Monday, April 27, 2015

နီပေါငလျင်အတွက် အကူအညီများ ပေးနိုင်ရန် မြန်မာ အသင့်ပြင်ထား


နီပေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ပြီး နောက်လိုအပ်သည့် အကူအညီ များပေးနိုင်ရန် စနစ်တကျ သင်တန်းပေးထားသော စေတနာ့ ၀န်ထမ်းရှစ်ဦး အသင့်ပြင်ဆင်ထား ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာ လှရွှေက ပြောသည်။
အရှေ့တောင်အာရှ ကြက် ခြေနီအဖွဲ့က နီပေါငလျင်ဒဏ်ခံရ သူများအား သွားရောက်ကူညီမည် ဆို သည်နှင့် မြန်မာနိုင်ငံအနေဖြင့်  ပါဝင်ကူညီနိုင်ရန် စာရင်းပေးထားကြောင်း မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ သတင်းရရှိသည်။

‘‘အခုအချိန်ပြည့် စောင့် ကြည့်နေပြီး လိုအပ်တာနဲ့ ၂၄ နာရီအတွင်း သွားကူညီမှာပါ’’ဟု အသင်း ညွှန် ကြားရေးမှူး ဦးမောင်မောင်က ပြော သည်။‘‘နီပေါငလျင်အတွက် အကူအညီလိုအပ်ရင် ပေးနိုင်ဖို့အ တွက် နိုင်ငံ တကာအဆင့် သင်တန်းပေးထားတဲ့ စေတနာ့ဝန်ထမ်းတွေကို အသင့်ပြင်ပေး ထားပါတယ်။ တခြားလိုအပ်တဲ့ ပစ္စည်းနဲ့ ငွေကြေးအကူအညီတစ်ခုခုကို လည်း ပေးဖို့ စီစဉ်နေပါတယ်’’ဟု ဒေါက်တာ သာလှရွှေက ပြောသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် နီပေါနိုင်ငံ ငလျင်နှင့်ပတ်သက်သည့် ပျက်စီးဆုံးရှုံးမှု၊ လူသေဆုံးမှု စာရင်းများကို စောင့်ကြည့်လေ့လာနေပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ လိုအပ် သည့် အကူအညီများ ပေးအပ်မည်ဟု ဆိုသည်။

‘‘ပြီးခဲ့တဲ့ ရက်ပိုင်းကတောင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ချုပ်က လိုအပ်ရင်အကူအညီပေးနိုင်မယ့် စာရင်းတောင်းတဲ့အတွက် ပေးထားပါတယ်။ သူတို့ဆီက အကူအညီတောင်းလာတာနဲ့ ပေးနိုင်ဖို့ အသင့်ပြင် ထား ပါတယ်’’ဟု ဒေါက်တာသာလှရွှေက ပြောသည်။ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသည် နိုင်ငံတ ကာနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရ ရှိသည်။


7Day News Journal

No comments:

Post a Comment

My Blog List