နိုင်ငံခြားသား အများစုဖြစ်သည့် ကွက်မျက်အံ့ဆဲဆဲ သေဒဏ်ကျခံ မူးယစ်ဆေး အကျဉ်းသား ၁၀ ယောက် အုပ်စုကို အသက်ချမ်းသာပေးရန် ကုလထွေချုပ် ဘန်ကီမွန်းက အင်ဒိုနီးရှားကို စနေနေ့က မေတ္တာရပ်ခံ ပန်ကြားခဲ့သည်ဟု ဆိုသည်။
ကြေညာထားသည့်အတိုင်း မူးယစ်ဆေးမှုများနဲ့ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၁၀ ယောက်အား ကွက်မျက်မှုကို အကောင်ထည်မဖော်ရန် အထွေထွေအတွင်းရေးမှူးချုပ်က အင်ဒိုနီးရှားအစိုးရကို မေတ္တာ ရပ်ခံ ပန်ကြားခဲ့ပါတယ်''ဟု ဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။
မူးယစ်ဆေးဖြင့် သေဒဏ်ကျခံနေရသည့် သြစတြေးလျ၊ ဘရာဇီး၊ နိုင်ဂျီးရီးယားနှင့် ဖိလစ်ပိုင်တို့မှ နိုင်ငံခြား သား ၈ ဦးမှာ ကွက်မျက်သုတ်သင်ခံရမည်ဟု တရားဝင်အသိပေး ကြေညာခဲ့ပြီးဖြစ်ကြောင်း အင်ဒိုနီးရှားက စနေနေ့ အစောပိုင်းက ပြောကြားခဲ့သည်။
သို့ရာတွင် ဂျကာတာအပေါ် ပါရီက ဖိအားပေးလာခဲ့သောကြောင့် ပြင်သစ်နိုင် ငံသားကိုမူ ပြစ်ဒဏ်မှ ယာယီဆိုင်းငံ့ထားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသားမှာမူ ကြိုးစင်သို့သွားရမည့် ဆယ်ယောက်မြောက် အကျဉ်းသားပင် ဖြစ်သည်။
''နိုင်ငံတကာ ဥပဒေအရတော့ သေဒဏ်ကို အသုံးပြုတော့မယ်ဆိုရင် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းလို အပြင်းထန်ဆုံး ရာဇ၀တ်မှုတွေကိုမှပဲ အသုံးပြုရမှာပါ။ မူးယစ်ဆေးနဲ့ ဆက်နွယ်နေတဲ့ ဥပဒေချိုးဖောက် မှုတွေကို ယေဘူယျအားဖြင့် အပြင်းထန်ဆုံးဆိုတဲ့ အမျိုးအစားထဲမှာ ထည့်သွင်း စဉ်းစားလေ့မရှိပါဘူး''ဟု ဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် မည်သည့်အခြေအနေမျိုးတွင်မဆို သေဒဏ်ကို ဆန့်ကျင်ကြောင်း၊ လုံးဝပယ်ဖျက်ရေး ကို ဦးတည်သည့် အမြေင်ဖြင့် အင်ဒိုနီးရှားတွင် သေဒဏ် အပြစ်ဒဏ်ကို ယာယီပိတ်ပင်ရန် စဉ်းစား သင့်ကြောင်း ကုလထွေချုပ်ကြီး ဘန်ကီမွန်းက အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
နိုင်ငံခြားသား သေဒဏ်ကျခံ အကျဉ်းသားအားလုံးက သမ္မတ၏ သနားသက်ညှာခွင့်ကို အယူခံလျှောက်လဲ ခဲ့ကြသော်လည်း ၀ီဒိုဒိုကမူ အင်ဒိုနီးရှားမှာ မူးယစ်ဆေးကို အရေးပေါ် တိုက်ဖျက်နေကြောင်း ပြောဆို၍
ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။ သေဒဏ်ကျခံ အကျဉ်းသားများကို ကွက်မျက်ရေးတပ်ဖွဲ့ဖြင့် ရက်ပိုင်းအတွင်း သုတ်သင်ကွက်မျက်တော့မည် ဖြစ်သည်။
Mizzima - News in Burmese

No comments:
Post a Comment