Wednesday, April 29, 2015

မွန်ပြည်နယ်တွင် လစ်လပ်ဆရာဝန် ၅၉ နေရာအတွက် တိုင်းရင်းသား များအား ဦးစားပေး ရွေးချယ်ခဲ့ဟုဆို


မွန်ပြည်နယ်တွင် လစ်လပ် ဆရာဝန် ၅၉ နေရာအတွက် ပြည်နယ်အတွင်းမှ တိုင်းရင်းသားများအား ဦးစားပေးရွေးချယ်ခဲ့ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်း မြင့်က ပြောသည်။ ‘‘မွန်ပြည်နယ်မှာ လစ်လပ် တာကို ခန့်ထားမှာဖြစ်တဲ့အတွက် မွန်ပြည်နယ်ကိုပဲ ဦးစားပေးပြီး တော့ ရွေးထားတာဖြစ်တယ်’’ဟု ဝန်ကြီးချုပ် ဦးအုန်းမြင့်က ရွေး ချယ်ခံရသည့်ဆရာဝန်များနှင့် တွေ့ဆုံပွဲ၌ ပြောကြားသည်။
ယခုရွေးချယ်လိုက်သည့် ဆ ရာဝန် ၅၉ ဦးတွင် မွန်ပြည်နယ်မှ ၄၈ ဦးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသ ကြီးမှ ၁၁ ဦးတို့ပါဝင်ပြီး ရွေးချယ်ရာတွင် မွန်ပြည်နယ်ရှိ တိုင်းရင်းသားများ၊ အမှတ်အများ ဆုံးနှင့် အောင်မြင် သူများ၊ ယခင် အပတ်စဉ်များမှ အောင်မြင်ထား သော်လည်း ပိုစတင်မသွားရသေး သူများနှင့် နှစ်အ လိုက်အောင်မြင် ထားသူများအား ဦးစားပေး ရွေးချယ်ခဲ့ကြောင်း ၎င်းကပြောသည်။

ရွေးချယ်ခံရသော ဆရာဝန် များသည် လာမည့် မေလ ၁၂ ရက် တွင် ဖောင်ကြီးသင်တန်း ၁၄ ပတ် ကြာ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးပါက မွန်ပြည်နယ်ရှိ မြို့နယ်များ၏ လိုအပ်ချက်များ အပေါ် မူတည်၍ တာဝန်များခွဲဝေ နေရာချပေးမည်ဟု သိရသည်။

ယခင်က ဆရာဝန်များအား ဒေသများသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခြင်း၊ နေရာချခြင်းတို့ ကို ပြည်ထောင်စုအဆင့်ကသာ စီမံခန့်ခွဲ၍ စေလွှတ်ခြင်းဖြစ် သည်။ သို့သော် ၂၀၁၄ ဇူလိုင်၂၈ ရက်မှ စ၍ ပြည်ထောင်စုရာထူး ဝန်အဖွဲ့က ဝန်ထမ်းရွေးချယ်ရေး လုပ်ငန်းစဉ်ကိုအခြေခံပြီး သက်ဆိုင်ရာ ပြည် နယ်နှင့် တိုင်းဒေသ ကြီးတို့၏မူဝါဒနှင့်အညီ ရွေးချယ် ဆောင်ရွက်ခွင့်ပြုခဲ့သည်။

မွန်ပြည်နယ်တွင် ခုတင်၃၀၀ ဆံ့ မော်လမြိုင်အထွေထွေရောဂါ ကုဆေးရုံကြီးတစ်ခု၊ ခုတင်၁၀၀ ဆံ့ ဆေး ရုံနှစ်ခု၊ ခုတင် ၅၀ ဆံ့ နှစ်ခု၊ ၂၅  ခုတင်ဆံ့ ငါးခု၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၂၉ ခု နှင့် တက္ကသိုလ်ဆေး ရုံ တစ်ခုရှိ သည့်အပြင် ပုဂ္ဂလိကဆေးရုံ ဆယ် ခုနှင့် ပုဂ္ဂလိကဆေးခန်း ၂၃၀ ခန်း ဖွင့်လှစ်ထားကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment

My Blog List