Wednesday, November 05, 2014

အာဖဂန်တွင် စီးပွားရေးကြော်ငြာများတွင် အမျိုးသမီးများ အသုံးပြုခြင်း ပိတ်ပင်



စီးပွားရေး ကြော်ငြာအချို့သည် လူငယ်များကြား အကျင့်စာရိတ္တပျက်ပြားမှုကို ပျံ့နှံ့စေသည်ဟုဆိုကာ ကြော်ငြာလှုံ့ဆော်မှု များတွင် အမျိုးသမီး မော်ဒယ်များ အသုံးပြုမှုကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ကန့်ကွက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။၂၀၀၁ ခုနှစ် တာလီဘန်အစိုးရ ပြုတ်ကျပြီး နိုင်ငံတကာကုန်သွယ်ရေးနှင့် ခေတ်သစ်ဈေးကွက်ကို ဖွင့်လှစ်စဉ်ကတည်းက မိုဘိုင်းဖုန်းမှအစ အာမခံလုပ်ငန်းအထိ ကုန်ပစ္စည်းမျိုးစုံရောင်းချသည့် ဘီလ်ဘုတ်နှင့်ရုပ်သံကြော်ငြာများ အပြိုင်းအရိုင်း ပေါ်ထွက်လာခဲ့သည်။
ကြော်ငြာအများအပြားသည် စားသုံးသူများကို ဆွဲဆောင်ရန် အမျိုးသမီးငယ်များကို အသုံးပြုလေ့ရှိသည်။ သို့သော်လည်း စီးပွားရေး အကျိုးအမြတ်အတွက် အမျိုးသမီးမော်ဒယ်များအပေါ်အသုံးချုအမြတ်မထုတ်သင့်ကြောင်း အာဖဂန်အစိုးရ ကပြောကြားခဲ့သည်။ 


မွမ်းမံခြယ်သမှုနှင့် ဖက်ရှင်အတွက်ဖြစ်စေ၊ ငွေရရှိန်နှင့် ပုံရိပ်တစ်ခုရရှိရန် အတွက်ဖြစ်စေ အမျိုးသမီးများကို အသုံးပြု သည့် ကြော်ငြာအားလုံးသည် အာဖဂန် အမျိုးသမီးများ၏ အဆင့်အတန်းကို နိမ့်ကျစေသည်ဟု ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဋ္ဌာနက ထုတ်ပြန်ခဲ့သည်။ 


ယဉ်ကျေးမှု ပျက်ပြားစေသော၊ စာရိတ္တယိုယွင်းစေသော ကြောငြာများ ထုတ်လွှင့်ခြင်း မပြုရန် မီဒီယာအားလုံးသို့ ညွှန်ကြားထားသည်ဟုလည်း ၀န်ကြီးဋ္ဌာနကပြောကြားခဲ့သည်။

စက်တင်ဘာလက အာဏာရခဲ့သော သမ္မတ အက်ရှ်ရက်ဂါနီက အမျိုးသမီးများ၏ အဆင့်အတန်းကို မြင့်တင်မည်ဟု ကတိပြုထားသည်။အာဖဂန်ကိုတာလီဘန်တို့ အုပ်စိုးစဉ် ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အတွင်း ရုပ်သံကိုပိတ်ပင်ခဲ့ပြီး အမျိုးသမီးများကိုလည်း မျက်နှာတစ်ခုလုံးကို လွှမ်းခြုံသည့် ခြုံထည်မပါဘဲ အပြင်ထွက်ခွင့် မပေးခဲ့ပေ။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List