Friday, November 07, 2014

အိုဘားမား နှင့် ရီပတ်ဘလစ် ကန်ခေါင်းဆောင်တို့ ပူးပေါင်းဆောင် ရွက်မည်ဟု လွှတ်တော်တွင် ကတိပြုခဲ့ကြ


ဝါရှင်တန်၊ နိုဝင်ဘာ ၆။ အမေရိကန် မဲဆန္ဒရှင် များအား အားမလို အားမရ ဖြစ်စေသည့် နိုင်ငံရေး အကျပ် အတည်းများ အဆုံး သတ်သွား အောင်ကြိုးပမ်းမည်   ဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော်၏ ရီပတ်ဘလစ်ကန် ခေါင်းဆောင်သစ် နှင့် အမေရိကန် သမ္မတ အိုဘားမားတို့ နှစ်ဦးလုံးက ကတိပြုခဲ့ကြ သည် ဟု နိုဝင်ဘာ ၆ ရက်က အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန် ကြားကာလ ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်များသည် သမိုင်းဝင်အောင်ပွဲ ရရှိခဲ့ရာ ယခုအခါတွင် ၎င်းတို့အနေဖြင့် လွှတ်တော် နှစ်ရပ်လုံးကို ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။

အထက် လွှတ်တော်၏ လုပ်ငန်းများ ထိရောက်မှုမရှိဖြစ် နေခြင်းကို ဖြေရှင်း သွားမည်ဖြစ်ကာ ဥပဒေကြမ်း များ တင်သွင်းသွား မည်ဖြစ်ကြောင်း အထက်လွှတ်   တော် ခေါင်းဆောင်အဖြစ် တာဝန်ယူတော့မည့် မစ်ခ်ျမက် ကွန်နယ်လ်က ဆိုခဲ့သည်။ အိုဘားမားကလည်း ၎င်းအနေဖြင့် ကွန်ဂရက်လွှတ်တော်သစ် နှင့် အလုပ်လုပ်ရန် စိတ်အားထက်သန်လျက်ရှိကာ လာမည့် ၂နှစ်တာကာလတွင် ထိရောက်မှု အရှိဆုံးဖြစ် အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

ကွန်ဂရက်လွှတ်တော်တွင် နိုင်ငံရေး သမားများ ညီညီညွတ်ညွတ် လုပ်နိုင်စွမ်း မရှိခြင်း အပေါ် မဲဆန္ဒရှင် များက စိတ်ပျက်ကြောင်း ရွေးကောက်ပွဲ မဲဆွယ်စည်း ရုံးရေးကာလတွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော် ပြသခဲ့ကြသည်။ အပြောင်း အလဲကို မျှော်မှန်း၍ မဲပေးခဲ့ကြသော အမေရိကန်များ၏ အသံကို ကြားကြောင်း သမ္မတ အိုဘားမားက ဆိုခဲ့သည်။

ပြည်သူများ၏ စိုးရိမ်သောကများကို ပါတီ နှစ်ခုလုံးက ကိုင်တွယ်ဖြေရှင်းပေး ရမည် ဖြစ်ကြောင်း အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အိုဘားမား က ပြောကြားခဲ့သော်လည်း၊ လုပ်ငန်းများ ထိရောက်အောင် ကြိုးပမ်းရန် သမ္မတတစ်ဦးဖြစ်သည့် ၎င်းထံတွင် တာဝန်အထူးရှိနေကြောင်းလည်း ဝန်ခံပြောကြား ခဲ့သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List