒေသဖွံ့ဖြိုးတိုးတက်မှုကို အလေးထားပြီး အိန္ဒိယသမုဒ္ဒရာ၊ ပစိဖိတ် သမုဒ္ဒရာတစ်လျှောက်လုံးမှာ သူတို့၏ သြဇာ၊ အရှိန်အဝါတွေကို ကျဆင်းမသွား လိုသည့်သဘောရှိသည်ဟု ဆိုသည်။ ထိုအချိန်တွင် အာဆီယံဒေသ၏ တစ်စိတ် တစ်ဒေသဖြစ်သည့် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ကအစ ပြုပြင်ပြောင်းလဲရေးကို တစ်ပြိုင်တည်း လုပ်ဆောင်နေသည့်အချိန် နှင့် တိုက်ဆိုင်သွားပြီး မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု အထွတ်အထိပ်သို့ရောက် သွားခြင်းဖြစ်သည်ဟု ¤င်းကယူဆသည်။

''တော်တော်လေးအားထားတာကို တွေ့ရတယ်။ ဒေသတွင်းတည်ငြိမ်မှုနဲ့ သူတို့ရဲ့သြဇာလွမ်းမိုးမှုကို လိုလားတဲ့သဘောရှိတယ်။ ဒါကြောင့်လဲ မြန်မာနိုင်ငံ အပေါ်မှာ တစိုက်မတ်မတ်အာရုံစိုက်နေတာပါ။ နိုင်ငံရေးတည်ငြိမ်မှုရှိမှ ဒေသ တွင်းဖွံ့ဖြိုးမယ်ဆိုတာ သူတို့ နားလည်ထားပြီးသားပါ''။

အိုဘားမား၏ ယခုတစ်ခါ မြန်မာပြည်ခရီးစဉ်ကတော့ အာဆီယံထိပ်သီး အစည်းအဝေးကို အကြောင်းပြု ပါသည်။ အင်အားကြီးနိုင်ငံများမှ အကြီးအကဲများ တက်ရောက်သည့်အစည်းအဝေးကို မစ္စတာအိုဘားမား လာရောက်ခြင်းဖြင့် မြန်မာ နိုင်ငံအတွက် မိတ်ဆွေနိုင်ငံတွေ ပိုများလာဖို့အတွက်ပါ အထောက်အကူပြုသည် ဟု ဒေါက်တာမောင်မောင်လေးက ယူဆသည်။ အာဆီယံနှင့် နိုင်ငံတကာအရေး ကိစ္စတွေကို ဆွေးနွေးမည့် ယခုအစည်းအဝေးကိုတက်ရောက်မည့် နိုင်ငံများ အပေါ်တွင်ပင် သူတို့၏သြဇာအရှိန်အဝါညောင်း လိုသည့် သဘောများ အမေရိကန် သမ္မတတွင်ရှိနေသည်ဟု ၄င်းကဆိုသည်။

''နောက်တစ်ချက်ကတော့ အမေရိကားအနေနဲ့ သူ တစ်ယောက်တည်း Unipola ဖြစ်နေရာကနေ တရုတ် တို့၊ အိန္ဒိယတို့ တက်လာမှာရှိတော့Bipola ဖြစ်လာမှာကို ပြန်လည်ထိန်းညှိလိုတဲ့သဘောမျိုးလဲ ရှိပါလိမ့် မယ်။ မိတ် ဆွေစုဆောင်းတဲ့ သဘောမျိုး'' ဟု အိုဘားမား၏ မြန်မာ ပြည်ခရီးစဉ်အပေါ် ဒေါက်တာ မောင်မောင်လေးက ထင် ကြေးပေးသည်။

''အရင်တစ်ခါလာတာက မြန်မာအာဂျန်တာပါ။ ဒီတစ်ခါလာတာက အာဆီယံ အာဂျန်တာပါ။ အာဆီယံ ထိပ်သီးအစည်းအဝေးအရ ရှိတဲ့အာဂျန်တာအတိုင်း သူ က လုပ်ရမှာပါ။ မြန်မာနိုင်ငံအတွက်ကတော့ အမေရိကန် သမ္မတ လာသွားတယ် ဆိုတဲ့ သဘောပဲ ဂုဏ်ယူလို့ရပါတယ်။ ဒီတစ်ခေါက်က အာဆီယံ အတွက် အကျိုးအမြတ်ကိုပဲ ပြန်ကြည့်ရပါလိမ့်မယ်''။

တကယ်တော့ အမေရိကန်သမ္မတအိုဘားမားအနေ ဖြင့် မြန်မာပြည်ကို လာရောက်ခြင်းသည် မြန်မာပြည် အတွက် သီးသန့်ခရီးစဉ်မျိုးမဟုတ်ဘဲ တိုက်ဆိုင်မှုတချို့ကြောင့်သာ ရောက်ရှိလာရခြင်းဖြစ်သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီကယူဆသည်။

''ပထမအကြိမ်တုန်းက ခရီးသွားရင်းနဲ့ မြန်မာအစိုး ရက ဖိတ်ခေါ်လို့၊ ကြုံလို့ဝင်တဲ့သဘောပဲ။ အခုတစ်ကြိမ် ကတော့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ တိုက်ဆိုင် သွားလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခု ရဲ့ အကြီးအကဲတစ်ယောက် မြန်မာပြည်ကိုလာတာဟာ ကြီးကျယ်တဲ့ကိစ္စတစ်ခုပါ''။

ယခု မြန်မာပြည်ခရီးစဉ်တွင် အိုဘားမားအနေဖြင့် လာမည့်ရွေးကောက်ပွဲ တရားမျှတရေးကိုသာ ဦးစားပေး တိုက်တွန်းလိမ့်မည်ဟု ဦးဂျင်မီကယူဆသည်။ သူ့အနေ နှင့်တော့ တပ်မတော်ပါမှဖြစ်မည့် ဖွဲ့စည်းပုံပြင် ဆင်ရေး တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို မစ္စတာအို ဘာမားကိုယ်တိုင် ဖျောင်းဖျပေးစေချင်သည် ဟု ၄င်းက ဆိုပါသည်။

တိုက်ဆိုင်မှုကြောင့် ရောက်လာသည့် မစ္စတာအို ဘားမားထံမှ မြန်မာပြည်အတွက်တော့ ကြီးကြီးကြီးမား မားမျှော်လင့်မထားကြောင်း ဦးဂျင်မီကပြောပါသည်။

လာမည့်အာဆီယံထိပ်သီးအစည်းအဝေးသည် အာ ဆီယံ ၁ဝနိုင်ငံနှင့် နိုင်ငံတကာအရေးကိစ္စတွေကို ဆွေး နွေးမှာမို့ ပြဿနာပေါင်းက သောင်းခြောက်ထောင်ဟု ဆိုရမလိုဖြစ်နေသည်။ ယခုအချိန်သည် အာဆီယံအဖွဲ့ ကြီးအတွက် အရေးကြီးသည့်အချိန်ကို ရောက်နေပြီဟု အာဆီယံရေးရာကျွမ်းကျင်သူ ဦးကျော်လင်းဦးက ဆိုပါ သည်။
''အာဆီယံစီးပွားရေးအသိုက်အဝန်းကို အကောင် အထည်ဖော်ဖို့၊ တောင်တရုတ်ပင်လယ်အရေးကို ဖြေရှင်း ဖို့၊ မြောက်ကိုရီးယားကိစ္စ စသဖြင့် ဖြေရှင်းရမယ့်အရာ တွေက များပါတယ်''။

အလားတူ မြန်မာပြည်ကို ဒုတိယမ္ပိလာဦးမည့် အမေရိကန်သမ္မတ အိုဘားမားအတွက်လည်း မြန်မာပြည် နှင့် ပတ်သက်လျှင် အကောင်းမြင် လွန်းသည်၊ အယုံအကြည် လွယ်လွန်းသည်ဟု အဝေဖန်ခံနေရကာ ကန်လွှတ်တော် အမတ်များ၏ ဖိအားပေးမှုကိုပါ ကြုံတွေ့နေရသည်ဟု ဦးကျော်လင်းဦး က ဆိုသည်။ မြန်မာပြည် ပြုပြင်ပြောင်း လဲရေး၏ မှန်းဆဖို့ ခက်ခဲနေသည့် အတိမ်အနက်နှင့် လာမည့်ရွေးကောက်ပွဲကို ဘယ်လောက်အထိ မျှမျှတတလုပ် ပေးနိုင်မလဲ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကရော ဘယ်လောက် အထိ အချိန်ပေးရဦးမလဲ စသဖြင့် မေးခွန်းထုတ်စရာများ ကြောင့် ကန်လွှတ်တော် အမတ်များက မြန်မာပြည်ကို သတိ ထားဆက်ဆံဖို့ အိုဘားမားကို ဖိအားပေးနေကြသည်။

''မြန်မာပြည်နဲ့ပတ်သက်ရင် အချက်သုံးချက်ကို ဖိ အားပေးတောင်းဆိုပါ လိမ့်မယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နဲ့ ရွေးကောက်ပွဲ စနစ်ကိစ္စဖြစ်ပါတယ်'' ဟု ဦးကျော်လင်းဦးကတွက်ဆသည်။

မြန်မာနိုင်ငံအတွက် ၂ဝ၁၅ခုနှစ်သည် အရေးကြီးသည့် နှစ်ဖြစ်သည်။ အလားတူ အိုဘားမားအတွက် သူတို့နိုင်ငံ တွင် ရွေးကောက်ပွဲနှင့် နိုင်ငံရေးအရ အရှိန်အဟုန်မြှင့် နေ သည့်ကာလ ဖြစ်လိမ့်မည်။ ယခုတစ်ခေါက် မြန်မာပြည် ကိုလာခြင်းသည် အာဆီယံနိုင်ငံများအပေါ်တွင် သူ၏ဦးဆောင်နိုင်မှုနှင့် မြန်မာနိုင်ငံ၏ အရေးပါမှုတို့ကို ပေါ် ပေါ်ထင်ထင်ဖြစ်အောင် လုပ်ပြချင်သည့် စိတ်ဆန္ဒမျိုး သမ္မတအိုဘားမား တွင်ရှိနေသည်ဟု ဦးချစ်ထွန်းဖေက တွက် ဆသည်။

''နိုင်ငံရေးအရ မြန်မာနိုင်ငံအပေါ်မှာမှီပြီး အများ ကြီး မျှော်မှန်းလို့တော့မရဘူး။ ဒါပေမဲ့ ဒီခရီးစဉ်ဟာ ထူး ခြားတယ်။ မြန်မာနိုင်ငံအပေါ်မှာ တာဝန်ယူပြီး လုပ်ချင်တဲ့ သဘောလည်းရှိတယ်။ သူကိုယ်တိုင်ကလည်း မြန်မာနိုင်ငံ ကို စိတ်ဝင်စားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပုဂ္ဂိုလ်ရေးရင်းနှီးမှုရှိ ထားတယ်''။

မြန်မာနိုင်ငံ၏အသွင်ကူးပြောင်းရေးကို အောင်အောင် မြင်မြင် ကျော်လွှားနိုင်အောင် ဆောင်ကြဉ်းပေးနိုင် မည်ဆိုလျှင် သူနှင့် ဟီလာရီကလင်တန်အပါအဝင် အမေရိ ကန်၏အောင်မြင်မှုလို့ ပြောနိုင်သည်။ သူတို့ ၏လုပ်ဆောင် ချက်အတွက် အမှတ်အရေအတွက်တိုးစေမည်ဖြစ်သည် ဟု ဦးချစ်ထွန်းဖေက ဆိုသည်။

ပြုပြင်ပြောင်းလဲမှုတိုင်းတွင် နောက်ပြန်ဆုတ်ခြင်း၊ အခက်အခဲတွေနှင့် အကြောင်းပြခြင်းများသည် ဖြစ်တတ် သည့်သဘောများပေမို့ ပြုပြင် ပြောင်းလဲမှုတိုင်းသည် ချော ချောမောမောတော့မဟုတ်။ သို့သော် လက်ရှိ ခေါင်းဆောင် လုပ်နေကြသည့် အစိုးရပိုင်းရော၊ တပ်မတော်အပိုင်းရော၊ နိုင်ငံရေးအင်အားစုအပိုင်းရောက ပြောင်းလဲမှုတွေကို နောက်ဆုတ် မသွားအောင်၊ ရှေ့ဆက်ပြီး တည်ငြိမ်ညင် သာသည့် အသွင်ကူးပြောင်း မှုဖြစ် အောင် ဝိုင်းဝန်းလုပ် ဆောင်ကြဖို့လိုသည်ဟု အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီအကြံပေး ဦးချစ်ထွန်းဖေကအကြံပြုသည်။ လက်ရှိ ပြုပြင်ပြောင်းလဲရေးအဆင့်ထက် လျော့မသွားဖို့အရေးကြီးသည်ဟု ၄င်းကဆိုသည်။

မည်သို့ဆိုစေ နှစ်နှစ်အတွင်းမှာ နှစ်ကြိမ်တိုင်အောင် လာရောက်သည့် သမ္မတအိုဘားမား၏ခရီးစဉ်သည် တော် တော်ထူးခြားသည်ဟု ပြောနိုင်ကြောင်း အာဆီယံရေးရာ ကျွမ်းကျင်သူ ဦးကျော်လင်းဦးကဆိုသည်။ ''အာဆီယံ Summit က သူမတက်လဲ ရပါတယ်။ အိုဘားမားအနေ နဲ့ မြန်မာပြည်ကို တော်တော် အရေးစိုက် တယ်ဆိုတာကို ပြတာပဲ။ မြန်မာပြည်ဘက်က အလုပ်နဲ့ သက်သေပြဖို့လိုတယ်''။

ထိုသို့သက်သေမပြနိုင်ပါက မြန်မာပြည်နှင့်ပတ်သက် လျှင် သိပ်ပျော့လွန်း သည်ဟု အဝေဖန်ခံနေရသည့် သမ္မတ အိုဘားမားအတွက် ပဲလှော်ကြား ဆားညပ်သလိုဖြစ်လိမ့် မည်ဟု ဦးကျော်လင်းဦးကဆိုသည်။

သတိပြုသင့်သည်က အမေရိကန်သမ္မတတွေသည် မြန်မာနိုင်ငံကို နှစ်စဉ်နှစ်တိုင်း လာနေမည်တော့ မဟုတ်။ နောက်ပိုင်းတွင် လာရောက်ဖို့ဆိုသည်က မလွယ်ကူပါ။ သို့ အတွက် လာသည့်အချိန်တွင် အခွင့်အလမ်းတွေရအောင် ဆွေးနွေးရမည်၊ တင်ပြရမည်ဟု မြန်မာ-အမေရိကန်အသင်း ဝင် ဦးဇေယျသူကအကြံပြုသည်။

''သေသေချာချာ ပြင်ဆင်ထားဖို့လိုတယ်။ ကိုယ်ဘာ လိုချင်တယ်၊ ကိုယ်ဘာတောင်းဆိုမယ်ဆိုတာကို ရှင်းရှင်း လင်းလင်း မဟာဗျူဟာကျကျ ပြင်ဆင်ထားဖို့လိုပါတယ်။ အထူးသဖြင့် သူများနိုင်ငံတွေမရနိုင်တဲ့ အခွင့်အရေးမျိုး တွေကို တောင်းဆိုသွားသင့်တယ်''။

မြန်မာပြည်အတွက် အမေရိကန်နိုင်ငံ၏ ထောက်ခံ အားပေးမှုများသည် ဆက်ရှိနေဖို့လိုအပ်သည်။ လက်ရှိပြု ပြင်ပြောင်းလဲရေးကာလအတွင်းမှာ အခက်အခဲတွေရှိနေ သေးတာကိုလည်း အမေရိကန်တွေနားလည် အောင် ကြိုး စားရမည်။ အဓိကကတော့ စီးပွားရေးအရ အမေရိကန် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုတွေဝင် လာအောင် အိုဘားမား ထံ တောင်းဆိုသင့်သည်ဟု ဦးဇေယျသူကဆိုသည်။

ယခုလို သမ္မတအိုဘားမား လာရောက်ခြင်းသည် မြန်မာနိုင်ငံအတွက် အနိမ့်ဆုံးအဆင့်တော့ ခရီးသွားလုပ် ငန်းကို အထောက်အကူပြုသည်ဟု မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကဆိုသည်။

''အိုဘားမားတောင်လာတယ်ဆိုမှတော့ တိုင်းပြည် မှာ တည်ငြိမ်မှုရှိတယ်ဆိုတာ ကိုပြတယ်။ အန္တရာယ် မရှိဘူး။ လုံခြုံမှုရှိတယ်ဆိုတာကို ပြရာရောက်ပါတယ်။ ဆိုတော့ တခြားနိုင်ငံခြားသားခရီးသည်တွေကပါ မြန်မာနိုင်ငံကို လာပြီး လေ့လာဆန်းစစ်ချင်တဲ့ဆန္ဒတွေ ပေါ်လာမှာပဲ။ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေလဲ ပေါ်လာ မယ်''ဟု ၄င်းက ထောက်ပြသည်။ အလားတူ မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံချင်သူများက လည်း''အမေရိကန်တွေ အုံနဲ့ ကျင်းနဲ့ မဝင်လာခင် နေရာယူထားမှဖြစ်လိမ့်မယ်။ အမေရိကန်တွေလာရင် သူတို့အတွက် နေရာမရနိုင်''ဟု တွေးဆ နေလောက်ပြီဟု ဒေါက်တာ မောင်မောင်လေးက ပြော သည်။

သို့နှင့် အမေရိကန်သမ္မတ လာတုန်းလာခိုက်တွင် ဒီထက်မက နှုတ်အားဖြင့်ရော၊ လက်အားဖြင့်ပါ ကူညီ စောင့်ရှောက်ဖို့ကိုတော့ တင်ပြသင့်သည်ဟု ¤င်းက အကြံ ပြုသည်။ သို့မှသာ တခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံ မှုများလည်း ဝင်လာမည်ဖြစ်သည်။ ယင်းသို့ တောင်းဆိုစရာရှိ တာကို တောင်းဆိုသလို ''ကိုယ့်ဘက်ကလဲ သူတို့ပြောတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဂရုတစိုက် ဖြေရှင်း ပြရမယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို မြန်မြန်အကောင် အထည်ဖော်နိုင် အောင် လုပ်ရမယ်။ ဒီမိုကရေစီလမ်းကြောင်း အပေါ်ကို ပိုပိုပြီးတက်ပြ ဖို့လို လိမ့်မယ်''ဟု ဒေါက်တာ မောင်မောင်လေးက မြန်မာအစိုးရကို တိုက်တွန်းသည်။

အလားတူ ကိုယ့်နိုင်ငံ၏ လုံခြုံရေးအတွက်လည်း အစစအရာရာ အကူအညီတောင်းသင့်သည်ဟု ၄င်းက ဆိုသည်။ှုအဖွဲ့လိုမျိုး အကြမ်းဖက်မှု တွေကို မြန်မာပြည်မှာ မပြန့်ပွားအောင် အမေရိကန်နှင့် လက်တွဲ ဆောင်ရွက် နိုင်ဖို့ အရေးကြီးသည်။ အမေရိကန်နိုင်ငံ၏ အကူအညီ တွေရဖို့၊ အကြံညာဏ်ကောင်းတွေရဖို့၊ အထောက်အပံ့တွေ ရဖို့ဆိုရင် နိုင်ငံတိုင်းက ကြိုးစားနေကြသည်မို့ မြန်မာနိုင်ငံ အနေဖြင့်လည်း ကြိုးစားရ မည်ဖြစ်သည်ဟု ¤င်းက အကြံ ပြုသည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ် သူ ဦးဂျင်မီကတော့ အိုဘားမားနှင့်တွေ့ဆုံရဦးမည့် မြန်မာ အစိုးရအနေနှင့် ကိုယ်လုပ်နိုင် သည့်ကတိကိုသာပေးပြီး ရမှတ်ကောင်းကောင်းရနိုင်မည့် အခြေအနေများ ကိုသာ တင်ပြသင့်သည်ဟု အကြံပြုသည်။ သေချာသည်ကတော့ အိုဘားမား၏ခရီးစဉ်အတွင်း အစိုးရနှင့် အတိုက်အခံ နိုင်ငံ ရေးအင်အားစု များအကြား မတူညီသည့်အသံများ ထွက် ပေါ်လာနိုင်သည်ဟု သူက ယုံကြည်သည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းအတော်ကြာအောင် အထီး ကျန်ဝါဒကိုကိုင်စွဲပြီး ကိုယ့်ကိုယ်ကိုယ်ပိတ်ဆို့နေခဲ့ ရသည့် အလေ့အကျင့်ကို အာဆီယံဥက္ကဋ္ဌရာထူး ယူလိုက်ခြင်းဖြင့် ဖျောက်ဖျက်ပစ်လိုက်သည်။ အာဆီယံ ဥက္ကဋ္ဌလုပ်လိုက်ခြင်း ကြောင့် အနိမ့်ဆုံးအဆင့်တော့ နိုင်ငံတကာ၏ အတွေ့ အကြုံနှင့် ပူးပေါင်းဆောင် ရွက်တတ်သည့် အလေ့အထ များကို ရရှိလိုက်သည်။ နိုင်ငံတကာဆက်ဆံရေးတွင်လည်း တော်တော်အား ကောင်းလာသည်ဟု ဦးချစ်ထွန်းဖေက သြဘာပေးသည်။

အာဆီယံအစည်းအဝေးကို လုပ်ခွင့်ရခြင်းအားဖြင့် ''ကိုယ်တွေ ဘာတွေလုပ်သင့်တယ်၊ ဘာတွေ ပြင်ဆင် သင့် တယ်ဆိုတာကို သူတို့နဲ့တန်းတူ ပြင်ဆင်နိုင်တဲ့ အဆင့်တော့ ရောက်ရှိနိုင်တယ်။ အထူးသဖြင့် နိုင်ငံရေးပိုင်း၊ ဒီမိုကရေစီ အရေးပိုင်းတွေမှာ အကျိုးရှိချင်မှရှိနိုင်မယ်၊ စီးပွားရေးအပိုင်းနဲ့ နိုင်ငံရေးအပိုင်း တွေမှာတော့ အများကြီးအကျိုး ရှိပါတယ်''ဟု ၄င်းကသုံးသပ် သည်။

မည်သို့ဆိုစေ အရေးကြီးဆုံးကတော့ အိုဘားမားအပါ အဝင် နိုင်ငံခြား ခေါင်းဆောင်များသည် အကြံ သာပေးနိုင်သည်။ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးနိုင်သည်။ လက်တွေ့ က ပြည်တွင်းမှာ ခေါင်းဆောင်တွေ အချင်းချင်းညီညွတ်မှု နှင့် နိုင်ငံ့အပေါ်ထားသည့်စေတနာသည်သာ ပိုအရေးကြီးသည်ဟု ဦးချစ်ထွန်းဖေ ကဆိုသည်။

''တစ်နေ့က ထိပ်သီးတွေ့ဆုံပွဲလိုမျိုး ခေါင်းဆောင် တွေ ထပ်တွေ့ဖို့ မျှော်လင့်တယ်။ ၂ဝ၁၅အလွန်အကူးအ ပြောင်းမှာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုပါတယ်''။

Yangon Media Group

No comments:

Post a Comment

My Blog List