Thursday, November 06, 2014

ဘာကီနာဖာဆိုစစ်တပ်နှင့် အာဖရိကခေါင်းဆောင်များ အရပ်သားအစိုးရဖွဲ့ရေး ဆွေးနွေး



အနောက်အာဖရိကနိုင်ငံ ခေါင်းဆောင်တွေနဲ့ ဘာကီနာဖာဆို စစ်တပ်ခေါင်းဆောင်တွေ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ဆုံပြီး အသွင် ကူးပြောင်းရေးအတွက် အရပ်သားအစိုးရဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ဂျီးရီးယား၊ ဂါနာနဲ့ ဆီနီဂေါသမ္မတတို့က ဒုဗိုလ်မှူးကြီး ဇီဒါနဲ့ တဦးချင်းဆီ တွေ့ဆုံခဲ့ကြပြီး အရပ်သားအစိုးရဖွဲ့စည်ရေး စစ်တပ်ကို စည်းရုံးကြ ပါတယ်။
လူထုအုံကြွမှုတွေနဲ့ သမ္မတ ကွန်ပိုရေ ရာထူးက နုတ်ထွက်သွားခဲ့ပြီးနောက် နိုဝင်ဘာ ၅ ရက်နေ့မှာ စစ်တပ်က အာဏာ ရယူခဲ့တာပါ။

ဒုဗိုလ်မှူကြီး ဇီဒါက တိုင်းပြည်အာဏာကို ရေရှည်ရယူထားမှာမဟုတ်ဘဲ အရပ်သား အစိုးရကို လွှဲပြောင်းပေးမယ်လို့ နိုဝင်ဘာ ၃ ရက်နေ့က ပြောဆိုပါတယ်။

ဒါပေမယ့် အချိန်ဘယ်လောက်ကြာမှ လွှဲပြောင်းပေးအပ်မယ်ဆိုတာတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

DVB

No comments:

Post a Comment

My Blog List