Monday, April 27, 2015

အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့မှာရိုက်ကူးခဲ့တဲ့ ခွန်းဆင့်နေခြည်ရဲ့ ‘စာလာလာမဖတ်နဲ့’ဒီဗီဒီ


‘စာလာလာမဖတ်နဲ့’ ဒီဗီဒီထွက်ရှိနိုင်ရန် ၂ နှစ်ခန့်အချိန်ယူခဲ့ရပြီး သီချင်းတစ်ပုဒ်ချင်းစီကို ဇာတ်ကားတစ် ကား ရိုက်ကူးထားသကဲ့သို့ ပုံဖော်ရိုက်ကူးထား ကြောင်း ခွန်းဆင့်နေခြည်က ပြောသည်။ ‘‘အော်ဒီယိုနဲ့ အမ်တီဗီက ၂ နှစ်ကျော်လောက်ကွာသွားတယ်။ အချိန်ဟသွားပေမယ့် အကောင်း ဆုံးဖြစ်အောင်တော့ ပုံဖော်ထား နိုင်ပါတယ်။    


ကိုယ့်ဟာကိုယ် လည်း သီချင်းအပုဒ်တိုင်းကို အား ရပါတယ်’’ဟု ခွန်းဆင့်နေခြည်က ပြောသည်။

‘စာလာလာမဖတ်နဲ့’ အမ်တီ ဗီကို မေလ ၁ ရက်တွင် ဖြန့်ချိ မည်ဖြစ်ပြီး အမေရိကန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ တွင် ရိုက်ကူးထား သည့် သီချင်းများလည်းပါဝင် ကြောင်း ခွန်းဆင့်နေခြည်က ပြောသည်။

ဒီဗီဒီထဲကသီချင်းအချို့ကို ၂၀၁၄ အတွင်းက အမေရိကန် နိုင်ငံသို့ ဖျော်ဖြေရေးခရီးစဉ်လေးကြိမ်သွားရောက် စဉ်  ရိုက်ကူးခဲ့ ခြင်းဖြစ်ပြီး မြင်ကွင်းအသစ် အဆန်းများ မြင်တွေ့ရမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

‘‘ထိုင်းမှာဆိုရင် ထိုင်းမော် ဒယ်တွေနဲ့ ထိုင်းမြင်ကွင်းတွေမှာ ရိုက်ထားတာရှိတယ်။ နောက်ပြီး ပတ္တရား ကမ်းခြေမှာလည်း ရိုက်ထားတယ်’’ဟု ခွန်းဆင့်နေခြည် က ပြောသည်။

ပြည်ပရိုက်ကူးရေးတွင် ဘာသာစကား မတူညီသော ကြောင့် လိုချင်သည့် ပုံစံရရှိရန် အချိန်ပေး၍ ရိုက်ကူး ရပြီး ပြည်တွင်းရိုက်ကူးရေးမဟုတ်သော ကြောင့် ကိုယ့်အိတ်ကိုယ်ဆွဲ၍ ရိုက်ကူးခဲ့ရကြောင်း ပြည်ပရိုက် ကူးရေးအတွေ့အကြုံကို    ပြော သည်။

ပရိသတ်များအတွက် ကြိုးစားပုံဖော်ရိုက်ကူးထားသော ကြောင့် ပရိသတ်များအနေဖြင့် အသိအမှတ်ပြုလိမ့် မည်ဟု မျှော် လင့်ပြီး အကောင်းအဆိုးဝေ ဖန်မှုများကိုလည်း လက်ခံမည်ဟု ၎င်း က ဆိုသည်။

ပရိုမိုးရှင်းအစီအစဉ်များ ကို မေလ ၂ ရက်တွင် ပြည်သူ့ ရင်ပြင်၊ မေလ ၃ ရက်တွင် ကန် တော်ကြီးနှင့် မေလ ၁၀ ရက်တွင် လှိုင်သာယာမြို့နယ် တို့၌ ပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

7Day News Journal

No comments:

Post a Comment

My Blog List