Wednesday, November 05, 2014

အိုဘားမားလာမည့်အချိန် ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် ဆန္ဒပြရန် ပြင်



အမေရိကန်သမ္မတအို ဘားမားမြန်မာနိုင်ငံသို့ ရောက်ရှိ မည့် နိုဝင်ဘာ ၁၂ ရက်တွင် ပြည် သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန် ရက်(ဒဂုံဆိပ်ကမ်း)က ရန်ကုန်မြို့ လှည်းတန်းခုံးကျော်တံတား အောက်မှသံလွင်လမ်းအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော် သွားရန် သက်ဆိုင်ရာမြို့နယ်တွင် စာတင် ထားကြောင်း ကွန်ရက်၏ ဦးဆောင်ကော်မတီတွဲဖက်တာဝန်ခံ ဦးကြည်လင်း ကပြောသည်။
ဆန္ဒထုတ်ဖော်ခွင့်ပြုလုပ်ရ ခြင်းသည် အိုဘားမားမြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် ပြည်တွင်း ရေးအခြေအနေကို ရှင်း ရှင်းလင်းလင်းသိစေလိုကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းထောက်ခံအား ပေးပူးပေါင်းဆောင်ရွက်မှုကို ရယူလို၍ ဖြစ်ကြောင်းဟုဦးကြည်လင်းကဆိုသည်။

‘‘အဓိကဆန္ဒထုတ်ဖော်သွား မှာက နိုင်ငံဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေး၊ ဒီအထဲမှာ အစစ် အမှန်နဲ့ အလုံးစုံပြင် ဆင်ရေးအတွက်ရယ်၊ PR စနစ်၊ ပုဒ်မ ၄၃၆၊၆(စ)နဲ့ ၅၉ (စ)ဒါကိုအဓိကထား ပြီး ဆန္ဒထုတ်ဖော်သွားမှာပါ’’ဟု ၎င်းက ဆိုသည်။

နိုင်ငံဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေးအတွက် အစစ် အမှန်နှင့် အလုံးစုံပြင်ဆင်လို ခြင်းမှာ ၎င်းဥပဒေပြင်ဆင်နိုင်ပါ က ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသား အခွင့်အလမ်းအခွင့်အရေးများ အပြည့်အ၀ရရှိမည်ဟု ယုံကြည် ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်မည့် ကိုအမွိုင်းက ၎င်း၏ အမြင်ကို ပြောကြားသည်။

ဆန္ဒထုတ်ဖော်ခွင့်အတွက် ခွင့်ပြုမိန့်တင်ထားပြီး သက်ဆိုင် ရာအာဏာပိုင်အဖွဲ့အစည်းများ ထံမှ ခွင့်ပြုမိန့်မရလျှင်လည်း ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။ ဒီမိုကရက်တစ်နှင့် အရပ်ဘက်ဆိုင်ရာအဖွဲ့များပါဝင်မည်ဖြစ်ကာ လူဦးရေ ၁၀၀၀ ခွင့်ပြုမိန့်တင်ထားကြောင်း သတင်းရရှိသည်။

သမ္မတအိုဘားမားသည် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် နေပြည်တော်သို့ နိုဝင်ဘာ ၁၂ ရက်တွင် ရောက်ရှိ မည်ဖြစ်ပြီး ၁၄ ရက်မှ ရန်ကုန်မြို့သို့လာရောက်မည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်အဆောက်အအုံတွင် အိုဘားမားမိန့်ခွန်းပြောခဲ့စဉ်က၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day Daily

No comments:

Post a Comment

My Blog List