Tuesday, November 04, 2014

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦး မိဘတွေ ရန်ကုန်သို့ ဒီနေ့ည ပြန်ရောက်မယ်



ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ မြန်မာနှစ်ဦးရဲ့ မိဘအုပ်ထိန်းသူတွေ ထိုင်းနိုင်ငံကနေ ရန်ကုန်မြို့တော်သို့ ဒီကနေ့ ညနေမှာ ပြန်လည်ရောက်ရှိလာမယ်လို့ မြန်မာနှစ်ဦးအရေး လိုက်ပါဆောင် ရွက်နေသူ ဦးထူးချစ် က ပြောပါတယ်။
Nod Air လေကြောင်းလိုင်းနဲ့ ဒီကနေ ည ၈နာရီ ခန့်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာမှာ ဖြစ်ပြီးတော့ အဲဒီ မိဘအုပ်ထိန်းသူတွေကို မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ အထူးစုံစမ်းစစ်ဆေးရေး ကော်မီတီရဲ့ အဖွဲ့ဝင် ဦးကျော်သောင်း လိုက်ပို့မယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေနဲ့ တွေ့ဆုံသွားမယ်လို့လည်း ဦးထူးချစ်က ပြော ပါတယ်။

ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင် (NHRC)၊ ထိုင်းရှေ့နေများကောင်စီ၊ မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့၊ ဖမ်းဆီးခံ မြန်မာနှစ်ဦးရဲ့ မိဘအုပ်ထိန်းသူတွေနဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ တွေ့ဆုံရှင်းလင်းဖို့ ထိုင်းရဲတပ်ဖွဲ့ကို NHRC က ဖိတ်ကြား ထားပေမယ့် ထိုင်းရဲတပ်ဖွဲ့ လာရောက်ခြင်း မရှိခဲ့ပါဘူး။

ထိုင်းရဲတပ်ဖွဲ့က မလာတဲ့အတွက် ထိုင်းရှေ့နေများကောင်စီ၊ မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနှစ်ဦးရဲ့ မိဘအုပ်ထိန်း သူတွေဟာ ထိုင်းအထူး စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (Department of Special Investigation) ဆီသို့ သွားရောက်ပြီးတော့ လိပ်ကျွန်းလူသတ်မှု တရားမျှတမှုရှိရှိ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဝင်းဇော်ထွန်းရဲ့ မိဘနှစ်ဦး၊ ဇော်လင်းရဲ့ မိခင်နဲ့ ဦးလေးဖြစ်သူတို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် သို့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List