Monday, April 27, 2015

ရုရှကွန်ပျူတာ ထွင်းဝိဇ္ဇာများက အိုဘားမား၏ အီးမေးစာလွှာများကို ဖတ်ကြားခဲ့ဟုဆို


ယမန်နှစ်က အိမ်ဖြူတော် ကွန်ပျူတာစနစ်၏ အရေးကြီးသော အစိတ်အပိုင်းများကို ဖောက်ထွင်းခဲ့သည့် ရုရှကွန်ပျူတာ ထွင်းဝိဇ္ဇာ(hackers)များက သမ္မတ ဘားရက်အိုဘားမား၏ လျှို့ဝှက်အမျိုးအစား မဟုတ်သော စာများကို ဖတ်ခဲ့ကြသည်ဟု နယူးယေက်တိုင်းသတင်းစာကြီးက အမေရိကန်အာဏာ ပိုင်များကို ကိုးကား ကာ စနေနေ့တွင် ဖော်ပြထား သည်။
သမ္မတ၏ အီးမေးအကောင့်ကို ဖောက်ထွင်းခံရသည့် အထောက်အထား မတွေ့ရှိရသော်လည်း စုံစမ်း စစ်ဆေးမှုအရ မစ္စတာ အိုဘားမား၏ အဆက် အသွယ် အချို့ကို ကွန်ပျူတာထွင်း ဝိဇ္ဇာများက ရယူခဲ့သည် ဟူသည့် အချက်မှာမူ အဖြစ်နိုင်ဆုံး တွေ့ရှိချက်ဖြစ်သည်ဟု အိမ်ဖြူတော်အရာရှိက ပြောကြားကြောင်း နယူးယောက်တိုင်း သတင်းစာက ကိုးကားဖော်ပြ ထားသည်။

ဤသတင်းနှင့် ပတ်သက်၍ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီးက တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆန် ခဲ့သော်လည်း ယမန်နှစ်က ဖောက်ထွင်းမှု ဖြစ်ပွားခဲ့သော်လည်း လျှို့ဝှက်သတင်းအချက်အလက်များကို ထိခိုက်မှုမရှိခဲ့ကြောင်း ယခုလအစောပိုင်းက အိမ်ဖြူတော်က အတည်ပြုခဲ့ သည်။

နယူးယောက်တိုင်းသတင်းစာကမူ ယင်းထွင်းဖောက်မှုမှာ လူသိရှင်ကြား ဝန်ခံအသိအမှတ်ပြုရသည် ထက်ပင် ပိုမို စော်ကားနိုင်လှပြီး ပိုမို၍လည်း စိုးရိမ်စရာဖြစ်သည်ဟု စနေနေ့က ပြောကြားခဲ့သည်။

လျှို့ဝှက်ကွန်ရက်များကို မထိခိုက်ခဲ့သော်လည်း လျှို့ဝှက်အဆင့်မဟုတ်သည့် ကွန်ပျူတာစနစ်ထဲတွင်ပင် သံတမန်များ၏ အပြန်အလှန် အီးမေးများ၊ ပုဂ္ဂလိကလှုပ်ရှားမှုနှင့် ဥပဒပြေုမှုနှင့် ပတ်သက်သည့် အပြန် အလှန်အီးမေး များ၊ သမ္မတ၏ အစီအစဉ်များနှင့် ပေါ်လစီ ဆွေးနွေးမှုများကဲ့သို့သော အလွန်အရေးကြီး သည့် သတင်းအချက်အလက်များ ပါဝင်နေသေးကြောင်း အာဏာပိုင်များက ဝန်ခံခဲ့သည်ဟု နယူးယောက် တိုင်းသတင်းစာက ဖော်ပြခဲ့သည်။

သို့ရာတွင် ရုရှ ကွန်ပျူတာထွင်းဝိဇ္ဇာများက အိုဘားမား၏ အီးမေး ဘယ်နှစ်စောင်ကို ဖတ်ခဲ့၍၊ မည်သို့သော လျှို့ဝှက်သည့် အကြောင်းအရာများ ပါဝင်သည်ဆိုသည်ကိုမူ အိမ်ဖြူတော်အာဏာပိုင်များက ပြောကြားခြင်း မရှိခဲ့ဟုဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List