Saturday, May 02, 2015

ချောက်မြို့တွင် မေဒေးနေ့ အထိမ်းအမှတ်အဖြစ် မေဒေးကျောက်တိုင်သို့ ချီတက်အလေးပြု


မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် မေဒေးနေ့အထိမ်းအမှတ်အဖြစ် ချောက်မြို့ရှိမေဒေး ကျောက်တိုင် သို့ ချီတက်အလေး ပြုခြင်းနှင့် ချောက်မြို့ ဒီချုပ်လူငယ်များနှင့် ပန်းရဲ့လမ်းအဖွဲ့သားများ ပူးပေါင်း၍ ဖျော်ဖြေမှု
များ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။
‘‘မြန်မာနိုင်ငံမှာ မေဒေးနေ့အမှတ်တရ ကျောက်တိုင်က ချောက်မြို့မှာပဲ ရှိတယ်။ ၁၉၆၄  ခုနှစ် ဦးနေ၀င်း အစိုးရလက်ထက်မှာ မေဒေးနေ့အခမ်းအနား လုပ်ခဲ့တာနောက်ဆုံးပဲ။ နောက်ပိုင်း အာဏာရှင်အစိုးရ ခေတ် အဆက် ဆက်မှာ မေဒေးနေ့အထိမ်းအ မှတ် ဂုဏ်ပြုပွဲအခမ်းအနား လုပ် တာမရှိသလောက်ပဲ။ ဒါကြောင့် အလုပ်သမားထုကို ကိုယ်စားပြု တဲ့ မေဒေးနေ့ အခမ်းအနားကို ပြန်လည်ဖော်ဆောင်တာပါ’’ဟု ချောက်မြို့ နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ လူငယ်တာဝန်ခံ ကိုခန့်ငြိမ်းကျော်က ပြောသည်။

ယခုနှစ် မေလ ၁ ရက်တွင် ကျရောက်သော မေဒေးနေ့အ မှတ်တရ ဂုဏ်ပြုပွဲ၌ နံနက်တွင် ပန်းရဲ့လမ်းအဖွဲ့ သားများနှင့် ချောက်မြို့ ဒီချုပ်လူငယ်များ မြို့ တွင်းလှည့်လည် ဖျော်ဖြေခြင်း၊ ချောက်မြို့တွင်သာ တည် ရှိသော မေဒေး ကျောက်တိုင်သို့ သွား ရောက်အလေးပြုခြင်းနှင့် ညနေ တွင် မေဒေးကျောက်တိုင်၌ ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ချောက်မြို့သည် အလုပ်သ မားလူတန်းစားကို ကိုယ်စားပြု သော မြို့တစ်မြို့ဖြစ်ပြီး အခြေခံ လူတန်းစား၊ လက်လုပ်လက်စား၊ ရေနံအလုပ်သမားများ များပြား ကြောင်းနှင့် အလုပ်သမားအခွင့် အရေးများ ဆုံးရှုံးနေ ရခြင်းအပေါ် အလုပ်သမားများက မိမိတို့၏ အလုပ်သမားအခွင့်အရေးကို သိမြင်တောင်းဆိုနိုင်ရန် ရည် ရွယ် ကြောင်း ၎င်းကပြောသည်။

‘‘အလုပ်သမားတွေကို ကိုယ်စားပြုတဲ့ အလုပ်သမား တော်လှန်ရေးကြီး ပေါ်လွင်စေဖို့ က အဓိက။ ၁၃၀၀ ပြည့်အရေး တော်ပုံကြီးကလည်း မြန်မာနိုင်ငံ လွတ်လပ်ရေး လမ်းကြောင်းပေါ် ကိုရောက်ဖို့ အဓိကတော်လှန်ရေး ကြီးပဲ။ အလုပ်သမားတွေရဲ့ ဒီ လုပ်ရပ်တွေကို ဂုဏ်ရောင်ပြောင် စေချင်တယ်’’ဟု မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List