Friday, November 07, 2014

ဆိုင်ကလုန်းအဖြစ် ရောက်ရှိနိုင်သည့် မုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ရွေ့လျားခြင်း မရှိ


နိုဝင်ဘာလ ၇ ရက်နေ့ မနက် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ သိသိသာသာ မရွေ့တဲ့အတွက် မြန်မာနိုင်ငံ ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၄၈၀ လောက် အကွာ၊ အိန္ဒိယနိုင်ငံ ပို့ဘလဲ(လ်)ယားမြို့ရဲ့ အနောက်မြောက် မိုင် ၃၇၀ လောက် နဲ့ ဗီဇာကာပတ္တ နမ်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၃၁၀ လောက် အကွယ် ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက သတင်း ထုတ်ပြန်ပါတယ်။

cyclone-ivanအဲဒီ မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး နောက် ၁၂ နာရီ အတွင်း ဆိုင်ကလုန်း မုန်တိုင်း အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အနောက်မြောက်ဘက်ကို ဆက်လက် ရွှေ့လျား မယ်လို့လည်း ခန့်မှန်းပါတယ်။ မုန်တိုင်းငယ်ဟာ မြန်မာကမ်းရိုးတန်းကို ဦးတည် ရွေ့လျားတာ မဟုတ်တဲ့အတွက် အ၀ါရောင်အဆင့် သတ်မှတ်ထားပါတယ်။

ဒီမုန်တိုင်းငယ်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နေရာဒေသအလိုက် မိုးကြီး နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက်လေပြင်း တွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/လေပြင်လေဟာ တနာရီလျှင်မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။

DVB

No comments:

Post a Comment

My Blog List