Sunday, September 07, 2014

ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးအဖွဲ့များကြား အပစ်ရပ်မှု ကုလ ကြိုဆို


ယူကရိန်း အစိုရနဲ့ နိုင်ငံရေးအရှေ့ပိုင်းက လက်နက်ကိုင်တွေကြားမှာ အပစ်ရပ်ထားတာဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။ဘန်ကီမွန်းရဲ့ ကြေညာချက်ကို ပြောခွင့် ရသူ စတီဖနီ ဒူဂျာရစ်က ဖတ်ကြားခဲ့ပြီး ယူကရိန်းနဲ့ ရုရှား သမ္မတတို့ ကြားမှာ လတ်တလော ဆွေးနွေးမှု ကနေ ထွက်ပေါ်လာတာ ရလဒ်အဖြစ် မှတ်ယူပြီး  ဒီလို ဆွေးနွေးမှုတွေကို ဆက်လုပ်သွားဖို့လည်း တိုက် တွန်းလိုက်ပါတယ်။

တချိန်တည်းမှာ အပစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင် အထည်ဖော်တဲ့နေရာမှာ ယုံကြည်စိတ်ချရပြီး ကျယ်ပြန့်လွှမ်းခြုံတဲ့ စောင့်ကြည့် စိစစ်မှုတွေဟာလည်းအရေးကြီးတယ်လို့ ပြောပါ တယ်။

ဒါကြောင့် သက်ဆိုင်သူတွေအားလုံး စိတ်စေတနာကောင်းနဲ့ သိသာတဲ့ ခြေလှမ်းတွေကို ချက်ချင်းလှမ်းပြီး ပြည့်စုံထိရောက်တဲ့ အကောင်အထည်ဖော် မှုတွေကို ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

အပစ်ရပ်စဲရေး သဘောတူညီချက်ဟာ ဘီလာရုနိုင်ငံ မြို့တော် မင့်စ်မြို့မှာ ယူကရိန်း အစိုးရ၊ ခွဲထွက်ရေး အုပ်စုတွေ၊ ရုရှားနဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအက်စီအီ) တို့က တက်ရောက် ဆွေးနွေးပွဲကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ယူကရိန်းမှာ မတ်လက စတင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း လူပေါင်း ၂၆၀၀ သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၂ သိန်းခြောက်သောင်းလောက် အိုးအိမ်တွေကနေ စွန့်ခွာခဲ့ရတာပါ၊

နိုင်ငံ အရှေ့ပိုင်းက မြို့တွေဖြစ်တဲ့ ဒွန်းညက်၊ လူ့ဟန့်စ်မြို့တွေဟာ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်တဲ့ ဒေသ တွေ ဖြစ်ပြီး ပြည်သူတွေ ၉၄ ရာခိုင်နှုန်းလောက် နေရာပြောင်းရွှေ့ခဲ့ရပါတယ်။ 

တိုက်ပွဲတွေကြောင့် အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ ရေ၊ ရိက္ခာတွေ၊ လျပ်စစ်တွေအားလုံး ပြတ်တောက် နေပါတယ်။ အခြေခံ အဆောက်အဦတွေ၊ လမ်းတွေလည်း ပျက်စီးသွားခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List