Wednesday, November 05, 2014

အာရုံကြောညပ် ရောဂါ ဝေဒနာကို ဘန်ကောက်တွင် သွားရောက် ကုသမည့် အဆိုတော် နိုင်းဝမ်း


လူငယ် ပရိသတ် အားပေး မှု အခိုင်အမာ ရရှိထားသည့် အဆိုတော် နိုင်ဝမ်းသည် တစ်နှစ် ကျော်ကြာ ခံစား နေရသည့် အာရုံကြောညပ် ရောဂါကို ဘန်ကောက်တွင် သွားရောက် ကုသရန် စီစဉ် နေသည်ဟု အဆိုတော် နိုင်းဝမ်းက  ပြောသည်။

"ငယ်ငယ်ကတည်းက အာရုံကြောဆေး သောက်ရတယ်။ အရမ်း အပင်ပန်းခံ တာမျိုး ညဘက်ဆို မအိပ်ပဲ အလုပ်လုပ်တဲ့အခါ ခေါင်းက တစ်ချိန်လုံး မတ်ထားရတာမျိုး ရှိတယ်။ နယ်တွေမှာ ရှိုးပွဲ ဆိုရတဲ့အခါ ကိုယ်တိုင်ကားမောင်းသွားရတော့ အာရုံကြောညပ်တဲ့ ရောဂါပိုဆိုးလာတယ်။ တစ်ခါတစ်လေ လမ်းလျှောက် ရင်းနဲ့ ပစ်လဲတာမျိုး ဖြစ်တယ်။ အခုတော့ ရှိုးပွဲတွေ ပါးသွားတဲ့ အချိန်ကျရင် ဘန်ကောက်မှာ သွားကုဖို့ စီစဉ်ထား တယ်" ဟု ၎င်းက ပြောသည်။ ယင်းအပြင် သီချင်း ရေးခြင်းများနှင့် နယ်ရှိုးများ သွားရောက် ဖျော်ဖြေသည့် အချိန်၌် အချိန်ကြာမြင့်စွာ ကားမောင်းခြင်းကြောင့် အာရုံကြောညပ် ရောဂါသည် ပိုမို ဆိုးရွား လာသည်ဟု အဆိုတော် နိုင်းဝမ်းက ဆိုသည်။

အာရုံကြောညပ် ရောဂါ ခံစားနေရ ခြင်းကြောင့် မန္တလေးမြို့တွင် သွားရောက် အနားယူပြီး ဆေးကုသမှု ခံယူလျက် ရှိသော်လည်း ယင်းဝေဒနာဖြင့် နိုဝင်ဘာ ၅ ရက် နှင့်၆ရက် တို့တွင် ပြင်ဦးလွင်၌ ပြုလုပ်မည့် တန်ဆောင်တိုင် ပွဲတော်တွင် သွားရောက် ဖျော်ဖြေမည် ဖြစ်သည်။ ၎င်းသည် နိုဝင်ဘာ၉ရက်တွင် လာရှိုးမြို့၌ သီချင်းသွားရောက် သီဆိုရန် စီစဉ်ထားသည်။

အဆိုတော် နိုင်းဝမ်းသည် တစ်ကိုယ်တော် အခွေ ထွက်ရှိရန် တေးသီချင်းများ ရေးသားလျက် ရှိပြီး ယင်းအယ်ဘမ်၌ သီချင်း ၉ပုဒ် ပါဝင် မည် ဖြစ်ကာ စုံတွဲသီချင်း သုံးပုဒ် ကိုလည်း ထည့်သွင်းထားကာ ၂၀၁၅ခုနှစ် ဇန်န၀ါရီ လဆန်း၌ ထွက်ရှိရန် စီစဉ်သွား မည်ဖြစ်သည်။

"တစ်ကိုယ်တော် အခွေ အတွက်က သီချင်းတွေတော့ ပြီးနေပြီ။ ပရိသတ်က တစ်ပုဒ်ဆို တစ်ပုဒ် အားပေး လာတာ ဆိုတော့ တစ်ကိုယ်တော် အခွေ ထွက်လာတဲ့ အခါ ထင်သလောက်လည်း မဟုတ်ပါလားလို့ မဖြစ်စေ ချင်လို့ အချိန်ယူပြီး ကြိုးစား နေတာပါ" ဟု အဆိုတော် နိုင်းဝမ်းက ပြောသည်။

"အချစ်ရေးကတော့ အေးဆေးပါပဲ။ ရန်ကုန်မှာလဲ မနေဖြစ်ဘူး မန္တလေးရောက်နေတာ တစ်လကျော် နေပြီ" ဟု အဆိုတော် နိုင်းဝမ်း က ၎င်း၏ အချစ်ရေးနှင့် ပတ်သက်ပြီး ပြောသည်။ ၎င်းသည်"စလုံးချစ်သူ ၊ ကမ္ဘာ ငယ်လေး ၊ အရောင်မဆိုးနဲ့ ၊ နင်သာရှိရင် ၊ Kiss Me "သီချင်းများဖြင့် အောင်မြင်မှု ရရှိခဲ့သူ တစ်ဦး ဖြစ် သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List