Thursday, April 30, 2015

အမျိုးသမီး ၃၀၀ ခန့်ကို စစ်သွေးကြွအဖွဲ့ထံမှ နိုင်ဂျီးရီးယားစစ်တပ် ကယ်တင်


နိုက်ဂျီရီးယား စစ်တပ်က အမျိုးသမီး ၃၀၀ နီးပါးကို ဘိုကိုဟာရမ်အဖွဲ့ လက်ကနေ ကယ်ထုတ်နိုင်ခဲ့ပေမယ့် ချီဘွတ်ရွာက ကျောင်းသူတွေ မပါဘူးလို့ စစ်တပ် ပြောခွင့်ရသူက ဆိုပါတယ်။ မိန်းကလေးငယ် ၂၀၀ နဲ့ အမျိုးသမီး ၉၃ ယောက်ကို စစ်ဆင်ရေးတခုအတွင်း ကယ်တင်နိုင်ခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။
အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ဟာ မနှစ်က ချီဘွတ်ရွာက ကျောင်းသူ ၂၀၀ ကျော်ကို ဖမ်းဆီးသွားခဲ့တာ နိုင်ငံ တကာရဲ့ အာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။

ဘိုကိုဟာရမ်အဖွဲ့ဟာ အနောက်တိုင်း ပညာရေးကို ဆန့်ကျင်တဲ့ အဖွဲ့ဖြစ်ပြီး နိုင်ငံ မြောက်ပိုင်းမှာ ၆ နှစ်တာ ဆူပူသောင်းကျန်းနေကြ တာကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ၁ သန်းခွဲလောက် အိုးအိမ်စွန့်ခွာ ခဲ့ရပါတယ်။

ဒီနှစ်အစောပိုင်းမှာတော့  နိုက်ဂျီးရီးယား စစ်တပ်နဲ့ အိမ်နီးချင်း နိုင်ငံတွေက တပ်တွေ ပူးပေါင်းပြီး ဘိုကို ဟာရမ် ရဲ့ ခြေကုပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။

မနှစ်မေလက ဘိုကိုဟာရမ်အဖွဲ့က အကျဉ်းသား လဲလှယ်ရေး အစီအစဉ်ကို တောင်းဆိုခဲ့ပေမယ့် အစိုးရက ပယ်ချခဲ့ပါတယ်။

သမ္မတ ဂွတ်လပ် ဂျိုနသန် လက်ထက်မှာ ဘိုကိုဟာရမ်အဖွဲ့နဲ့ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် ငြိမ်းချမ်းရေးရတဲ့အဆင့်ကို မရောက်ခဲ့ပါဘူး။

စစ်တပ်က ကယ်ထုတ်လာတဲ့ အမျိုးသမီးတွေဟာ ပြန်ပေးဆွဲခံရသူတွေလား၊ ဒါမှမဟုတ် ဘိုကိုဟာရမ် အဖွဲ့ဝင်တွေနဲ့ လက်ထပ်ထားသူတွေလား ဆိုတာကို စစ်ဆေးသွားမယ်လို့ ထောက်လှမ်းရေး အရာရှိတဦး က ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List