Friday, November 07, 2014

အခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးကို လျစ်လျူပါက လွှတ်တော်သည့် လွှတ်တော်ဆောင်ပုဒ်နှင့် မကိုက်ညီ ဟုဆို


၄၃၆ပြင်ဆင်ရေးအတွက် ပြည်သူ၅သန်းက လက်မှတ်ရေးထိုးထားခြင်းကို လျစ်လျူပါက လွှတ်တော်သည့် လွှတ်တော်ဆောင်ပုဒ်နှင့်မကိုက်ညီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူလွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ၅ရက်က ပြောသည်။

လွှတ်တော်တွင် ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြန်လည် သုံးသပ်ရေးကော်မတီတွေ့ရှိချက် များအား လွှတ်တော်သို့တင်ပြထားပြီး ယင်းသို့ပြင်ဆင်ရာတွင် တစ်နိုင်ငံလုံးရှိပြည်သူများ သဘောတူ လက်မှတ်ရေးထိုးထားသည့် ၄၃၆ပြင်ဆင်ရေး လက်မှတ်များအား ပြင်ဆင်ရေး လက်မှတ်များအား လျစ်လျူရှု မည်ဆိုပါက လွှတ်တော်သည့် ပြည်သူ့ဆန္ဒကို လျစ်လျူ ရှုခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က``လွှတ်တော်ရဲ့ဆောင်ပုဒ်က ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုတာဖြစ်တယ်။ ၄၃၆ပြင်ဆင်ရေးအတွက် ပြည်သူ ၅သန်းနီးပါးက ဆန္ဒပြုလက်မှတ်ရေးထိုးထားတဲ့အပေါ် လျစ်လျူရှုခဲ့ မယ်ဆိုရင် လွှတ်တော်ဟာ လွှတ်တော်ဆောင်ပုဒ်နဲ့ မကိုက်ညီပါဘူးလို ပြော ရမှာဖြစ်တယ်´´ ဟု ပြော သည်။

လက်ရှိအချိန်တွင် အခြေခံဥပဒေပြင်ဆင်ရေးအတွက် အခြေခံဥပဒေပြင်ဆင်ရေး ပြန်လည်သုံးသပ်ရေး ကော်မတီမှ တွေ့ရှိချက်များအား လွှတ်တော်သို့ တင်ပြထားပြီး လာမည်လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ် သော်လည်း တပ်မတော်သားကိုယ်စားလှယ်များက ၄၃၆မပြင်ဆင်ရေးအတွက် အဆိုတင်သွင်း ကြောင်း သိရသည်။

အခြေခံ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက် ၍ အခြေခံဥပဒေပြင်ဆင်ရေး အဓိက ပုဒ်မဖြစ်သော ပုဒ်မ ၄၃၆ကို ပြင်ဆင်နိုင်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ ပြည်သူလူထုအား အသိပညာပေး ဟောပြောပွဲနှင့် လက်မှတ်ရေးထိုးပွဲကို နိုင်ငံတစ်ဝန်းပြု လုပ်ဆောင်ရွက်နိုင်ခဲ့ပြီး သတ်မှတ်ကာလအတွင်း မဲပေးနိုင်သူ ပြည်သူ ပေါင်း ၅သန်းနီးပါးခန့်မှ တစ်ခဲနက် ထောက်ခံ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

သတင်း - စိုင်းဟန်
ဓါတ်ပုံ - AFP
The Ladies News Journal

No comments:

Post a Comment

My Blog List