Wednesday, April 29, 2015

HIV ပိုးရှိမရှိ အိမ်မှာပင် မိမိဘာသာ မိမိစစ်နိုင်သောပစ္စည်းကို ယူကေတွင် ထုတ်လုပ်ရောင်းချနေပြီ


HIV ပိုးရှိမရှိ လျင်မြန်စွာစစ် ဆေးသိရလျှင် HIV ပိုးရှိသူများအဖို့ ဆေးဝါးကုသမှု လျင်မြန်စွာခံယူနိုင်မည်ဖြစ် သည်။ သို့ဖြစ်၍ HIV ပိုးရှိ မရှိ လျင်မြန်စွာစစ်ဆေးနိုင်မည့်ပစ္စည်း ကိရိယာကို Bio Sure UK ကုမ္ပဏီ က တီထွင်ထုတ် လုပ်လိုက်ကြောင်း ယင်းကို Online ဖြင့်ဝယ်ယူ ရရှိနိုင် ကြောင်း သိရသည်။
အဆိုပါစမ်းသပ်စစ်ဆေးပစ္စည်း သစ်က သွေး တစ်စက်ရှိ ပဋိပစ္စည်း (antibodies) ကို ထောက်လှမ်းလေ့ လာသိရှိနိုင်သည်။ HIV ပိုးကူး စက်ရရှိထားသူ၏သွေးကို ယခင် နည်းဟောင်းဖြင့် စမ်းသပ်လျှင် ရလဒ်ကို သိရှိနိုင်ရန် သုံးလကြာ သည်။

ယခုတီတွင်ထုတ်လုပ်လိုက်သည့် ပစ္စည်းဖြင့် HIV ပိုးရှိ၊ မရှိလျင် မြန် စွာစစ်ဆေးသိရှိနိုင်လျှင် ယူကေတွင် HIV ပိုးရှိသူအရေ အတွက်ကို ၂၆၀၀၀ လျှော့ချနိုင်မည်ဟု ကုမ္ပဏီကမျှော် လင့်ထားသည်။

လက်ထိပ်မှဖောက်ယူ ၍ ရသော သွေးတစ်စက်ကို ယခုတီထွင်သည့် စမ်းသပ်ပစ္စည်းဖြင့် စစ်ဆေးနိုင်သည်။ HIV ပိုးရှိလျှင် ထိုပစ္စည်းတွင် ခရမ်း ရောင်လိုင်းနှစ်လိုင်းပေါ်လာသည်။

သွေးကိုစစ်ဆေးရာ၌ ထိုပစ္စည်း က HIV ပိုးမရှိဟုပြသော်လည်း ယင်း သည် ထိုသူ၌ HIV ပိုးကင်းသည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ သုံးလအတွင်း HIV ပိုးရှိချင် လည်းရှိနိုင်သည်ဟု ထို ပစ္စည်းကိုထုတ်လုပ်သည့် ကုမ္ပဏီ က ဆိုသည်။ HIV ပိုးရှိ မရှိစစ်ရန် ထိုပစ္စည်း ကို မိမိအိမ်မှာပင် မိမိဘာသာမိမိ စစ်နိုင်ကြောင်း ၊ ဆေးရုံ ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းသို့သွားရန်မလိုကြောင်း ကုမ္ပဏီက ဆိုသည်။

Ref: BBC News
#Democracytoday

No comments:

Post a Comment

My Blog List