Tuesday, April 28, 2015

နီပေါငလျင်ကြောင့် ရှေးဟောင်းအမွေအနှစ်များစွာ ပြိုကျပျက်စီး


နီပေါတွင် နှစ်ပေါင်း ၈၀ အတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့သည့် ငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်ငယ် များကြောင့် နီပေါ သမိုင်းဝင်အဆောက်အအုံများ ပြိုကျပျက်စီးသွားခဲ့ရကြောင်း BBC သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။
ခတ္တမန္ဒူတောင်ကြားဒေသရှိ UNESCO အသိအမှတ်ပြု ရှေးဟောင်း သမိုင်းဝင် နေရာခုနစ်နေရာအနက် အနည်းဆုံး လေးနေရာတွင် ပျက်စီးမှုများဖြစ်ခဲ့ကာ ရှေးဟောင်းမြို့တော် သုံးခုသည် ဆိုးဆိုးဝါးဝါး ပြိုကျ ပျက်စီးသွားခဲ့ရသည်။

ယဉ်ကျေးမှုရှုထောင့်မှ ကြည့်ပါက တွက်ချက်မရနိုင်လောက်အောင် ဆုံးရှုံးမှုဖြစ်သည်ဟု Nepali Times သတင်းမှ အယ်ဒီတာ ကွန်ဒါဒီဇစ်က ပြောကြားခဲ့သည်။

ငလျင်ဒဏ်ခံခဲ့ရသော ဘာဟက်တာပူရ်မြို့သည် ကောင်းမွန်စွာ ထိန်းသိမ်းထားသော ရှေးဟောင်း မြို့တော်ဖြစ် ကာ နေအိမ်ပေါင်း ထက်ဝက်ခန့်နှင့် ဘုရားကျောင်း ပုထိုး ၈၀ ရာခိုင်နူန်းခန့် ပျက်စီးသွား ခဲ့သည်။ ပြိုကျခဲ့မှုများတွင် တစ်ချိန်က မြို့တော်ခတ္တမန္ဒူ၏ အမြင့်ဆုံး အဆောက်အအုံ ဖြစ်ခဲ့သော ဒါရာ ဟာရ မျှော်စင်လည်း ပါဝင်ခဲ့သည်။

၁၈၃၂ ခုနှစ်တွင် နီပေါ၏ ပထမဆုံး ဝန်ကြီးချုပ် တည်ဆောက်ခဲ့သော အဆိုပါ မျှော်စင်နေရာသည် နိုင် ငံခြားသား ခရီးသွားဧည့်သည်များ စိတ်ဝင်စားရာနေရာ ဖြစ်ခဲ့သည်။

လူသိများသော စေတီပုထိုး ဖြစ်သည့် ဗုဒ္ဓမျက်လုံးတော်ဟု ခေါ်ဝေါ်ကြသည့် သာသနိကနေရာကား မပျက် စီးခဲ့ပေ။ဗုဒ္ဓဘာသာ စေတီပုထိုးများနှင့် ဟိန္ဒူဘုရားကျောင်းများစွာ ပျက်စီးခဲ့ရသေးသည်။

ပျက်စီးသွားသော ရှေးဟောင်းအမွေအနှစ် နေရာများကို ပြန်လည်တည်ဆောက်နိုင်ခြင်း ရှိမရှိကို တိုင်း တာလေ့လာမှုများ မပြုလုပ်ရသေးပေ။

“ခတ္တမန္ဒူ၊ ဘာဟက်တာပူရ်နဲ့ လာလစ်ပူရ်တို့က ကမ္ဘာ့အမွေအနှစ် နေရာတွေ တော်တော်များများ ပျက်စီး သွားပါတယ်” ဟု သမိုင်းပညာရှင် ပရက်သျှိုတန်ဟိုချန်ရှရက်သာက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List