Thursday, November 06, 2014

အခြေခံဥပဒေပြင်ဆင်ခွင့်မရခဲ့လျှင် ဘာဆက်လုပ်မည်ကို မဆုံးဖြတ်ရသေးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


အခြေခံဥပဒေ ပြင်ဆင်ခွင့်မရခဲ့ပါက ၂၀၁၅ ရွေးကောက်ပွဲအတွက် ဒီချုပ်အနေဖြင့် မည်သည့်လမ်း ရွေး ချယ်မည်ကို မဆုံးဖြတ်ရသေး ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။‘‘တစ်ဦး တည်းအတွက် မစဉ်းစားထားပါဘူး။ နိုင်ငံအတွက် ဘယ်လို ဖြစ်သင့်တယ်ဆိုတာ အဖွဲ့ရဲ့ သဘော ထား လည်း ပါရမယ်။ ပြည်သူလူထုရဲ့ ဆန္ဒလည်းပါရမယ်။ နိုင်ငံအတွက် အ ကောင်းဆုံးက ဘာလဲဆို တာကို အခြေအနေပေါ်မှာ သုံးသပ်ပြီး ဆုံးဖြတ်ရမှာ ပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ အတွက် ဆုံးဖြတ် ချက်ကို ပြောသည်။

‘‘အခြေအနေက ဘယ်လို ဖြစ်မယ်မှန်း မသိဘဲနဲ့ အခုက တည်းက ဘယ်လိုလုပ်မလဲဆိုတာ တရားသေဆုံး ဖြတ်ထားလို့ မရဘူး’’ဟု နိုဝင်ဘာ ၅ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

အမှန်တကယ်ပင် နိုင်ငံအ ပေါ် စေတနာထားသည်ဆိုပါက၊ အေးဆေးဖြောင့်ဖြူးသော ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ် ဆက်လက်လျှောက်လိုသည်ဆို ပါက အဓိပ္ပာယ်ရှိသော တွေ့ဆုံ ဆွေးနွေးပွဲများကို မရှောင်ရှားသင့်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဖြောင့်ဖြူးစေ ရန်ဟုဆိုကာ ၂၀၁၃ နှစ်ဆန်းပိုင်း ကပင် လေးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးရေးကို တောင်းဆိုခဲ့သော်လည်း တစ်နှစ်ကျော် အကြာ အောက်တိုဘာ ၃၁ ရက်တွင် ပြု လုပ်ခဲ့သော ခေါင်းဆောင် ၁၃ ဦး ပါဝင်သည့် ထိပ်သီးဆွေးနွေးပွဲ သည် ဆွေးနွေးပွဲမဟုတ်ခဲ့ဘဲ တွေ့ဆုံပွဲသာ ဖြစ်ခဲ့သည်။

အဖွဲ့ချုပ်အနေဖြင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်တောင်းဆိုသွားမည် ဖြစ်ပြီး အဓိက ကျသည့် အချက် များအပေါ် အပေးအယူမည်သို့ လုပ်မည်ဆိုသည်မှာ အဆိုပါ ခေါင်းဆောင်များနှင့် တွေ့ဆုံမှ သာ လုပ်ဆောင်နိုင်မည်ဟု သတင်းထောက်များ၏ မေးမြန်းမှု ကို ဖြေကြားခဲ့သည်။

ထို့အပြင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီသည် စတင် တည်ထောင်စဉ်ကပင် ကလဲ့စား ချေရေးကိစ္စကို ရှေ့တန်းမတင်ခဲ့ဘဲ အမျိုးသားရင်ကြားစေ့ရေးကိုသာ ရှေ့တန်းတင် ထူထောင်ခဲ့သည်ဟု ဒေါ်အောင်ဆန်း စုကြည် က ပြောကြားခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲအပြီး ငါးရက်အကြာ၌ ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ တွင် ထိပ်သီးဆွေးနွေးပွဲကို လေး ပွင့်ဆိုင်အဖြစ် တွေ့ဆုံနိုင်ရေး လမ်းစအဖြစ်သာ လိုလားသည်ဟုပြောကြားခဲ့ပြီး ၂၀၁၅ ရွေး ကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ကိစ္စများ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ရန် ဟန့်တားထားသည့် ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးကိစ္စ များ၊ ရွေးကောက်ပွဲစနစ် ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်သော ကိစ္စများအားလုံးကို မည်သို့စီစဉ် ထားသည်ဟု ပြောကြားခဲ့ခြင်းမရှိ ဘဲ အချိန်အခါ မရောက်ရှိသေး ခြင်းနှင့် ကြိုတင်ဆုံးဖြတ်ထား၍ မရသည့်ကိစ္စများအဖြစ်သာ ပြော ကြားခဲ့ခြင်းလည်း ဖြစ်သည်။

‘‘ဒီချုပ်အနေနဲ့ ၄၃၆ မပြင်ရင်ဘာလုပ်မလဲဆိုတာ စဉ်းစားထား ရတော့မယ်။ နောက်ထွက်ပေါက် တစ်ခုကို စဉ်းစားမထားရင် ၂၀၁၅မှာ ကွဲသွားလိမ့်မယ်’’ဟု ၉၀ ရွေး ကောက်ခံ ဒီချုပ်အမတ်ဟောင်း တစ်ဦးက သုံးသပ်ပြောကြား သည်။


7Day Daily

No comments:

Post a Comment

My Blog List