Friday, November 07, 2014

တရုတ်ခရီးစဉ်တွင် နှစ်နိုင်ငံကောင်းကျိုး ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


အတိုက်အခံပါတီခေါင်း ဆောင်တစ်ဦးအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပထမဆုံး အကြိမ်သွား ရောက်မည့်ခရီးစဉ်တွင် နိုင်ငံနှစ်နိုင်ငံ ကောင်းရာ ကောင်းကျိုးများကိုသာ ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဥက္ကဋ္ဌအနေဖြင့် ဒီဇင် ဘာလတွင် တရုတ်ပြည်သူ့သမ္မ တနိုင်ငံသို့ သွားရောက်မည်ဖြစ် သော်လည်း အစီအစဉ်အသေး စိတ်ကို ပါတီက ထုတ်ဖော်ပြော ကြားခြင်းမရှိခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်က လည်း စီစဉ်နေဆဲဖြစ်၍ လတ်တ လောမပြောနိုင်သေးကြောင်းသာ ဖြေကြား ခဲ့သည်။

သို့သော် နိုဝင်ဘာ ၁၂ရက်မှ ၁၄ရက်အထိ ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက် မည့် တရုတ်ဝန်ကြီးချုပ် လီကီကျန်း သည် ၎င်း၏ ခရီးစဉ်အတွင်းဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ ဆုံမည်မဟုတ်ကြောင်း ရိုက်တာသတင်းဌာနက နိုဝင်ဘာ ၆ရက် ရက်စွဲဖြင့် သတင်းရေးသားထားသည်။

၂၀၁၂ခုနှစ်တွင် ဒေါ်အောင် ဆန်းစုကြည် နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်ပြီးနောက် ပြည်ပခရီးစဉ်များ ပြည်လည်သွားရောက်ချိန်တွင် တရုတ်နိုင်ငံမပါဝင်သဖြင့် မီဒီယာများက မေးခွန်းထုတ်ခဲ့ရာ ဒေါ်အောင်ဆန်း စုကြည်က ၎င်းအနေဖြင့် သွား ရောက်ရန်ဆန္ဒရှိသော်လည်း တရုတ်အစိုးရက တရားဝင်ဖိတ် ခေါ်မှသာ သွားရောက်နိုင်မည်ဖြစ် ကြောင်း ပြန်လည်ဖြေဆိုခဲ့ဖူး သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ပါတီဝင်များအနေဖြင့်မူ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန နှင့် အဖွဲ့အစည်းများ၏ ဖိတ်ခေါ်မှုဖြင့် တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ် အနည်းဆုံး ၄ကြိမ်ခန့်သွားခဲ့ဖူးသည်ဟု သိရသည်


7Day Daily

No comments:

Post a Comment

My Blog List