Tuesday, November 04, 2014

ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် နော်ဝေးနိုင်ငံမှတက္ကသိုလ်တို့ပူးပေါင်ပြီး စီမံခန့်ခွဲမှုဆိုင်ရာ အချိန်ပိုင်းမဟာဘွဲ့တန်းဖွင့်လှစ်သွားမည်


ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ နော်ဝေးနိုင်ငံ Norwegian University of Science and Technology (NTNU) နှင့် Knowledge Development (KD) တို့ပူးပေါင်းပြီး စီမံခန့်ခွဲမှုဆိုင်ရာ အချိန်ပိုင်းမဟာဘွဲ့ သင်တန်းတစ်ခု ဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတက်ရောက်လိုသူများသည် အသိမှတ်ပြုတက္က သိုလ်တစ်ခုခုမှ ဘွဲ့ရဖြစ်ရမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် အသက် ၃၀ နှစ်ပြည့်မီသူ အစိုးရဝန်ထမ်းဖြစ်ပါက ပြန်တမ်းဝင် အရာရှိလုပ်သက် ၃ နှစ်ရှိရမည်ဖြစ် ကြောင်းနှင့် ကုမဏီ(သို့) အစိုးမဟုတ် သောသူများဖြစ်ပါက စီမံခန့်ခွဲမှု အပိုင်းတွင် လုပ်သက်အနည်းဆုံး ၃ နှစ် ရှိရမည်ဖြစ်ကာ သတ်မှတ်ထားသော သင်ရိုးကို အချိန်ပြည်မီစွာ တက်ရောက် နိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတက်ရောက်လိုသူများအနေဖြင့် သင်တန်းနှင့်သက်ဆိုင်သည့် စာရွက်၊ စာတမ်းများ၊ သတ်မှတ်လျှောက်လွှာပုံစံများ အား စီမံခန့်ခွဲမှုပညာဌာန (ပတ္တမြား ဆောင်) ပါရမီလမ်း၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် (လှိုင်နယ်မြေ) တွင် ထုတ်ယူကာ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက် နောက်ဆုံးထားလျှောက် ထားရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲအား ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ် လှိုင်နယ်မြေတွင် ဖြေဆိုရမည်ဖြစ်ပြီး သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲတွင် အဆင့်မီသူများအား လူတွေ့ ရွေးချယ်ကာ သင်တန်းသားဦးရေ ကန့်သတ်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဝင်ခွင့်လျှောက်ထားရာတွင် ပြည့်စုံမှုမရှိသည့် လျှောက်လွှာများ၊ လုပ်သက်နှင့် အသက်ထောက်ခံ ချက်မပြည့်စုံသည့် လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ကြောင်း သိရသည်။

စိုင်းဟန်
The Ladies News Journal

No comments:

Post a Comment

My Blog List