Thursday, November 06, 2014

ကိုပါကြီး အလောင်းကို ရန်ကုန်သယ်တာ မွန်ရိုးရာကို ဆန့်ကျင်နေသလား


ကိုပါကြီးရဲ့ အလောင်းကို ရန်ကုန်မြို့တော် ပို့ဆောင်စစ်ဆေးမယ်ဆိုတာဟာ မွန်ရိုးရာ ယဉ်ကျေးမှုနဲ့ မညီဘူးဆိုပြီး ကန့်ကွက်ခံရပေမယ့် ရဲအရေးပိုင်တဲ့ မှုခင်းဖြစ်တဲ့အတွက် ပို့ဆောင်လို့ ရတယ်လို့ မွန်အမျိုးသားပါတီက တာဝန်ရှိသူတစ်ဦးက The Voice ကို ပြောပါတယ်။

မွန်းထုံးတမ်းစဉ်လာအရ အလောင်းကို မွန်ပြည်နယ် အပြင်ဘက်သို့ သယ်ယူခွင့် မရှိဘူးဆိုပြီးတော့ ရန်ကုန် မြို့တော်သို့မပို့ဆောင်ဖို့ သံဃာတော် ရှစ်ပါးက နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ရှစ်နာရီဝန်းကျင်မှာကန့်ကွက် တာလို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှက ဆိုပါတယ်။

မွန်ထုံးတမ်းစဉ်လာ အရ အလောင်းကို မွန်ပြည်နယ်အပြင်ဘက်သို့ သယ်ယူခွင့် မရှိဆိုပေမယ့် ရဲအရေးပိုင် တဲ့ မှုခင်းဆိုရင် တားဆီးလေ့မရှိဘူးလို့ ကိုပါကြီး ကိစ္စ လိုက်ပါဆောင်ရွက်နေတဲ့ မွန်အမျိုးသားပါတီက နိုင်စံနိုင်က ပြောပါတယ်။

“မူခင်းနဲ့ဆိုင်တဲ့ ကိစ္စဆိုတာ ရဲအရေးပိုင်တဲ့ ကိစ္စဆိုတော့ ဒါမျိုးကို တားဆီးလေ့မရှိပါဘူး။ အခုကိစ္စမှာ ဝင်ပြောတာက မွန်အမျိုးသားကိစ္စမို့ ကျွန်တော်ဝင်ပြောတာ ကျန်တဲ့ကိစ္စဆိုရင် ပြောစရာအကြောင်းမရှိဘူး” လို့ သူက ဆိုပါတယ်။

ကိုပါကြီးရဲ့ အလောင်းကို ရန်ကုန်မြို့တော်သို့ သယ်ယူခွင့်ရဖို့ အတွက် မော်လမြိုင်မှာရှိတဲ့ ဘာသာရေး အဖွဲ့အစည်းတွေကိုလည်း အနှုးအညွတ် တောင်းပန်ထားတယ်လို့ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာပြော ပါတယ်။

မွန်ဓလေ့အရ အလောင်းသယ်ခွင့် မပြုဘူးဆိုပြီး တားမြစ်ထားခဲ့တဲ့ သံဃာတော်တွေဟာ ဘယ်ကျောင်းမှာ သီတင်းသုံးနေလဲ မေးမြန်းတာကို ပြန်လည် ဖြေကြားတာ မရှိဘူးလို့ နိုင်စံနိုင်က ဆိုပါတယ်။

“မွန်ဓလေ့အရ ဖြတ်သန်းခွင့် မရှိဘူးလားဆိုတော့ ဟိုးရှေးတုန်းကတော့ ကျောက်ရောဂါတို့ ဘာတို့နဲ့ ပတ် သက်ပြီးတော့ ရှိခဲ့ဖူးပါတယ်။ ဒီနေ့ခေတ်မှာ အယူသီးတဲ့သူ တစ်ချို့လောက်ပဲ အဲဒီလိုအယူ ရှိပါတော့တယ်” လို့ သူက ရှင်းပြပါတယ်။

ကိုပါကြီးအလောင်းကို မြှုပ်နှံပြီး တစ်လဝန်းကျင်အကြာ နိုဝင်ဘာလ ၅ ရက်နေ့က ပြန်လည် တူးဖော်ခဲ့ တာဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List