Tuesday, November 04, 2014

ပရိသတ်မေတ္တာကိုတုံ့ပြန်တဲ့အနေနဲ့ အလှူလုပ်ခဲ့တဲ့စိုင်းစိုင်း



မိုးရာသီဂီတဆုပေးပွဲနှင့် ရွှေအက်ဖ်အမ်ဆုပေးပွဲမှရရှိသည့်ဆုများတွင်ပါဝင်သော ရွှေ တန်ဖိုးနှင့်ညီမျှသည့် ငွေကျပ် သိန်းနှစ်ဆယ်ကို နိုဝင်ဘာ ၂ ရက်က ဆည်းဆာ ရိပ်ဘိုးဘွားရိပ်သာသို့ လှူဒါန်းခဲ့ကြောင်း စိုင်းစိုင်းခမ်း လှိုင်ကပြော သည်။
‘‘Myanmar Music Award ပွဲမှာရတဲ့ဆုက ရွှေတစ်ကျပ်သား လောက်ရှိမယ် ထင်တယ်။ ရွှေ အက်ဖ်အမ်ကရတာက ရွှေနှစ် ကျပ်သားလောက်ရှိမယ်။ အဲဒါ ကြောင့် ရွှေသုံးကျပ်သားဆို သိန်းနှစ်ဆယ်လောက်ရှိမှာပဲဆို ပြီး ပရိသတ်ကောင်း မှုဆိုပြီး သွား လှူလိုက်တယ်’’ဟု ၎င်းကပြောသည်။

အဆိုပါဆုများရရှိခဲ့ခြင်းမှာ ပရိသတ်များမဲပေး၍ရရှိခဲ့ခြင်း ဖြစ်ကာ အားလုံးနှင့်အတူတူ ကုသိုလ်ပြုလိုစိတ်ဖြစ်သဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကြည်နူးစရာကောင်း ကြောင်း ၎င်း၏ခံစားချက်ကိုပြောသည်။

‘‘ကျွန်တော်အခွေမထွက်တာ ၂နှစ်လောက်ရှိပြီဆိုတော့ ဂီတဆု ပေးပွဲတွေမှာ ဆုရဖို့ဆိုတာ ကမ္ဘာ ပေါ်မှာဆိုရင် သိပ်မဖြစ်နိုင်ဘူး။ လတ်တလော ထွက်ထားတဲ့သီ ချင်းတွေနဲ့ပဲ ဆုရလေ့ရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကစတိတ်ရှိုး တွေလည်းဆိုတယ်။ ဗီဒီယိုကား တွေလည်းထွက်တယ်ဆိုတော့ ပရိသတ်တွေနဲ့က ထိတွေ့မှုရှိနေ တယ်။ အဲဒါကြောင့် အခွေမထွက် တာကြာပေမယ့် မဲပေးကြတော့ ပရိသတ်တွေရဲ့မေတ္တာကိုခံစားရ ပါတယ်။ တော်တော်လည်းကြည် နူးပီတိဖြစ်ရပါတယ်’’ဟု စိုင်းစိုင်း ခမ်းလှိုင်ကပြောသည်။

စိုင်းစိုင်းခမ်းလှိုင်သည် စက်တင်ဘာလကပြုလုပ်ခဲ့သော မိုးရာသီဂီတဆုပေးပွဲတွင် ပရိသတ်များမဲပေးရွေးချယ်သည့် I Love Artist ဆုရရှိခဲ့ပြီး နိုဝင်ဘာ ၁ ရက်က ပြုလုပ်ခဲ့သော ရွှေ အက်ဖ်အမ်ဆုပေးပွဲတွင်လည်း ပရိသတ်များမဲပေးရွေး ချယ်သည့် မစ္စတာရွှေအက်ဖ်အမ်ဆု ရရှိခဲ့သည်။

ပရိသတ်များမျှော်လင့်နေ သည့် ဒိတ်ဒိတ်ကြဲဒီဗီဒီထွက်ရှိရန် အဆင်သင့်ဖြစ်နေ ပြီဖြစ်သော်လည်း သူငယ်ချင်းများ၏ အခွေ များထွက်နေသောကြောင့် ဒီဇင်ဘာ ၂၈ ရက်မှသာစတင်ဖြန့်ချိ ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

7Day News Journal

No comments:

Post a Comment

My Blog List