Wednesday, November 05, 2014

အနောက် အာဖရိကမှ ပြန်လာသည့် ဆရာဝန်များကို တရုတ် အစိုးရက သီးသန့်ထားသွားမည်



ပေကျင်း၊နိုဝင်ဘာ ၄။ အနောက်အာဖရိကတွင် အီဘိုလာရောဂါဖြစ်ပွားမှုကို သွားရောက်ကုသခဲ့သည့် ကျန်းမာရေး ၀န်ထမ်းများ တာဝန်ပြီးဆုံး၍ နိုင်ငံသို့ ပြန်လာပြီးနောက် ၂၁ ရက်အထိ စောင့်ကြည့်ကာလအဖြစ် ထားရှိမည်ဖြစ် သည်ဟု အကြီးတန်း တရုတ် ကျန်းမာရေး အရာရှိတစ်ဦးက နိုဝင်ဘာ ၃ ရက်ပြောကြားလိုက်သည်။
တရုတ်နိုင်ငံသို့ ပြန်လာသည့် ဆရာဝန်များသည် အဆိုပါ စောင့်ကြည့်ကာလသို့ မရောက်ရှိမီ စမ်းသပ်မှုများစွာကို ခံယူရဦးမည်ဖြစ်သည်ဟု တရု့တ်ကျန်းမာရေး ၀န်ကြီးဌာန ရှိ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဗျူရိုမှ လက်ထောက်ဒါရိုက်တာ ဟယ် ချင်ဟွာက ပြောသည်။ “ ဒီဆရာဝန်တွေဟာ နိုင်ငံကို ပြန်လာတဲ့အချိန်မှာ ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးခံရပါမယ်။ ပြီးရင်သူတို့ဟာ ပြည်တွင်းက ကျန်းမာရေး စောင့်ရှောက်မှုစင်တာတွေရဲ့ ကြီးကြပ်မှုနဲ့အတူ ၂၁ ရက်တာ စောင့်ကြည့်မှုကာလအောက်မှာ ရှိရမှာပါ” ဟု ၎င်း ကပြောသည်။

သို့ရာတွင် အဆိုပါ ကျန်းမာရေး အမှုထမ်းများအနေဖြင့် ယင်းစောင့်ကြည့်မှု ကာလကို ၎င်းတို့ အိမ်များတွင် သို့မဟုတ် သီးသန့် စောင့်ရှောက်မှုဌာနများတွင် ထားရှိမည်ကို မသိရသေးပေ။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List