Sunday, November 02, 2014

အကယ်ဒမီနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ကြိုးစားမှုရလာဒ်ကို အသိအမှတ်ပြုခံချင်ပါတယ်လို့ ဆိုလိုက်တဲ့ ဝတ်မှုန်ရွှေရည်



ဒီနှစ်ရဲ့အကယ်ဒမီ စာရင်းထဲမှာ တစ်ပြေးနေပေမယ့် သူမနဲ့အပြိုင် အခြားအနုပညာရှင်တွေရဲ့ နာမည်တွေထွက်လာတာ မို့ သူမအနေနဲ့ အခုချိန်မှာ အကယ်ဒမီနဲ့ပတ်သက်ပြီး ခံစားနေရတဲ့ စိတ်ဖီလင်လေးက ဘယ်လိုဖြစ်နေမလဲ ဆိုတာကို မေးကြည့်လိုက်တော့ “ကစ်အနေနဲ့ အကယ်ဒမီကို အရမ်းကြီးတော့ မမျှော်လင့်ထားပါဘူး။ 



ဒါပေမယ့်လည်း နင်စေရင် ဇာတ်ကားက ကစ်ရဲ့ သရုပ်ဆောင်ခဲ့သမျှ၊ ဇာတ်ကားတွေ ရိုက်ခဲ့သမျှ အခုချိန်ထိ ဘဝမှာ အပင်ပန်းဆုံး ရုပ်ရှင်ကား တစ်ကားလို့တောင် ပြောလို့ရပါတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ အရမ်းကို စိတ်ရော၊ လူရော လုပ်နိုင်သလောက် အစွမ်းကုန် ကြိုးစားထားခဲ့လို့ပါ။ ဒီနှစ်ရဲ့အကယ် ဒမီကို ရုပ်ရှင်အစည်းအရုံးက ပေးတာလည်း ဖြစ်တယ်ဆိုတော့ တကယ်ကို တတ်သိနားလည် တတ်ကျွမ်းကြတဲ့ ပညာသမားတွေက ရွေးချယ်ဆုံးဖြတ်သွားမယ် ဆိုတော့ သူတို့ရဲ့ရွေးချယ်မှုက မှန်ကန်လိမ့်မယ်ဆိုတာ ကစ်အနေနဲ့ လုံးဝ ယုံကြည်ပါတယ်။ 


အရင်နှစ်တွေနဲ့တော့ မတူလောက်ဘူးလို့ ထင်ပါတယ်။ ကစ်ကိုယ်တိုင်လည်း ဒီကားကို ဘယ်လိုပဲဖြစ်ဖြစ် မရိုက်ခင် ကတည်းကရယ်၊ တကယ်ကို စိတ်နှစ်ပြီးတော့ ကြိုးစား သရုပ်ဆောင်ထားတာပါ။ မရိုက်ခင် ဇာတ်လမ်းလာပေး ကတည်းက ဒီဇာတ်ပေါ်မှာ အရမ်းကို စိတ်ထည့်ထားတယ်။ ရိုက်တော့လည်း တကယ့်ကို အင်တိုက်အား တိုက်နဲ့ လုပ်နိုင်သလောက်၊ တတ်သလောက် အကုန်လုံး ကြိုးစားပြီးလုပ်ခဲ့တာပါ။ 


ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်တော့ ဒီဇာတ်ထဲက ဂါဂါဆိုတဲ့ ဇာတ်ရုပ်အပေါ်မှာ သရုပ်ဆောင်တာကို ယုံကြည်ပါတယ်။ ကိုယ့်ရဲ့ကြိုးစားမှုရဲ့ ရလဒ်ကိုတော့ အသိအမှတ်ပြုတာ ခံချင်တာပေါ့။ လတ်တလောမှာတော့ နှင်းခါးဝိုင်ဆိုတဲ့ ဗီဒီယို ဇာတ်ကားလေးကို ကိုနေတိုးနဲ့ ရိုက်နေပါတယ်။ ဒါရိုက်တာကျော်ဇော်လင်းပါ။ ဒီဇာတ်ကားလေးက အချစ်နဲ့ဘဝကို ဖော်ညွှန်းထားတဲ့ ဒရာမာကားလေးပါပဲ။”လို့ သူမက ဖွင့်ဟသွားပါတယ်

Trend Myanmar

No comments:

Post a Comment

My Blog List