Tuesday, April 28, 2015

မြန်မာ နယ်စပ်အရေး ဖြေရှင်းဖို့ တရုတ်သမ္မတဆို


မြန်မာနဲ့ တရုတ်နိုင်ငံအကြား ပူးပေါင်းမှုတွေ မြင့်တင်ဖို့ တရုတ်သမ္မတနဲ့ လွှတ်တော်နာယက သူရ ဦးရွှေမန်း တို့ သဘောတူခဲ့ကြပါတယ်။ သူရဦးရွှေမန်းနဲ့ တရုတ်သမ္မတ ရှီကျင်ပင်းတို့ကမနေ့တုန်းက ဘေ ကျင်း မြို့မှာ တွေ့ဆုံစဉ်အတွင်း သဘောတူခဲ့ကြတာပါ။
သမိုင်းတလျှောက် ကောင်းမွန်လာတဲ့ တရုတ်နဲ့ မြန်မာ ဆက်ဆံရေးကို တရုတ်သမ္မတက ချီးမွမ်းပြောဆို ခဲ့ပြီး ရေရှည်မှာလည်း ဆက်လက် ပူးပေါင်းကြဖို့ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ်မှာ ဖြစ်နေတဲ့ ကိုးကန့် တိုက်ပွဲတွေကို လျှော့ချပြီး တည်ငြိမ်အေးချမ်းမှုရှိအောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

တရုတ်အစိုးရရဲ့ ကွန်မြူနစ်ပါတီက မြန်မာနိုင်ငံ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပေါ် ထားတဲ့ ဆက်ဆံရေးကို အလေးထားတဲ့အကြောင်း ပြောဆိုပြီး ပါတီနှစ်ခုအကြား အမြဲတမ်း ဆက်သွယ် ဖလှယ်မှုတွေ လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

လွှတ်တော်နာယက သူရဦးရွှေမန်းကလည်း အရင်နှစ်က လည်ပတ်ခဲ့တဲ့ တရုတ်ခရီးစဉ်ကို သတိယပြီး တရုတ်ကွန်မြူနစ် ပါတီနဲ့ ခင်မင်မှု ရှိသလို တရုတ်လူမျိုးနဲ့ တရုတ်သမ္မတ အပေါ်လည်း ခင်မင်ကြောင်း ပြော ဆိုခဲ့ပါတယ်။ တရုတ်ကွန်မြူနစ် ပါတီနဲ့ ဖလှယ်မှုတွေ၊ ဆက်ဆံရေးတွေ တိုးပွားအောင် ကြိုးစားသွားမယ်လို့ လည်း ပြောကြောင်း ရှင်ဟွာ သတင်းမှာ ပါရှိပါတယ်။

သူရဦးရွှေမန်းဟာ တရုတ်ခရီးစဉ်အပြီး မနက်ဖြန်မှာတော့ အမေရိကန်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List