Tuesday, April 28, 2015

ရွေးကောက်ပွဲပြီးတဲ့အထိ ကျောင်းသားတွေကိုစစ်လို့ပြီးမှာလား


နေရာသည်ကား လက်ပံတန်းအချိန်ကား ၉ နာရီခန့် နံနက်ခင်းဟု ဆိုနိုင်သော်လည်း နေအပူရှိန်မှာ သာမန်ထက်လွန်ကဲ၍နေလေသည်။ ရန်ကုန်နှင့်ပြည်သို့ဆက်သွယ်သွားရာ အဓိကမိန်းလမ်း ကြီးဘေးတွေ တည်ရှိသောကြောင့် အဝေးပြေးကားများ တစ်ထောက်ရပ်နားရာနေရာ အဖြစ် အတန်ငယ်စည် ကားလျက် ရှိသည်။
ထိုစဉ် စားသောက်ဆိုင်တစ်ဆိုင်မှ ဆိုင်ရှင် ဟုယူဆရသူခပ်ဝဝ အမျိုးသမီး တစ်ဦးမှ ''သူတို့တွေ လာတော့ မယ်ဟေ့ ခဏနေလမ်းအကုန်ပိတ်ကုန်တော့ မယ် မြန်မြန်လုပ်ကြ''ဟု ဆိုင်ထဲမှလူအချို့အား ဆော်သြ ၍နေလေသည်။

အဆက်အစပ်မရှိ ရုတ်ချည်းပြော ချလိုက်သောစကားနှင့် ရေးကြီးသုတ်ပြာ ဖြစ်နေသောသူ ၏ပုံ သဏ္ဌာန်ကြောင့် ဆိုင်ထဲရှိလူအချို့မှာစားသောက် နေလက်စဖြင့် မိမိစီးလာသောယာဉ်ပေါ်သို့ပင်တက် ပြေး ရမလို။ လူအချို့မှာလဲ ရပ်ထားသောကားပင်ထိုနေရာမှ မောင်းပြေးရမလို ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။

ထိုစဉ် ခရီးစဉ်တစ်ထောက်ရပ်နားကာ အနား ယူနေဟန်တူသည့် အသက် ၃ဝ ဝန်းကျင် အမျိုးသား တစ်ဦးမှ ''ဘာဖြစ်လို့လဲအစ်မကြီး''ဟူသော မေးခွန်းဖြင့် ရုတ်ရုတ်သဲသဲဖြစ်နေသော အခြေအနေကို ထိန်းသိမ်း လိုက်လေသည်။

ထိုစဉ်အခါမှ ဆိုင်ရှင်အမျိုးသမီးမှာ ၄င်း၏အခြေအနေကိုသဘောပေါက် ဟန်ဖြင့် ရယ်ကျဲ ကျဲဖြစ်ကာ ဟိုကလေးတွေလာတော့မှာမိုလို့ပါဟု ပြန် လည်ပြောဆိုလေသည်။ ခရီးသည်များမှာ ထိုအဖြေအား နားမလည်ဟန်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လျက်။

ဆိုင်အတွင်းသို့ရောက်ရှိနေသော ဒေသခံ အချို့နှင့်သတင်းမီဒီယာသမား အချို့ကမူ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ကာ အဓိပ္ပာယ်ပါပါပြုံး လျက် ရုတ်ချည်း ဆိုသလိုပင် လက်ပံတန်းမြို့ထဲသို့ ထွက်ခွာ သွားကြလေ သည်။ သူတို့၏ဦးတည်ရာကား လက်ပံတန်း မြို့နယ်တရားရုံးသို့ပင်။

အဆိုပါ အဖြစ်အပျက်မှာ လက်ပံတန်းမြို့ တွင် ၁၄ရက်တစ်ကြိမ်ပုံမှန်ဖြစ် ပျက်နေသော အဖြစ် အပျက်ဖြစ်ပြီး မြို့ခံများအဖို့မဆန်းတော့သော်လည်း ဖြတ်သန်းသွားလာသည့်ခရီးသည်တိုင်းလိုမူ ယခုအချိန် ထိ အဆိုပါအဖြစ် အပျက်ကိုမြင်တွေ့တိုင်း အထူးအဆန်း သဖွယ်မေးကြသည်ဟု မြို့ခံတစ်ဦး ဖြစ်သူ ဆိုင်ကယ်ကယ် ရီဆရာကိုဖြိုးကဆိုသည်။

''ဒီအချိန်ရောက်ရင်အဲဒီလိုပါပဲတစ်မြို့လုံး ရုတ်ရုတ်သဲသဲပဲ။ ကျွန်တော်တို့မတ်လက ဖမ်းသွားတဲ့ ကျောင်း သားတွေနဲ့မြို့ခံတွေကို ရုံးထုတ်တာလေ။ သာ ယာဝတီကနေဒီသယ်လာတာ ဒီအချိန်ဆိုမြို့မှာအရမ်း စည်တာ လုပ်လက်စအလုပ်တောင်ပစ်ထားပြီး လာကြည့် ကြတာများတယ်။ ပြီးတော့ ရန်ကုန်ကလူတွေလဲ ဒီချိန် အရမ်းလာတော့ စားသောက်ဆိုင်တွေကအစ ကျွန်တော့် တို့လိုကယ်ရီတွေပါ အလုပ်ဖြစ်တယ်၊ ရဲတွေလဲ အများကြီး ကားတွေရောပဲ'' ဟု၎င်းကဆိုသည်။

လက်ပံတန်းမြို့နယ်တရားရုံးသို့ရောက်စဉ် တရားရုံးပရဝဏ်ပြင်ပတွေ အသင့်စောင့်ကြိုနေသော အင်အား ၃ဝဝ ဝန်းကျင်ခန့်ရှိသည့်လူအုပ်ကြီးက ၄င်း ၏ပြောစကား မှန်ကန်ကြောင်းသက်သေပြလျက်ရှိသည်။ ထို့နောက် ၁ဝနာရီထိုးရန် ၁ဝမိနစ်ခန့်အလိုတွင် ရဲအင် အား ၅ဝဝန်းကျင်ခန့်မှ လက်ပံတန်းမြို့၌နေရာယူ ကာ အချို့ကလက်ပံတန်းမြို့ လယ်မှတရားရုံးသို့ဝင်ရောက် သည့် မိန်းလမ်းအား သံကြိုးများဖြင့် အခိုင်အမာ ပိတ်ဆို့ လိုက်လေသည်။

ထို့နောက်အဝင်အထွက်အားစစ်ဆေးတင်းကျပ်ကာ အဆိုပါလမ်းသို့ဖြတ် သန်းသွားလာလိုသော မော်တော် ယာဉ်များအားလည်း ရှောင်လမ်းမှသွားလာရန် ရဲများမှစီစဉ်ညွှန်ကြားလျက်ရှိပေသည်။

မကြာမီ လက်ပံတန်းတရားရုံးရှေ့လူအုပ်ကြီးစောင့်မျှော်နေသော ဖမ်းဆီးခံကျောင်းသားများအားတင်ဆောင် လာသည့်အချုပ်ကားသုံးစီး တရားရုံးအ တွင်းသို့ လူအုပ်ကြီးအားဖြတ်သန်း၍ ဝင်ရောက်လာကာ အဆိုပါ အချုပ်ကားသုံးစီး၏ ရှေ့နောက်ဝဲယာတွင်မူ လုံခြုံရေးအင်အား အပြည့်ပါသော မော်တော်ယာဉ်များ ဖြင့် ပိတ် ဆို့ကာရန်ထားလျက်။

ထိုသို့ဝင်ရောက်လာစဉ် ဖမ်းဆီးခံအချုပ်ကား ပေါ်မှ ကျောင်းသားများနှင့် ဝန်းရံပြည်သူများမှာ သွေး သစ္စာ သီချင်းအားပြိုင်တူသီဆိုခဲ့ပြီး ရိုက်နှက် ဖမ်းဆီး ထားသော ကျောင်းသားများနှင့်ဝန်းရံပြည်သူများအား ချက်ခြင်း လွှတ်စာတန်းပါဆိုင်းဘုတ်များ ကိုင်ဆောင် တောင်းဆိုခဲ့ကြသော်လည်း အပြာရောင်အချုပ်ကား သုံးစီးမှာ ၄င်း၏ဦးတည်ရာလက်ပံတန်းတရားရုံးပရ ဝဏ် အတွင်းသို့ပင် ဆိုက်ဆိုက်မြိုက်မြိုက်ဝင်ရောက် သွားလေသည်။

တရားရုံးပြင်ပတွင် ကျန်ရစ်ခဲ့သောဒေသခံများနှင့် ဖမ်းဆီးခံကျောင်းသား များ၏မိဘများ မကျေ နပ်သံ စကားသံများနှင့် ဆူညံပွက်လောရိုက်လျက်။အဆိုပါအဖြစ်အပျက်များ၏အစကို နောက် ကြောင်းပြန်ရစ် ကြည့်မည်ဆိုပါက မတ်၁ဝ ရက် လက် ပံတန်းမြို့လယ် နံနက် ၁ဝနာရီနောက်ပိုင်းသို့ပြန်လည် ကြည့်ရှု ရမည်ဖြစ်သည်။ လွှတ်တော်မှအတည်ပြုဆုံး ဖြတ်ခဲ့သော အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ပြန် လည်ပြင်ဆင်ပေးရန် ဗကသ၊ တကသအဖွဲ့များမှာ လေးရက်တိုင်ဆန္ဒထုတ်ဖော်ပြီးနောက် ရက်ပေါင်း ၆ဝ အစိုးရသို့ ရာဇသံပေးကာ စောင့်ဆိုင်းခဲ့သည်။

အစိုးရမှ ရက်ပေါင်း ၆ဝ အတွင်းတစ်စုံတစ်ရာမတုံ့ပြန်သည့်အတွက် တစ်နိုင်ငံလုံးမှ ဗကသ၊ တကသ အဖွဲ့ဝင် ကျောင်း သားများမှ စစ်ကြောင်းကြီးလေးကြောင်းဖြင့် ရန်ကုန်သို့ ချီ တက်ကာ ရန်ကုန်တွင်ထိုင် သပိတ်ဆင် နွှဲ၍ သပိတ်မှောက်တောင်းဆိုရန် ချီတက်လာပြီး ¤င်းတို့ စစ်ကြောင်း များဖြတ်သန်းသွား ရာ ဒေသတစ်လျှောက် တွင် လူထုထောက်ခံမှုအပြည့်အဝရရှိကာစစ်ကြောင်း အရှိန်မြှင့်လာခဲ့သည်။

ထိုသို့စစ်ကြောင်းအရှိန်မြင့်လာချိန်တွင် အစိုးရမှ သပိတ်စစ်ကြောင်းအား ဦးဆောင်လာသော ကျောင်းသား များအားအကြိမ်ကြိမ်ခေါ်ယူတွေ့ဆုံမှု များပြုလုပ်ကာ နောက်ဆုံးတွင်းကျောင်းသားများတောင်း ဆိုသော အချက် ၁၁ချက်ပါ အချက်အလက်များအား ယေဘုယျအားဖြင့် သဘောတူညီခဲ့သည်။ ထိုသို့သဘော တူညီ ချက်ရရှိခဲ့သည့်အတွက် စစ်ကြောင်းသုံးကြောင်း မှာနောက်ကြောင်းပြန်လှည့်ခဲ့ပြီး ပင်မသပိတ်စစ်ကြောင်း တစ်ခုတည်းသာ ကျန်ရှိခဲ့သည်။

ထို့နောက်ကျောင်းသားများမှ တောင်းဆိုသော အချက်အား လွှတ်တော်မှ သတ်မှတ်ရက်အတွင်း အ တည် ပြုပေးရန်လွှတ်တော်အားတောင်းဆိုခဲ့ပြီး သတ်မှတ်ရက် အတွင်း အတည်မပြုပေးသည့်အတွက် ပင်မသပိတ်စစ် ကြောင်းပြန်လည်အသက်ဝင်လာကာ ဆက်လက်ချီတက် ရန်ကြိုပမ်းခဲ့သည်။ သို့သော် ၄င်းတို့စစ်ကြောင်းတည် ရှိနေရာ လက်ပံတန်းမြို့အား အစိုးရမှမတ် ၂ရက်တွင် အခိုင်အမာပိတ်ဆို့ခဲ့ပြီး ရန်ကုန်သို့ဆက်လက်မချီတက် ရန်တားမြစ်ခဲ့သည်။

ရှစ်ရက် တိုင်တိုင်နှစ်ဖက်ထိပ်တိုက်အခြေ အနေနှင့် ရင်ဆိုင်ခဲ့ပြီး မတ် ၁ဝရက်တွင်အစိုးရနှင့် ကျောင်းသား များမှ နားလည်မှုကွဲလွဲသည်မှ အစပြုသည်ဟုဆိုကာ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်တွင်း ပြည်ပအဖွဲ့ အ စည်းပေါင်းစုံမှ ဝေဖန်ပြစ်တင်ခဲ့သည့် တရားဝင်လူရိုက်ဖမ်း ပွဲကြီး အစိုးရမှ ဆင်နွှဲခဲ့သည်။ အဆိုပါ လူ ဖမ်းပွဲတွင် အမျိုးသားပညာရေး ဥပဒေပြန်လည် ပြင်ဆင်ရေးသပိတ်မှောက်ကျောင်းသားများဝန်းရံပြည် သူ များနှင့် မီဒီယာသမားများအပါအဝင် လူပေါင်း ၁၂၇ ယောက်ဖမ်းဆီးခံခဲ့ ရသည်။

ထို့နောက် လူပေါင်းထက်ဝက်နီးပါးအား ကွင်းလုံးကျွတ် ဖြစ်စေ အာမခံဖြင့်ဖြစ်စေပြန်လွှတ်ပေးခဲ့ပြီး လက်ရှိ အချိန်အထိ သပိတ်ကျောင်းသားခေါင်းဆောင်အချို့နှင့် ကျောင်းသား ၇ဝဦးအား ဖမ်းဆီးချုပ်နှောင်ထားကာ ကျန်ကျောင်းသားခေါင်းဆောင်အချို့အား ဖမ်းဝရမ်း ထုတ်ကာ လိုက်လံရှာဖွေလျက်ရှိသည်။

''ဒီနေ့ကတော့အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးသပိတ်မှောက်ဆန္ဒပြ မှုကြောင့် သာယာဝတီ အကျဉ်းထောင်မှဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းက ကျောင်း သား ကျောင်းသူနဲ့ ဝန်းရံပြည်သူ ၇ဝဦးကို ငါးကြိမ်မြောက်ရုံး ထုတ်စစ်ဆေးတာပါ။ ဒီနေ့ သာယာဝတီ တရားရုံးမှာ ပြောင်းလဲစစ်ဆေးဖို့ ခရိုင်တရားရုံးကအမိန့်ချ လိုက်တယ်။

ပြီးတော့ ရုံးရှေ့မရောက်သေးတဲ့သူတွေရှိတဲ့အတွက် အမှုကတော့ စစ် ဖြစ်ဦးမှာ မဟုတ်သေးပါဘူး။ ဝရမ်းထုတ်ခံထားရတဲ့သူတွေ တရားရုံး မရောက်သေးဘူးဆိုရင်လဲ အမှုကိုမျက်ကွယ်စစ်ဖို့ကို သာယာဝတီ တရား ရုံးမှာပဲလုပ်မှာပါ''ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ဧပြီ ၂၃ ရက်တွင် ပြော ကြားသည်။

မတ် ၁ဝရက်ဖမ်းဆီးချုပ်နှောင်ချိန်မှစ၍ လက်ရှိတိုင် ရုံး ချိန်းငါးကြိမ်တိုင်တိုင် ထုတ်ပြီးခဲ့သော်လည်း တစ်စုံ တစ်ရာစစ်ဆေးခြင်း မရှိခြင်းသည် စစ်ဆေးနိုင်သည့် ပြစ်ဒဏ်မရှိ၍ မစစ်ဆေးခြင်းသာဖြစ်ပြီး မတရား ဖမ်းဆီးချုပ်နှောင်ထားခြင်းသာဖြစ်ကြောင်း ဖမ်းဆီးခံကျောင်း သားမိဘများက စွပ်စွဲပြောဆိုသည်။

''လက်ရှိအချိန်ထိ ဘာမှစစ်ဆေးတာမရှိသေးဘူးလို့ ကလေး ကပြောတယ်။ တကယ်လဲ မစစ်သေးဘူး လို့ ရှေ့နေတွေကပြောတယ်။ မစစ်ဘဲ ဒီလောက်အကြာကြီး ထောင်ထဲထည့်ထားတယ် ဆိုကတည်းက သံသယဖြစ်စရာကောင်းပါတယ်။ ခုလဲ လက်ပံတန်းကနေ သာယာဝတီ ရုံးကို ပြောင်းစစ်မယ်ပြောပါတယ်။ ဘာလို့ပြောင်းတာလဲတော့ နား မလည်ပါဘူး။ ငါးကြိမ်လောက်ကို ဒီလက်ပံတန်းမှာပဲ စစ်လာပြီးတော့ ခုမှပြောင်းတာ ရိုးရိုးသားသား မဖြစ်နိုင်ပါဘူး''ဟု ဖမ်းဆီးခံကျောင်းသား တစ်ဦး၏မိခင်က ပြောသည်။

ကျောင်းသားများအား ရုံးတင်ရာတွင်လည်း တရားဥပဒေနှင့် မညီသော လုပ်ရပ်များစွာရှိနေသလို ခံစားနေ ကြရပုံပေါက်နေသည်ဟု ဆိုကြသည်။ ''ဥပမာ-ထုတ်တဲ့ရုံးချိန်းတိုင်း ဥပဒေအတိုင်းဆိုရင် အမျိုးသမီးအကျဉ်း သူကို လက်ထိပ်ခတ်ခွင့်မရှိဘူး။ နောက် အများပြည်သူ လေ့လာခွင့်မရှိဘဲ ရုံးတင်တယ်ဆိုတာကလဲ လုံးဝ ဥပဒေနဲ့ မညီဘူး။ အရင်အပတ်ကဆို လုံးဝ မိဘတွေဝင်ခွင့်မပေးဘူး။ ပရဝဏ်ထဲကိုတောင် မှဝင်ခွင့်မပေး ဘူး မိဘတွေပေါင်းပြီး တစ်နာရီလောက် ဆန္ဒပြတော့မှ ဝင်ခွင့်ရကြတာ''ဟု ငါးကြိမ်မြောက်ရုံးထုတ်ရာတွင် မဖြိုးဖြိုးအောင်၏ဖခင်ဖြစ်သူ ဦးနေဝင်းကဆိုသည်။

မိမိတို့အား လက်ရှိစွဲဆိုထားသည့်ပုဒ်မများသည်လည်း မိမိ တို့ အမှန်တကယ်ကျူးလွန်ခဲ့ခြင်းမရှိကာ အစိုးရ ဘက်မှသာ မိမိတို့နှင့် သဘောတူညီထားသည့်အချက်များ စတင် ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီး ခံကျောင်းသားများရုံးထုတ်ပြီးနောက် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြသည်။ အစိုးရနှင့် ပထမအ ဆင့်အဖြစ် နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများတွင် ကျောင်းသားများအား တရားစွဲဆို အရေး ယူခြင်းမရှိရန် သဘောတူထားခဲ့သည်။ 

သို့သော် ကျောင်းသား များဘက်မှလည်း တောင်သာမှ ကျောက်ပန်းတောင်းအထိ ဆက်လက် ချီတက်ခဲ့ သည့်အတွက် တစ်ဖက်နှင့်တစ်ဖက်အကြား ထောက်ပြစရာ ဖြစ်ခဲ့သည်။ နှစ်ဖက်ချိုးဖောက်မှုများ ရှိလာ သည့်အတွက် သဘောတူညီ ချက်က အသက်မဝင်တော့သယောင်ပင်။

ဖမ်းဆီးခံကျောင်းသားများအား အခြားထောင်သားများနှင့် အတူတူထား ရှိခြင်းမရှိဘဲ သီးသန့်ထားသည့် အတွက် ကျောင်းသားအချို့ က မကျေနပ် ချင်ကြပေ။ ထောင်ထဲရှိအနေထားမှာလည်း အနည်းငယ် ဆိုးဝါး သည်ဟု ညည်းညူကြသည်။ အဆိုးရွားဆုံးမှာ ဖမ်းဆီးခံကျောင်း သားများနှင့် ¤င်းတို့၏ရှေ့နေများကို အချိန်သီးသန့်ကြာမြင့်စွာ ဆွေး နွေးခွင့်မပြုခြင်း ကလည်း ကျောင်းသားများ၏လွတ်လပ်ခွင့် တရားဝင် ချိုးဖောက်လိုက်ခြင်း ဖြစ်ကြောင်း ကျောင်းသားမိဘများကဆိုကြသည်။

''ရှေ့နေနဲ့က တစ်ကြိမ်မှ ကောင်းကောင်း တွေ့ရတယ်ကို မရှိသေးပါဘူးလို့ သမီးကပြောတယ်။ ဒါကြောင့် ရှေ့နေနဲ့ တိုင်ပင်စရာ ရှိတာ ဘာမှမတိုင်ပင်ရသေးဘူး''ဟုမဖြိုးဖြိုးအောင်၏ဖခင် ဒေါက် တာ နေဝင်း က ဆိုသည်။

''ရှေ့နေနဲ့တွေ့ရတာ တရားရုံးထဲမှာပဲတွေ့ရတယ်။ စကား အနည်းအကျဉ်း ပဲ ပြောလို့ရတယ်။ ကိုယ့်ဘက် က တွေ့ချင်ရင် တွေ့ခွင့်မရှိ ဘူး''ဟု ဖမ်းဆီးခံကျောင်းသားတစ်ဦးကဆိုသည်။ ဖမ်းဆီးထိန်းသိမ်းထား သည့် အချိန်တစ်လကျော်အတွင်း အမှုစစ်ဆေးမှု တစ်စုံတစ်ရာမရှိသေး သော်လည်း ကျောင်းသားများအား စွဲချက်တင်သည့်အမှုမှာ ပို၍သာတိုး လာခဲ့သည်။

ကျောင်းသားခေါင်းဆောင်နှစ်ဦးဖြစ်သည့် ကိုနန္ဒစစ်အောင် နှင့် မဖြိုးဖြိုးအောင်အား ဗိုလ်တထောင် ရဲ စခန်းနှင့် ကိုဖြိုးဓနနှင့် မဖြိုးဖြိုး အောင်တို့ကို ပန်းပဲတန်းရဲစခန်းမှ တာဝန်ရှိသူများမှ ဧပြီ၂၂ရက်တွင် သာယာ ဝတီထောင်သို့တွေ့ဆုံ၍ ဖေဖော်ဝါရီ ၈ရက်က ပြုလုပ်သော ဆန္ဒပြပွဲနှင့် ပတ်သက်၍ ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲဆိုခဲ့ပြန်သည်။

''ပြောချင်တာက အစိုးရ လေးပွင့်ဆိုင်ကတိတည်ဖို့လိုတယ်။ ဒီကိစ္စတွေက ၁၅ ဦးကော်မတီသပိတ်ကနေ တာဝန်ခံပြီးပေါ်လာတဲ့ ဖြစ် စဉ်ဖြစ်တဲ့အတွက် ဒါတွေအကုန်လုံးကို တစ်နေရာတည်း စွဲစေချင်တယ်။ ခုတော့ ကျွန်တော်တို့မှာ ဒုက္ခရောက်တယ်။ မိဘတွေကိုယ်တိုင်လဲ သွားရ လာရ ဒုက္ခအရမ်းရောက်တယ် ။ ထောင်က စည်းကမ်းကျပ်တယ်။ ဆေးလိပ် ကွမ်း ပိတ်တယ်။ အဓိကက လေးပွင့်ဆိုင်ကတိတည်ဖို့ပဲ လိုပါတယ်''ဟု ဖမ်းဆီးခံကျောင်းသားတစ်ဦးဖြစ်သူ ကိုနန္ဒစစ်အောင်က ဆိုသည်။

လက်ရှိတွင် ခရိုင်တရားရုံးဆုံးဖြတ်ချက်အရ ကျောင်းသား၊ ကျောင်းသူနှင့် ဝန်းရံပြည်သူ ၇ဝ အား လက်ပံ တန်းတရားရုံးမှ သာယာ ဝတီသို့ ပြောင်းရွှေ့စစ်ဆေးရန် အမိန့်ချခဲ့ပြီဖြစ်သည်။

လက်ရှိအချိန်အထိ တစ်စုံတစ်ရာ စစ်ဆေးခြင်းမရှိသေးဘဲ ရုံးပြောင်းစစ်ဆေးခြင်းအပေါ် ပြည်သူတစ်ရပ်လုံး တရားမျှတမှုရှိ မရှိ စောင့်ကြည့်နေပါသည်။ လေ့လာသူများကတော့ နိုင်ငံရေးအခြေအနေများအပေါ် မူတည် ၍ အမှုသွား အမှုလာများကို ဆုံးဖြတ်စီရင်မည်ဖြစ်ပြီး တတ်နိုင်သမျှ ရွေးကောက်ပွဲပြီး သွားသည်အထိ ဆက်ထိန်းထားနိုင်သည်ဟု သုံးသပ်ကြသည်။

လွှတ် တော်အတွင်း ရောက်နိုင်သည့် အတိုက်အခံများထက် အပြင်တွင်ရောက် နေသူများက တစ်ခါတစ်ရံ ပိုမိုခြိမ်းခြောက်နိုင်သည့် အခြေအနေတစ် ရပ် ရှိသည်မှာလည်း မဟုတ်ပင်လော ဆိုသည်ကို ကျောင်းသား သပိတ် ချီတက်ရာလမ်းတလျှောက် မြို့ရွာများမှ ပြည်သူများ၏ ကြိုဆိုမှုများက သက်သေပြနေသည်မဟုတ် ပါလား။

တစ်ဖက်တွင်လည်း ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသား ဖြစ်သွားလျှင်လည်း ဖြစ်သွားသူ၏ နိုင်ငံရေး သိက္ခာက မြင့်သွားသည့် အစဉ်အလာ မြန်မာနိုင်ငံ တွင်ရှိနေပြီး ယခင် ခေတ်ကာလများမှာကဲ့သို့ နှစ် ရှည်ထောင်ဒဏ်ချထား လျှင်လည်း မသင့် လျော်သည့် ကာလရောက်နေပြီ မဟုတ်ပါလော။

#TheYangonTimes

No comments:

Post a Comment

My Blog List