Tuesday, April 28, 2015

သူရဦးရွှေမန်းကို တရုတ်သမ္မတ လက်ခံတွေ့ဆုံ အာဏာရပါတီနှစ်ခုကြား ပိုမိုပူးပေါင်းဆောင်ရွက်ရန် ကတိက၀တ်ပြု


မြန်မာအာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် တရုတ်သမ္မတ စီကျင်းပင်တို့သည် ဧပြီ ၂၇ ရက်တွင် ဘေဂျင်းမြို့တော်၌ တွေ့ဆုံခဲ့ကြပြီးနှစ်နိုင်ငံကြားနှင့် အာဏာရနှစ်ပါတီကြား ပိုမိုခိုင်မာသည့်ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် ကတိ က၀တ်ပြုခဲ့ကြသည်။
နှစ်နိုင်ငံစီးပွားရေးသည် အလွန်အစပ်တည့် လိုက်ဖက်ပြီးကြီးမားသည့်အလားအလာရှိကြောင်း ပြည်ထောင် စုလွှတ် တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား တရုတ် သမ္မတက ပြောကြားသည်။

တရုတ်ကွန်မြူနစ်ပါတီ သည် ပြည်ခိုင်ဖြိုးပါတီနှင့် ဆက် ဆံရေးကို တန်ဖိုးထားကြောင်း သမ္မတ ကဆို သည်။ နှစ်ပါတီ အနေဖြင့် အဆင့်မြင့်အဆက်အ သွယ်များ၊ အမှုထမ်းဖလှယ်မှု များ၊ အုပ်ချုပ်ရေးအတွေ့ အကြုံ မျှဝေမှုများအကြောင်း ပြောကြား ခဲ့သည်။ သူရဦးရွှေမန်းက ပြီးခဲ့သည့် နှစ် ၎င်း၏တရုတ်ခရီးစဉ် အတွင်းသမ္မတစီနှင့် တွေ့ဆုံမှု ကို ပြန် ပြောင်းအောက်မေ့ပြောကြားခဲ့ သည်။ တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်ပြည်သူလူထု၊ တရုတ် သမ္မတ စီကျင်းပင်တို့နှင့် ချစ် ကြည်ရင်းနှီးမှုကို ခံစားခဲ့ရ ကြောင်း သူရ ဦးရွှေမန်းက ထပ် လောင်းပြော ကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်များ တစ် လျှောက် တရုတ်၏ ထောက်ပံ့မှု ကို မြန်မာက အသိအမှတ်ပြု ကျေးဇူးတင်ပြီး တရုတ်နှင့် မြန်မာ နိုင်ငံ၏ စွမ်းပကားမဟာဗျူဟာ ကျ ပူးပေါင်း မိတ်ဖက်မှုမြှင့်တင် ရန်ဆန္ဒရှိကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီနှင့် ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ မြှင့် တင်ရန် မျှော် လင့်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြား သည်။

နှစ်နိုင်ငံသည် အဓိကပြဿ နာရပ်များနှင့် ပတ်သက်၍ တစ် နိုင်ငံနှင့်တစ်နိုင်ငံ ထောက်ပံ့နေသကဲ့သို့ တစ်နိုင်ငံ ၏ အချက်အချာကျသော အကျိုးစီးပွားများ၊ စိုး ရိမ်ပူပန်မှုများကို တစ်နိုင်ငံက လေးစားသည့်အတွက် တရုတ် -မြန်မာဆက်ဆံရေးမှာ အချိန်ကာလရှည်ကြာစွာ ကြံ့ကြံ့ခံ မပျက်မစီးတည်ရှိနေကြောင်း တရုတ်သမ္မတ စီကဆိုသည်။

မဟာဗျူဟာကျ ရေရှည်ရှု ထောင့်ဖြင့် တရုတ်-မြန်မာဆက် ဆံရေးများကို တန်ဖိုးထားဆက် ဆံရန်၊ နယ် စပ်ငြိမ်းချမ်းရေးထိန်း သိမ်းရန်၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြည်သူလူထုကောင်းမွန်ချမ်းသာစွာ နေထိုင်နိုင်ရေး ကို ကူညီရန် အတွက် ပိုမိုဆောင်ရွက်ကြရန် နှစ်ဖက်စလုံးကို တရုတ်သမ္မတ က တိုက်တွန်းခဲ့သည်။

One Belt၊ One Road၊ အာ ရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် အစရှိသည်တို့ အပါအဝင် တရုတ်၏အစပျိုးမှုများ သည် မြန်မာကဲ့သို့ အိမ်နီးချင်းနိုင်ငံများကို အကျိုးပြုခြင်းအားဖြင့် လမ်း ကြောင်း တစ်လျှောက် ရှိ နိုင်ငံများနှင့် တရုတ်၏ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင်တင်ရန် ရည်ရွယ်ကြောင်း စီကဆိုသည်။

Belt နှင့် Road ဆိုသည်မှာ နိုင်ငံတကာကုန်သွယ်ရေးနှင့် အ ခြေခံ အဆောက်အအုံစီမံကိန်း များကို ဝန်းပတ်လွှမ်းခြုံထားသော ပိုးလမ်းမ စီးပွားရေးနယ်တစ် ကြောနှင့် ၂၁ ရာစု ပင်လယ်ပြင်ပိုးလမ်း မအစပျိုး မှုကို ရည်ညွှန်းခြင်းဖြစ်သည်။ ယင်းမဟာဗျူဟာကို တရုတ်သမ္မတ စီက တင်သွင်းခဲ့ ခြင်းဖြစ်ပြီး ၎င်းကိုယ် တိုင် အာရှ အလယ်ပိုင်းနှင့် အရှေ့တောင် အာရှတို့သို့ ၂၀၁၃ စက်တင်ဘာ နှင့် အောက်တိုဘာတို့တွင် အ လည်အပတ်ထွက်ခဲ့သည်။

ယင်းစီမံကိန်းများ၌ တရုတ် ဆိပ်ကမ်းများမှနေ၍ အာဖရိက နှင့် အရှေ့အလယ်ပိုင်းတို့မှ ဆိပ်ကမ်းများ အကြား ရေကြောင်း လမ်းကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖော်ထုတ်ဆက်သွယ်ရေး၊ အာရှဒေသအများစု ၊ အရှေ့အ လယ်ပိုင်းနှင့် ဥရောပတိုက်အထိ ဆက်သွယ်မည့် ကားလမ်းများ၊ ရထားလမ်းများ၊ ပိုက်လိုင်းများ တည်ဆောက်ရေး ရည်ရွယ်ချက် များပါဝင်နေသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တရုတ်သမ္မတ စီကျင်းပင် ဧပြီ၂၇ရက်တွင် တွေ့ဆုံနှုတ်ဆက်စဉ်
—Ref; Xinhua
7Day Daily

No comments:

Post a Comment

My Blog List