Wednesday, November 05, 2014

ဂျိုကိုဝီ၏မျက်နှာပါ ညစ်ညမ်းဓာတ်ပုံများဖြန့်ဝေသူ အာမခံဖြင့် လွတ်လာပြီးနောက် ဗလီကျောင်းကို သန့်ရှင်းရေးလုပ်ခိုင်းပြီး အပြစ်ပေးရန် ဒေသခံများတောင်းဆို



သမ္မတဂျိုကိုဝီဒိုဒို၏ မျက်နှာပါ ညစ်ညမ်းဓာတ်ပုံများ facebook တွင် တင်ခဲ့ကြောင်း စွပ်စွဲခံရသည့် အမျိုးသားသည် ယမန်နေ့က အာမခံဖြင့် လွတ်လာခဲ့ပြီး အပြစ်ပေးသည့် အနေဖြင့် သီတင်းတစ်ပတ်ခန့် ပြည် တွင်းဗလီကျောင်းကို သန့်ရှင်းရေး လုပ်ရန် စေခိုင်းခံခဲ့ရကြောင်း ၄င်း၏ အိမ်နီးချင်းများက ပြောခဲ့သည်ဟု The Straits Times သတင်းများ အရ သိရသည်။
ဂျကာတာ အရှေ့ပိုင်းရှိ ခမ်ပန်ရမ်ဘူတန်ဒေသမှ ဒေသခံများသည် မူဟာမက်အာစ်ယက်အက်ဆီ ဂဖ်အားအပြစ်ပေး သည့်အနေဖြင့် Darul Salam ဗလီကို သန့်ရှင်းရေး လုပ်ခိုင်းရန် တောင်းဆိုခဲ့ကြကြောင်း Jakarta Clobe သတင်းစာ တွင် ဖော်ပြထားသည်။ ''ဒေသခံတွေက ဒီလူမှုရေး အလုပ်လုပ်ခိုင်းရင်း သူ့ ကိုအပြစ်ပေးဖို့ သဘောတူခဲ့ကြတယ်၊ အာဖ်ယက်အနေနဲ့လဲ သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်''ဟု အာစ်ယက် ၏ ဆွေမျိုးတစ်ဦးဖြစ်သူ ဖာရာရို မန်က ပြောသည်။

အာစ်ယက်သည် မစ္စတာဂျိုကို ၏ သမ္မတရွေးကောက်ပွဲဆိုင်ရာ မဲ ဆွယ်ပွဲပြုလုပ်နေစဉ်က အင်ဒိုနီးရှား ဒီမိုကရက်တစ် ပါတီ (PDI-P) ၏ တရားစွဲဆိုခြင်းကို ခံခဲ့ရပြီး အောက်တိုဘာ ၂၄ ရက်က ဂျကာတာမြို့ အရှေ့ပိုင်းရှိ ¤င်း၏မိဘများနေ အိမ်တွင် ဖမ်းဆီးခံခဲ့ရသည်။ 

၎င်းအမည် ဖြင့် မှတ်ပုံတင်ထားသော်ခေနဘသသု အကောင့်တွင် မစ္စတာဂျိုကိုနှင့် ဏှီု-ဏ အဖွဲ့ဝင် မီဂါဝါတီဆို ကာနိုပူထရီတို့ ၏ မျက်နှာပါသော ညစ်ညမ်းဓာတ်ပုံ အမြောက်အမြားကို တင်ထားခဲ့သည်။

Ref: The Straits Times
Yangon Media Group

No comments:

Post a Comment

My Blog List