Tuesday, November 04, 2014

အာဆီယံထိပ်သီး အစည်းအဝေး လုံခြုံရေးအတွက် ခရီးသွား အထောက်အထားများကို ရှောင်တခင် စစ်ဆေးမည်



နေပြည်တော်တွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေး လုံခြုံရေးအတွက် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ နေပြည်တော် အပါအဝင် ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးတို့အတွင်း ဝင်ထွက်သွားလာသူများ၏ ခရီးသွား အထောက်အထားများ ရှောင်တခင် စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ သိရှိရသည်။


“လုံခြုံရေးကို နိုင်ငံတော်အဆင့် ဆောင်ရွက်ထားတယ်။ ဒီကာလမှာ နေပြည်တော်နဲ့ မြို့ကြီးတွေကို ဝင်ထွက်သွား


လာသူတွေဆီက နိုင်ငံသား စိစစ်ရေးကတ်ပြား ဒါမှမဟုတ် ခရီးသွားလာခွင့် အထောက်အထားတွေကို ရှောင်တခင် စစ်ဆေးနိုင်အောင် ညွှန်ကြားချက်ထုတ်ဖို့ စီစဉ်နေပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒုရဲမှူးကြီး အဆင့်ရှိသူ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ရှောင်တခင် စစ်ဆေးခွင့် ညွန်ကြားချက်ကို တစ်ပတ်အတွင်း ထုတ်ပြန်ရန် စီစဉ်လျက်ရှိကြောင်း၊ လတ်တလော

တွင် နေပြည်တော်တစ်ဝိုက် လုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေများကို ပြည်ထဲရေး ဝန်ကြီးဌာနမှ ကွင်းဆင်း
စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။


“ခရီးသွားလာခွင့် အထောက်အထားနဲ့ နိုင်ငံသား စိစစ်ရေးကဒ်တွေကို လုံခြုံရေးကာလမှာ ရှောင်တခင် စစ်ဆေးဖို့ အစီအစဉ်က ပြည်ထဲရေးဘက်က ဆောင်ရွက်တာပါ။ ခုလောလောဆယ်တော့ ဘယ်လို စစ်ဆေးဆောင်ရွက်မယ် ဆိုတဲ့ အချက်အလက်တွေ မရရှိသေးပါဘူး” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။



ယင်းထိပ်သီး အစည်းအဝေးကို ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ နိုင်ငံတော်


အဆင့် လုံခြုံရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အစည်းအဝေး ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့ဝင်မြို့ထွက် ဂိတ်ပေါက်များနှင့် လေဆိပ်သင်္ဘောဆိပ်များကိုပါ လုံခြုံရေးအတွက် ဝင်ထွက်သွားလာသူများကို စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

“နိုင်ငံတကာ ခေါင်းဆောင်ပိုင်းတွေ ကိုယ့်တိုင်းပြည်ကို လာရောက်ချိန်မှာ လုံခြုံရေးအတွက် တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းတာကို ခရီးသွားပြည်သူတွေကလည်း ကြည်ဖြူစွာနဲ့ စစ်ဆေးခံသင့်တယ်။ အကြမ်းဖက်သမား

တွေကလည်း မြန်မာနိုင်ငံကို တိုက်ခိုက်မယ်လို့ ကြေညာထားတာကြောင့် မသင်္ကာသူအဖြစ် အထင်မခံရအောင် ကိုယ့်သွားမယ့် ခရီးအတွက် လိုအပ်မယ့် အထောက်အထားတွေကို ဆောင်ထားသင့်ပါတယ်” ဟု ရန်ကုန်နှင့် နေပြည်တော်သို့ ကုမ္ပဏီကိစ္စဖြင့် အပတ်စဉ် ခရီးသွားနေရသူ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက အကြံပြု ပြောကြားသည်။


နေပြည်တော်ရှိ MICC ခန်းမတွင် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်ကာ အာဆီယံနိုင်ငံများမှ ညွှန်ကြားရေးမှူးချုပ် ရာထူး အဆင့်ရှိသူများက အစည်းအဝေး စတင်ကျင်းပမည် ဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List