Tuesday, April 28, 2015

မသန်စွမ်း အမျိုးသမီးများ အတွက်ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး သင်တန်း ပထမ အကြိမ်ဖွင့်မည်


မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီးများကိုခေါင်းဆောင်မှုစွမ်းရည်မြှင့် တင်ရေးနှင့်ရွေးကောက် ပွဲဆိုင်ရာ အခမဲ့ အသိပညာပေး ဒီပလိုမာလက်မှတ်ရ သင်တန်းတွင် မသန်စွမ်းအမျိုးသမီးများ ပါဝင်သင်ကြားနိုင်ရေး အထူးစီစဉ်ကာ လျှောက်လွှာခေါ်ယူလျက်ရှိသည်ဟု ယင်းသင် တန်းဖွင့်လှစ်သည့်ရောင်ခြည် သစ်ရုံးမှ တာဝန်ရှိ သူတစ်ဦးဖြစ်သည့်ဒေါ်ယမင်း သူဇာခိုင် ကပြောသည်။
ဒေါ်ယမင်းသူဇာခိုင်က “မသန်စွမ်းအမျိုးသမီးတွေအတွက် လွယ်ကူစွာ သင်ကြားနိုင်ဖို့ အထူးစီစဉ်ထားပါ တယ်။ သူတို့တွေဟာ လည်းရွေးကောက် ပွဲကို စိတ်ဝင် စားပြီး ပါဝင်ဆင်နွဲနိုင်ဖို့ ကိုယ့်အခွင့်အရေးကို လက်လွတ်မခံစေ ချင်ပါဘူး” ဟုဆိုသည်။

ယင်းသင်တန်းကို ယူကေ၊ သြစတြေးလျနှင့် ဆွဇ်ဇာလန်နိုင်ငံ တို့ရှိ နိုင်ငံ တကာရေးရာနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သုံးခု ၏ထောက်ပံ့ ကူညီမှုဖြင့်ဆောင် ရွက်ခြင်းဖြစ်ပြီး ၂၀၁၅ခုနှစ် ဧပြီမှ ၂၀၁၆ ခုနျစ် ဇန်န၀ါရီ အထိ အပိုင်း သုံးခု (မော်ဂျူးလ်သုံးခု) ခွဲ၍ပြုလုပ် သွားမည်ဖြစ်သည်။ သင်တန်း သူများ လိုအပ်သည့် တည်းခိုစရိတ်၊ စားသောက်စရိတ်၊ ခရီးစရိတ်များ ကိုရောင်ခြည်သစ် အဖွဲ့မှ ကျခံပေး မည်ဖြစ် သည်။

သင်တန်းကို အသက် ၂၈နှစ်အထက် တက္ကသိုလ်ဝင်တန်းအောင်နှင့် ဘွဲ့ရမည်သည့် အမျိုးသမီးတိုင်း တက်ရောက်နိုင်သည်။

အဆိုပါသင်တန်းတွင် ကျွမ်းကျင်သူ ဆရာများမှအမျိုးသမီးများကို ခေါင်းဆောင်မှုစွမ်းရည်မြင့်မားစေ ရန် အတွက် လိုအပ်သောနည်းပညာ၊ စွမ်းရည်နှင့် ဗဟုသု တများ၊ရွေးကောက်ပွဲတွင် အမျိုးသမီးများ မည့်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည်တို့ သင်ကြားမည့်အပြင် မဲပေးခြင်းဆိုင်ရာအသိ ပညာပေးခြင်းနှ င့်ဒေသ ဆိုင်ရာရွေးကောက်ပွဲကော် မရှင်ခွဲများ သို့လေ့လာရေး ခရီးစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

ယင်းသင်တန်းကို ဆရာဗဟိုပြုသင်ကြားခြင်းမဟုတ်ဘဲ သင်တန်းသားများ ပူးပေါင်း ပါဝင်ဆွေးနွေးသည့် ပုံစံဖြင့်သင် ကြားမည်ဖြစ် ပြီးမော်ဂျူးလ် သုံးခုလုံး တက်ရောက်အောင်မြင်သူကိုသာ သင်တန်း အောင်လက် မှတ်ပေးအပ်မည်ဟုလည်း ဒေါ်ယမင်းသူဇာခိုင်က ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List