Tuesday, November 04, 2014

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်ပြီး အမျိုးသားလူ့အခွင့် အရေးကော်မရှင်က သက်ဆိုင်သည့် တပ်မတော်သားများအား စတင်စစ်ဆေး


ကိုအောင် ကျော်နိုင်(ခ) ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်ပြီး အမျိုးသားလူ့ အခွင့်အရေးကော်မရှင်အနေနှင့် သက်ဆိုင်သည့် တပ်မတော်သားများအား နိုဝင်ဘာ ၃ရက်တွင် စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း ကော်မရှင် အဖွဲ့ဝင်များထံမှ သိရသည်။

အမျိုးသားလူ့အခွင့်အရေး ကိုယ်စားလှယ်အဖွဲ့ဝင် ဒေါက်တာ ဥာဏ်ဇော်က ''တပ်ရင်းတစ်ရင်းထဲက မဟုတ် ဘူး။ သက်ဆိုင်တဲ့တပ်မ တော်သားတွေကို စတင်စစ်ဆေးနေ တယ်။ အသေးစိတ်အချက်အလက် အနေနဲ့ ကတော့ ပြောလို့မရသေးဘူး'' ဟု ပြောသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အ ရေးကော် မရှင်သည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အမှု ဖြစ်ပွားရာနေရာ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ရဲတပ်ဖွဲ့တို့အား နိုဝင်ဘာ ၂ရက်မှ စတင်စစ်ဆေးခဲ့သည်။

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး သေဆုံးမှုနှင့်ပတ်သက်ပြီး အစီရင်ခံ စာတင်ပြရန် အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥပဒေပါ အချက် အလက်များနှင့် စုံစမ်းစစ်ဆေးပြီး အ စီရင်ခံစာကို သမ္မတထံတင်ပြရန် နိုင်ငံ တော်သမ္မတရုံးမှ ကော်မရှင်ထံ ညွှန် ကြားချက်ထုတ်ပြန်ခဲ့သည်။

ကိုအောင်ကျော်နိုင်(ခ) ကိုပါ ကြီးသည် ၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင် ဖွဲ့စည်းခဲ့ သည့် သုံးရောင်ခြယ်ကျောင်းသားများ အဖွဲ့၏အဖွဲ့ ဝင်ဖြစ်ပြီး ထိုကာလ တွင် ဒေါ်အောင်ဆန်းစုကြည်လုံခြုံ ရေးတာဝန် ထမ်းဆောင်ခဲ့သည်။

ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး သည် တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် DKBA ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများအ ကြောင်း သတင်းသွားယူစဉ် မွန် ပြည်နယ်ကျိုက် မရောမြို့နယ်အတွင်း ဓာတ်ပုံရိုက်ကူးအပြီး ပျောက်ဆုံးခဲ့ ခြင်းဖြစ်သည်။

ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး အား စက်တင်ဘာ ၃ဝရက်တွင် ဖမ်း ဆီးခဲ့ခြင်းဖြစ်ပြီး၊ ကိုအောင်ကျော်နိုင် (ခ)ကိုပါကြီးသည် KKO စောဆန်း အောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးဖြစ်သည်ဟု ပြောကြားခဲ့ ကြောင်း၊ ကိုပါကြီးသည် အစောင့်စစ် သားထံမှ လက်နက်လုယူထွက်ပြေး ရန် ကြိုးစားခဲ့သည့်အတွက် ပစ်ခတ် ဖမ်းဆီးခဲ့ရာမှ သေဆုံးခြင်းဖြစ်ကြောင်း တပ်မတော်မှ အောက်တိုဘာ ၂၃ရက် တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသေဆုံးမှုနှင့် ပတ်သက် ပြီး တပ်မတော်ဘက်မှ ဖမ်းဆီးရမိချိန်တွင် ကိုပါကြီးသည် DKBA ဒီမိုက ရေစီ အကျိုးပြု ကရင်တပ်မတော်မှဟုလည်းကောင်း၊ KKO စောဆန်း အောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးဟုလည်းကောင်း ဝန်ခံခဲ့ ပြီး သတင်းထောက်ဟု လုံးဝမပြော ဆိုခဲ့ကြောင်းနှင့် သတင်းထောက် အသုံးအဆောင် ပစ္စည်းများကိုလည်း ၄င်းနှင့်အတူမတွေ့ရကြောင်း တပ်မ တော်မှ အောက်တိုဘာ ၃၁ရက် တွင် ဒုတိယအကြိမ် သတင်းထုတ်ပြန်ခဲ့ သည်။

ကိုအောင်ကျော်နိုင်(ခ)ကိုပါ ကြီးသေဆုံးမှုနှင့်ပတ်သက်ပြီး သေချာစွာစုံစမ်း စစ်ဆေးပေးရန် အမေရိ ကန်နှင့် ဗြိတိန်နိုင်ငံများမှ မြန်မာအစိုးရထံ တောင်းဆိုထားသည်။

ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက် ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် လွတ်လပ်ပြီး ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော် မရှင်တစ်ရပ်ဖွဲ့ စည်းပြီး စုံစမ်းဖော်ထုတ် ပေးရန် အရပ်ဘက် အဖွဲ့ အစည်းများ မှ တောင်းဆိုထားသည်။

HM,AHO
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List