(၅)ကြိမ်မြောက် ရွှေအက်ဖ်အမ်ရေဒီယိုနှစ်ပတ်လည် ဖျော်ဖြေပွဲနှင့် ဆုပေးပွဲ အခမ်းအ နားကို ပြုလုပ်ခဲ့ရာ အဆိုတော် ပိုပိုက ‘‘ချစ်ဖူးခဲ့သမျှ’’သီချင်းဖြင့် ဆု နှစ်ဆုရရှိခဲ့သည်။ ရွှေအက်ဖ်အမ်ရေဒီယိုက ချီးမြှင့်သော ဂီတဆုရှစ်ဆုတွင် အဆိုတော် ပိုပိုက အကျော်ကြား ဆုံးသီချင်းဆုနှင့် ပရိသတ်တောင်း ဆိုမှုအများဆုံး အမျိုးသမီးတေး သံရှင်ဆုများ ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းအခမ်းအနားတွင် ဂီတ နှင့်ပတ်သက်၍ ဆုရှစ်ဆုနှင့် ပွဲတက်လာသူများက ဖက်ရှင်အကျ ဆုံးအမျိုးသားနှင့် အမျိုးသမီးတစ်ဦးစီကိုလည်း မစ္စတာနှင့် မစ္စ ရွှေအက်ဖ်အမ်ဆုများ ပေးအပ်ခဲ့ရာ စိုင်းစိုင်းခမ်းလှိုင်နှင့် မိုးစက်ဝိုင်တို့ ရရှိခဲ့သည်။
တေးအယ်လ်ဘမ်ဆုကို ဘိုဘိုအင်တာတိန်းမန့်မှ ကိုဘိုဆန်းက ဂီတစာဆို လွှမ်းပိုင် တေးစီးရီး၊ လေးနှစ်အတွင်း ထွက်ရှိခဲ့သော ရွှေအက်ဖ်အမ်တေး စီးရီးများမှ ပရိသတ်တောင်းဆိုမှုအများဆုံး အမျိုးသားနှင့် အမျိုးသမီးအဆိုရှင် ဆုများကို ဒီဖြိုးနှင့် အိမ့်ချစ်တို့ က မင်းလေးသိဖို့နှင့် မနေတတ်သော အလွမ်းသီချင်း၊ ရွှေပရိသတ်အကြိုက်ဆုံး အမ်တီဗီဆု ကို ရဲရင့်အောင်၏ ရပါတယ်ထွက်သွားပါ သီချင်း၊ ပရိသတ်တောင်းဆိုမှုအများဆုံး အမျိုးသားအဆိုရှင်ဆုကို ငါတို့ဝေးသီချင်း ဖြင့် လွှမ်းပိုင်၊ Special Award ဆုအဖြစ် အကောင်းဆုံး ရော့ခ်သီချင်းဆုကို ဝေလ၏ မိတ်ကပ် မကြိုက်သော သီချင်းများ သီချင်းတို့က အသီးသီးရရှိခဲ့ကြသည်။
ပွဲတက်ဖက်ရှင်အမျိုးသား နှင့် အမျိုးသမီးဆုများကို ပွဲစတင်အချိန်တွင် အွန်လိုင်းမှမဲပေးကာ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်နှင့် မိုးစက်ဝိုင်တို့က ပရိသတ်ပေးသည့် မဲအရေအတွက် အများဆုံးရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းအခမ်းအနားတွင် ဖျော်ဖြေသည့် သီချင်းအများစုကို ဆက် တင်များပြုလုပ်၍ ဖျော်ဖြေခြင်း ဖြစ်ရာ အချိန်ပေး၍ တင်ဆက်ရ ခြင်းဖြစ်သောကြောင့် ပွဲပြုလုပ် သည့်အချိန်မှာ ပိုမိုကြာမြင့်ခဲ့ သည်။ ဆက်တင်တင်ဆက်မှုများ ကို ပရိသတ်အားပေးမှုရရှိသော်လည်း အချိန်ကြန့်ကြာမှုများရှိ သောကြောင့် ပွဲပြီးဆုံးချိန်အထိ အားပေးသည့်ပရိသတ် လျော့ကျခဲ့သည်။
7Day News Journal
No comments:
Post a Comment