Monday, April 27, 2015

ပြင်သစ်နိုင်ငံသားကို ချန်လှပ်၍ နိုင်ငံခြားသား အကျဉ်းသားများ ကွပ်မျက်မည်ဟု အင်ဒိုနီးရှား အသိပေး


သေဒဏ်ချမှတ်ထား သော နိုင်ငံခြားသား မူးယစ်ဆေးတရားခံရှစ်ဦးကို ကွပ်မျက်မည်ဟု တရားဝင်အသိပေး ထားကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ဧပြီ ၂၅ ရက်တွင် ပြောကြား သော်လည်း ဂျကာတာအပေါ် ပါရီအစိုးရက ဖိအားထပ်မံပေးခဲ့ ပြီးနောက် ပြင်သစ်နိုင်ငံသားတစ်ဦးကို သေဒဏ်ပေးရန် ယာယီဆိုင်းငံ့ လိုက်သည်။
သြစတြေးလျ၊ ဘရာဇီး၊ နိုင် ဂျီးရီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ မူးယစ်တရားခံ ရှစ်ဦးကို အင်ဒိုနီး ရှားအကျဉ်း သားတစ်ဦးနှင့်အတူ  သေနတ်ဖြင့် ပစ်သတ်ရန် စီစဉ် ထားပြီး လုံခြုံရေး တင်းကျပ်စွာ ချထားသော နူဆာ ကမ်ဘန်ဂန် ကျွန်းပေါ်ရှိ အကျဉ်းထောင်တစ်ခု သို့ ပို့ဆောင်ထားကြောင်း သိရ သည်။ပြင်သစ်နိုင်ငံသား အကျဉ်း သားမှလွဲ၍ နိုင်ငံခြားသား အ ကျဉ်းသားရှစ်ဦး ကို သေဒဏ်ချ မှတ် မည်ဖြစ်ကြောင်း အသိပေး ပြီးဖြစ်သည်ဟု အစိုးရရှေ့နေ ရုံး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနအား ပြောကြား ပြီး သေဒဏ်မပေးမီ အ နည်းဆုံးသုံးရက်ကြာဦးမည်ဟုထပ်လောင်းပြောကြား သည်။

ယင်းအကျဉ်းသားအုပ်စု တွင် မပါဝင်သည့် ပြင်သစ်နိုင်ငံသား ဆာ့ခ်ျအက်လာ ဘီမှာ ယခု သေဒဏ်ပေးမည့် လူများတွင် ပါ ၀င်မည်မဟုတ်ဘဲ ၎င်းမှာ တရား ဥပဒေအရ အယူခံဝင်နေဆဲဖြစ် သည်။

ထိုအတောအတွင်း ကုလအတွင်းရေးမှူးချုပ်က ယင်းအ ကျဉ်းသားများကို ချမ်းသာပေး ရန်နှင့် သေဒဏ်ပေး မှု ဆိုင်းငံ့ ထားပေးရန် တောင်းဆိုခဲ့သည်။

ကွပ်မျက်မည့် ရက်ကို ယင်း ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း ဧပြီ ၂၈ ရက်တွင် သေဒဏ်ပေး ရန် ၎င်းထံ အကြောင်းကြားထား ကြောင်း တရားခံတစ်ဦး၏ ရှေ့ နေက ပြောသည်။

သေဒဏ်ချမှတ်ရန် ဆောင်ရွက်နေသည့်သတင်းမှာ အင်ဒိုနီးရှားအရာရှိများနှင့် နိုင်ငံခြားသံတမန်များ နူဆာ ကမ်ဘန်ဂန်ကျွန်း အနီးရှိ မြို့တစ်မြို့တွင် ဧပြီ ၂၅ ရက်က တွေ့ဆုံပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းတွေ့ဆုံမှုပြီးနောက် နိုင်ငံခြားကောင်စစ်ဝန်အရာရှိ များသည် အကျဉ်းသားများနှင့် တွေ့ဆုံရန် အဆိုပါ ကျွန်းသို့ သွား ရောက်ခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံသည် ကမ္ဘာပေါ်၌ အပြင်းထန်ဆုံး မူးယစ်ဆေးဝါးဆန် ကျင်ရေး ဥပဒေ အချို့ ပြဋ္ဌာန်းထား သည်။

၂၀၁၄ ဇန်န၀ါရီလအတွင်း  နိုင်ငံခြားသားငါးဦး အပါအ၀င် မူးယစ် တရားခံခြောက်ဦးကို အင် ဒိုနီးရှား အစိုးရက ကွပ်မျက်ခဲ့သဖြင့် နိုင်ငံတကာက ဒေါသထွက်ခဲ့သည်။     

Ref: AFP
7Day News Journal

No comments:

Post a Comment

My Blog List