ဗြိတိန်စုံတွဲကို သတ်သည်ဟု စွပ်စွဲထားသည့် မြန်မာနိုင်ငံသား နှစ်ဦးအမှုကို အထူးစုံစမ်းရေး အဖွဲ့ဖွဲ့စစ်ဆေးရန် ထိုင်းရှေ့နေများ ကောင်စီ၊ လူအခွင့်အရေးကော်မရှင်နှင့် မြန်မာသံရုံးအထူးအဖွဲ့တို့က နိုဝင်ဘာ ၃ ရက်တွင် တောင်း ဆိုလိုက်သည်။
"ကောင်လေးနှစ်ယောက်ကို နှိပ်စက်တဲ့ ကော်မရှင် တွေ့ရှိချက်၊ ခြိမ်းခြောက် ဝန်ခံခိုင်းတဲ့ အချက်အလက်တွေကို အဖွဲ့သုံးဖွဲ့ပေါင်းရေး၊ မိဘတွေက လက်မှတ်ထိုးပြီး ဒီနေ့တောင်းဆိုလိုက်တယ်။ ဒါကိုလည်း ထိုင်းဖက်က အကြံပေးခဲ့ တယ်၊ ဒီအတိုင်းဆိုရင်တော့ အဖွဲ့ဖွဲ့စစ်နိုင်တယ်လို့ ထိုင်းဖက်ကလည်း မှတ်ချက်ပြုတယ်"ဟု မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ့ ဦးအောင်မျိုးသန့်က ပြောသည်။
စွပ်စွဲခံမြန်မာနှစ်ဦး မိဘများအပါအ၀င် ထိုင်းရှေ့နေများကောင်စီမှ ၄ဦး၊ လူ့အခွင့်အရေးကော်မရှင်မှ ၆ ဦး၊ မြန်မာသံရုံး အထူးအဖွဲ့မှ ၆ ဦးတို့ ပူးပေါင်း သတင်းစာရှင်းလင်းအပြီး နိုဝင်ဘာ ၃ ရက်တွင် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရုံးသို့ တင်ပြတောင်းဆိုလိုက်ခြင်း ဖြစ်သည်။
လေးကြိမ်မြောက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ ထိုင်းရဲတပ်ဖွဲ့ကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခြင်း မရှိပေ။
သတင်းစာရှင်းလင်းပွဲ လေးကြိမ်ထိ ပြုလုပ်ပြီးသော်လည်း နှစ်ကြိမ်သာ လာရောက်သည့် ထိုင်းရဲတပ်ဖွဲ့သည် အမှုနှင့် ပက်သက်ပြီး သက်ဆိုင်ရာ အဖွဲ့စည်းများနှင့် ပူးပေါင်းဆောင်ရွက်မရှိခြင်းဟု ထိုင်းလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌက မှတ်ချက်ပြုခဲ့ကြောင်း ၎င်းကဆိုသည်။
နိုဝင်ဘာလ ၈ရက်နေ့ အမီ ထိုင်းနိုင်ငံ ဥပဒေရုံးသို့ အမှုပြန်လည်တင်ပြနိုင်ရေး စီစဉ်နေသည့် ရဲတပ်ဖွဲ့ကို ယင်းသို့ တောင်းဆို လိုက်ခြင်းဖြစ်သည်။
စက်တင်ဘာ ၁၄ရက် ကော့တောင်(လိပ်ကျွန်း) လပြည့်ည ပွဲတော်အတွင်း ဗြိတိန်စုံတွဲ အသတ်ခံရမှုကို ကျူးလွန်သူများ သည် မြန်မာရွေ့ပြောင်း လုပ်သားကို ဇော်လင်းဦးနှင့် ကိုဝင်းဇော်ထွန်းတို့ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်သည်။
Mizzima - News in Burmese
No comments:
Post a Comment