Monday, November 03, 2014

ဆင်းမ်ကတ်မှောင်ခိုဈေးကွက် MPT ဦးဆောင်



လက်ရှိဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဖုန်းဆင်းမ်ကတ် မှောင်ခိုဈေးနှုန်းများတွင် MPT ဖုန်းဆင်းမ်ကတ်မှာ အမြင့်ဆုံးဈေးဖြင့် ဦးဆောင်လျက်ရှိကြောင်း AT ဖုန်းအရောင်းဆိုင်က ပြောသည်။ ‘‘ပေါက်ဈေးကတော့ MPT ဆိုရင် နှစ်သောင်းအောက်ဈေးရှိတယ်။ MEC ကတော့ တစ်သောင်းကျော်လောက်ဈေးရှိတယ်။ အူရီးဒူးကတော့ တစ်ထောင့် သုံးရာနဲ့ ရောင်းတဲ့ဆိုင်တောင်ရှိတယ်။ တယ်လီနောကတော့ ပစ္စည်းပျက်နေတယ်။ တစ် ချို့နေရာတွေမှာ ငါးသောင်းနဲ့ ရောင်းတာတော့ တွေ့တယ်’’ဟု ၎င်းက ဆိုသည်။
ယခုအခါတွင် ဈေးကွက် အတွင်း ဆင်းမ်ကတ်သုံးစွဲသူအ မျိုးမျိုးရှိသလို မှောင်ခိုဈေးကွက် ဖြစ်ပေါ်ရခြင်းမှာလည်း ဆင်းမ် ကတ်ထုတ်ဝေသူများအနေဖြင့် သုံးစွဲသူများ လုံလောက်အောင် ထုတ်ဝေပေးနိုင်ခြင်းမရှိသော ကြောင့်ဟု ထင်ကြောင်း ပုဇွန်တောင်မြို့နယ်အတွင်း ဖုန်းနှင့် ဆက်စပ် ပစ္စည်းရောင်းချသော ဆိုင်အချို့ က ပြောကြားသည်။

‘‘သူ့နေရာနဲ့သူဖုန်းသုံးတဲ့ သူတွေက ကတ်တွေရွေးပြီး သုံးကြတာပဲ။ ရန်ကုန်တို့၊မန္တလေးတို့ ကြတော့ MPT ကအဆင်


ပြေ တယ်လေ။ ဒါပေမဲ့ တခြားမြို့ ကြတော့ လိုင်းမမိတာရှိတယ်။ ဒီ တော့ လိုင်းမိတဲ့ ကတ်သုံးရတာ ပေါ့။ တယ်လီနော ကတော့ နိုင်ငံ ခြားရောက်လည်း ပြောလို့ရမယ်ဆိုတော့ ၀ယ်သုံးကြတာပေါ့လေ’’ ဟု သိဒ္ဓိစံခရီးသွား ပို့ဆောင်ရေး လုပ် ငန်းပိုင်ရှင် ဦးခင်မောင်ထွန်း ကပြောသည်။

တယ်လီဖုန်းဆင်းမ်ကတ် များကို ပုံစံအမျိုးမျိုး၊ ၀န်ဆောင်မှု အမျိုးမျိုးဖြင့် ထုတ်ဝေရောင်းချ နေသော်လည်း လုံလောက် အောင် ထုတ်ဝေနိုင်ခြင်း မရှိသေးချိန်ထိ မှောင်ခိုဈေးကွက်ကုန်ဆုံးသွားမည်မဟုတ်ကြောင်း ဖုန်းအရောင်းဆိုင်အချို့က ပြောကြားသည်။

7Day News Journal

No comments:

Post a Comment

My Blog List