Tuesday, April 28, 2015

ရခိုင်စစ်ပြေးရှောင် ဒုက္ခသည်များအတွက် စိုးရိမ်ကြောင်း အမေရိကန် သံရုံးထုတ်ပြန်


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်( Arakan Army) တို့ အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရာနှင့်ချီပြီး နေရပ်စွန့်ခွာထွက်ပြေးလာသူများအတွက် စိုးရိမ် မိကြောင်း ဧပြီလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်သည်။
အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် လတ်တလောဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ရာနှင့် ချီသော ရခိုင်အရပ်သားများ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုသတင်းများ သိရှိရသည့်အတွက် အမေရိ ကန်ပြည်ထောင်စု အနေဖြင့် စိုးရိမ်ပူပန်မိပါကြောင်း ဦးစွာ  ဖော်ပြသည်။

ထွက်ပြေးလာကြရသော စစ်ဘေးရှောင်ဒုက္ခသည်များအတွက် နိုင်ငံတကာ စံနှုန်းများနှင့် အညီ ထောက် ပံ့ပေးရန်လည်း အောက်ပါအတိုင်း တောင်းဆိုထားသည်။

“ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် Arakan Army တို့ကြား လတ် တလော ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ရာနှင့်ချီသော ရခိုင်အရပ်သားများ နေရပ် စွန့်ခွာ တိမ်းရှောင်ရမှု သတင်းများ သိရှိရသည့်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် စိုးရိမ်ပူပန်မိ ပါသည်။

လက်ရှိ ဖြစ်ပွားလျက်ရှိသော အခြေအနေများကို တိုက်ရိုက်တွေ့ကြုံခံစား နေရသောသူများအတွက် တာဝန် ရှိသူ အားလုံးကို ရန်လိုမှုများရပ်ဆိုင်း ကြရန်၊ အရပ်သားများ ဘေးကင်းလုံခြုံမှုကို အာမခံချက်ပေးနိုင်ရန် နှင့် လိုအပ်သမျှသော လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို နိုင်ငံတကာတွင် ကျင့်သုံးလျက် ရှိသော စံနှုန်းများနှင့်အညီ အချိန်မီ ထောက်ပံ့ဖြန့်ဖြူးနိုင်ရန် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုပါသည်” ဟု ပါရှိသည်။

ယခုအခါ လတ်တလော ဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် ရက္ခိုင့် တပ်မတော်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူမှာ ၆၀၀ နီးပါးခန့်ရှိနေပြီး ရာနှင့် ချီသော ကျေးရွာသားများမှာလည်း ရွာထဲမှ ရွာပြင်သို့ မထွက်ရသဖြင့် အလုပ်အကိုင်ပျက်ကာ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရှိ ရသည်။

Narinjara

No comments:

Post a Comment

My Blog List