Sunday, September 07, 2014

ကုလလက်ထောက်အတွင်းရေးမှူးချုပ်နှင့်အဖွဲ့ မြန်မာနိုင်ငံသို့လာမည်


ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အာရှနှင်ပစိဖိတ်ဒေသဆိုင်ရာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ၏ အုပ်ချုပ်ရေးမှူးနှင့် ညွှန်ကြားရေးမှူးး  ဟောင်လျန်ရှု သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ တရားဝင်ခရီး လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ဟောင်လျန်ရှုသည် အဆိုပါတာဝန်များအတွက် ယမန်နှစ်စက်တင်ဘာလအတွင်းက စတင်၍ တာဝန်ပေး အပ် ခြင်းခံရပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုခရီးစဉ်အတွင်း မစ္စတာရှုနှင့်အတူ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးရုံး(OCHA)၏ ပူးပေါင်းဆောင်ရွက်ရေးနှင့် တုန့်ပြန်ဖြေရှင်းရေးဌာန ညွှန်ကြားရေးမှူး ဂျွန်ဂင်လည်း လိုက်ပါ လာမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် နေပြည်တော်တွင် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၊ အစိုးရ၀န်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မာင်အုန်း၊ ပြည်နယ်အစိုးရအရာရှိ များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၉ ရက်တွင် စစ်တွေနှင့် ပေါက်တောမြို့နယ်များရှိ ရွှေ့ပြောင်းဒုက္ခသည် စခန်းများသို့ သွားရောက် ကာ စက်တင်ဘာ ၁၀ ရက်တွင် စစ်တွေ မြို့ ရေချမ်းပြင် ရွာရှိ တံတားသစ်တစ်ခုဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်သည်။

ကုလသမဂ္ဂကိုယ်စားလှယ်များ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် ဦးစားပေး လုပ်ကိုင်လျက်ရှိသည့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များအား မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးသွားပြီး နိုင်ငံတွင်း ရေရှည် တိုးတက်ဖွံ့ဖြိုးရေးများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်နှင့် လူမှုစီးပွားအခြေအနေ မညီမျှမှုများ လျှော့ချ နိုင်ရေးအတွက်အစီအစဉ်များကိုလည်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်လျက်ရှိသည့် လူသားချင်းစာနာထောက် ထားမှု အစီအစဉ်များဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လေ့လာသွားပြီး ကုလသမဂ္ဂက ဦးဆောင်ပေးလုပ် ဆောင်ပေးရန်ရှိသည့် အကြောင်းအရာများအပေါ် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: UNDP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List