Wednesday, November 05, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနှင့်တောင်ပိုင်း မြို့များကို စစ်ကူဖြည့်တင်း


ယူကရိန်းသမ္မတ Petro Poroshenko က နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းက မြို့တွေမှာ စစ်ကူတွေ ဖြည့် တင်းဖို့ နိုဝင်ဘာ ၄ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ယူကရိန်းခွဲထွက်ရေးတွေ ထိုးစစ်ဆင်လာနိုင်တဲ့အတွက် ပြင်ဆင်တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့က ခွဲထွက်ရေးပြည်နယ်တွေမှာ ရွေးကောက်ပွဲကျင်းပခဲ့အပြီး ယူကရိန်း စစ်ဦးချုပ်လည်းဖြစ်တဲ့ သမ္မတ Poroshenko က အခုလို စစ်ကူတွေဖြည့်တင်းဖို့ ဆုံးဖြတ်ခဲ့ တာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲနိုင်ခဲ့တဲ့ ခွဲထွက်ရေးသူပုန်ခေါင်းဆောင် Alexander Zakharchenko က နိုဝင်ဘာ ၄ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပခဲ့ပေမယ့် အနောက်နိုင်ငံတွေက ခွဲထွက်ရေးရွေးကောက်ပွဲကို လက်မခံကြပါဘူး။

သူပုန်တွေ ထိန်းချုပ်ထားတဲ့ ပြည်နယ် ၂ ခုနဲ့ ရုရှားနိုင်ငံတွေကပဲ အဲ့ဒီရွေးကောက်ပွဲကို ထောက်ခံကြတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလက ဘယ်လာရုနိုင်ငံ၊ မင့်မြို့မှာ သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာလည်း စာရွက်ထဲမှာပဲရှိပြီး တိုက်ခိုက်မှုတွေကတော့ ဆက်တိုက်ဖြစ်နေခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီးမှာ တိုက်ခိုက်မှုတွေ ပိုလို့တောင် ပြင်းထန်လာတယ်လို့ ဆိုပါတယ်။

ရုရှား နယ်စပ်ဘက်ခြမ်းမှာလည်း ရုရှားတပ်ရွှေ့ပြောင်းမှုတွေရှိနေပြီး ရုရှားတပ်အင်အားဖြည့်နေတယ်လို့ နေတိုးက စွပ်စွဲထားပါတယ်။

အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ရုရှားနဲ့ ယူကရိန်းသမ္မတတို့ ၂ ဦး ထိပ်ပိုင်းက သဘောတူခဲ့ကြပေမယ့် လက်တွေ့မှာတော့ စာချုပ်ပျက်ပြားမယ့်ဘက်ကို ဦးတည်နေတာလည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List