Wednesday, November 05, 2014

ပါရှန်ပင်လယ်ကွေ့တွင် အမေရိကန်ဦးဆောင်၍ စစ်ရေးလေ့ကျင့်


ပါရှန်ပင်လယ်ကွေ့အတွင်း နိုင်ငံပေါင်း ၄၄ နိုင်ငံမှ တပ်ဖွဲ့ဝင်များ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ် ကျင်းပ လျက်ရှိကြောင်း သိရသည်။ အဆိုပါတပ်ဖွဲ့ဝင်များသည် ကမ်းလွန်ရေနံတွင်းများအား IS အစွန်းရောက်များ တိုက်ခိုက်လာပါက ကိုင်တွယ်ဖြေရှင်းရမည့်နည်းလမ်းများကို အဓိကထား၍ လေ့ကျင့်နေကြခြင်းဖြစ်သည်။ 

ယခုစစ်ရေးလေ့ကျင့်မှုသည် တပ်ဖွဲ့ဝင်အင်အား စံချိန်တင်ပါဝင်သည့် ရေကြောင်းစစ်ရေးလေ့ကျင့်မှုတစ်ရပ် ဖြစ်ကြောင်း အမေရိကန်စစ်တပ်က ဆိုသည်။ 

အဆိုပါစစ်ရေးလေ့ကျင့်မှုကို အမေရိကန်အမှတ် (၅) ရေတပ်က ဦးဆောင်နေခြင်း ဖြစ်သည်။ အမှတ် (၅) ရေတပ်အုပ်စုသည် အရှေ့အလယ်ပိုင်းဒေသတွင် လုံခြုံရေးတာဝန်ယူထားခြင်းဖြစ်သည်။ 

ပင်လယ်ကွေ့ရှိ ကမ်းလွန်ရေနံတွင်းများသည် ကျယ်ပြန့်သော ဧရိယာအတွင်း ပြန့်နှံ့တည်ရှိနေသည်ဖြစ်ရာ မသမာသူများ အလွယ်တကူ ချဉ်းကပ်တိုက်ခိုက်နိုင်ကြောင်း အမေရိကန် ရေတပ်အရာရှိတစ်ဦးက ဆိုသည်။

အမေရိကန်စစ်တပ်သည် ပင်လယ်အတွင်း သံသယရှိသူများကို ရှာဖွေရန် အတွက် ပင်လယ်ဖျံများကို အသုံးပြုသော စစ်ရေးလေ့ကျင့်မှုတစ်ရပ်လည်း ပြုလုပ်လျက်ရှိသည်ဟု သိရသည်။ အမေရိကန်ရေတပ် အနေဖြင့် ပင်လယ်ဖျံ ၁၀၀ ခန့်ကို လေ့ကျင့်သင်တန်းပေးရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

လက်ရှိ နိုင်ငံပေါင်းစုံပါဝင်သော စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၁၃ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

Ref:NHK
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List