Tuesday, November 04, 2014

အာကာသယာဉ် ပျက်ကျမှုတွင် ကုမ္ပဏီ၏ ချို့ယွင်းချက် မဟုတ်ဟု Virgin Galactic ထုတ်ပြန်



အမေရိကန်တွင် အောက်တိုဘာ ၃၁ ရက်က SpaceShipTwo အာကာသယာဉ် စမ်းသပ်ပျံသန်းစဉ် ပျက်ကျခဲ့မှုတွင် မိမိတို့၏ ချို့ယွင်းချက်မဟုတ်ကြောင်း Virgin Galactic ကုမ္ပဏီက ထုတ်ပြန်လိုက်သည်ဟု နိုဝင်ဘာ ၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကုမ္ပဏီအနေဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်များကပင် လုပ်ငန်းဆောင်ရွက်မှုအဆင့်တိုင်း၌ မိမိတို့၏ စည်းမျည်းမူဝါဒများ ကို လိုက်နာဆောင် ရွက်ပြီး လက်ရှိဖြစ်ပေါ်နေသော ဝေဖန်သုံးသပ်မှုများသည် မှန်ကန်မှုမရှိကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကယ်လီဖိုးနီးယား ပြည်နယ် မိုဂျာဗီ သဲကန္တာရ အတွင်း အဆိုပါ အာကာသယာဉ် စမ်းသပ်ပျံသန်းစဉ် လေထုအတွင်း ပျက်ကျသွားခဲ့မှုကြောင့် အာကာယဉ်မှူး နှစ်ဦးအနက် တစ်ဦး သေဆုံးသွားခဲ့သည်။ အဆိုပါ အာကာသယာဉ်သည် ကမ္ဘာပတ်လမ်းကြောင်း အနီးဝန်းကျင်သို့ ခရီးသည်များကို လှည့်လည်ပို့ ဆောင်ပေးရန် စီစဉ်လုပ် ဆောင်ထားခြင်းဖြစ် သည်။

အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေး ဆိုင်ရာ ဘေးကင်း လုံခြုံရေးအဖွဲ့ အကြီးအကဲ ခရစ်စတိုဖာဟတ်က အာကာသယာဉ် ပျက်ကျရသည့်အကြောင်းကို မဆုံးဖြတ်နိုင်သေးသော် လည်း စုံစမ်းစစ်ဆေးသူများ၏ ကနဦးတွေ့ရှိ ချက်အရ အဆိုပါယာဉ် ဆင်းသက်ရာတွင်ထိန်းချုပ်သည့် အစိတ်အပိုင်းသည် ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့ကြောင်း ဖော်ပြထားသည်။

အာကာသယာဉ်၏ ဆီလှောင်ကန်နှင့် အင်ဂျင်များတွင် ချို့ယွင်းချက် တစ်စုံတစ်ရာ မတွေ့ခဲ့ရကြောင်း ဟတ်က ပြောကြားသည်။ စုံစမ်းစစ်ဆေးမှုများ ပြီးမြောက်စေရန် လများစွာ ကြာမြင့်နိုင်ကြောင်း ရှာဖွေ စစ်ဆေးရေး အဖွဲ့က ပြောကြားထားသည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List