Friday, November 07, 2014

မုဒိမ်းကျင့်သတင်းများ အသားပေးဖော်ပြဟု ၀န်ကြီးပြောကြားချက် အိန္ဒိယတွင် ဆန္ဒပြ


အိန္ဒိယတောင်ပိုင်း ကာနာတာကာပြည်နယ်က ပြည်ထဲရေးဝန်ကြီး ကေဂျေ ဂျော့ခ်ျက ရုပ်သံလွှင့်ဌာနတွေ ဟာ လူကြည့်များအောင် သတင်းကောင်းတွေ ပြရမယ့်အစား ကလေးတွေ မုဒိမ်းကျင့်ခံရတဲ့ သတင်းတွေကို တိုးပြီး အစီရင်ခံနေကြောင်း သတင်းထောက်တွေကို ပြောခဲ့လို့ နိုဝင်ဘာလ ၆ ရက်နေ့က စပြီး အိန္ဒိယမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

မိန်းကလေးတွေပါတဲ့ မုဒိမ်းမှု ၄ မှုက အများပြည်သူ ရှုတ်ချစရာ ဖြစ်ခဲ့ပြီး ကျောင်းတွေမှာ လိင်ပိုင်းအလွဲ သုံးစားလုပ်မှုတွေ တဟုန်ထိုး တိုးလာချိန်မှာ သူက ခုလို မှတ်ချက် ပေးခဲ့တာပါ။

အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ပရာမီလာ နေစာဂီကတော့ ဝန်ကြီးက သူဘာပြောတယ်ဆိုတာ သိပုံမရဘူးလို့ ပြောရင်း ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုပါတယ်။

လောလောလတ်လတ်မှာပဲ ကျောင်းပရဝုဏ်ထဲမှာ ဆရာတယောက်က ၆ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်မှုဖြစ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ စွပ်စွဲခံရသူက ဟင်ဒီဘာသာသင်သူ အသက် ၃၇ နှစ် အရွယ် ကျောင်းဆရာ ဖြစ်ကြောင်း အိန္ဒိယမီဒီယာတွေက အစီရင်ခံပါတယ်။

ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့မုဒိမ်းမှုတွေကြောင့် ဘန်ဂလောမြို့တွင်း ကျောင်းတွေမှာ ကလေးတွေ ရဲ့ ဘေးကင်းမှုအပေါ် မိဘတွေ သောက ရောက်စေ ခဲ့ပါတယ်။

အိန္ဒိယအမျိုးသား ရာဇဝတ်မှုမှတ်တမ်းဗျူရိုအရ နိုင်ငံတွင်းမုဒိမ်းမှုဟာ ၂၀၁၃ ခုနှစ်ကထက် ၃၅.၂ ရာခိုင်နှုန်း တိုးသွားပါတယ်။ ဒေလီမြို့ကတော့ ၂၀၁၃ မှာ ၁၄၄၁ မှုနဲ့ နိုင်ငံတွင်း မုဒိမ်းမှု အမြင့်ဆုံးဖြစ်နေပါတယ်။

DVB

No comments:

Post a Comment

My Blog List