Saturday, May 02, 2015

နီပေါငလျင် သေဆုံးသူ ၆၂၀၀ ကျော်ပြီ


အလွန်ပြင်းထန်သော ငလျင်ကြီးတစ်ခု ဟိမဝန္တာတောင်ကြောပေါ်တွင် တည်ရှိသော နီပေါနိုင်ငံကို ဗဟိုပြု လှုပ်ခတ်သွားခဲ့ရာ သေဆုံးသူ အရေအတွက်သည် မေလ ၁ ရက်နေ့၌ ၆၂၀၀ ကျော်သွားခဲ့ပြီ ဖြစ်ကြောင်း BBC သတင်းက ဆိုသည်။
နောက်ဆုံး ကိန်းဂဏန်းအဖြစ် နီပေါအမျိုးသား သဘာဝဘေးဒဏ်ဆိုင်ရာ ဌာနက ထုတ်ပြန်ခဲ့ရာ သေဆုံးသူ အရေအတွက်သည် ၆၂၀၄ ဦး ရှိသွားပြီ ဖြစ်သည်။

ဒဏ်ရာရရှိသူ အရေအတွက်မှာလည်း ၁၃၉၃၂ ဦး ရှိသွားပြီဖြစ်ကာ နိုင်ငံစုံ ကယ်ဆယ်ရေး လုပ်သားများ လည်း လာရောက်ကူညီ ကယ်ဆယ်ပေးလျက် ရှိသည်။

ငလျင်၏ ပြင်းအားသည် ၇ ဒသမ ၈ ရစ်ခ်ျတာစကေး ရှိပြီး နောက်ဆက်တွဲ ငလျင်ငယ်များလည်း ဆက်တိုက် လှုပ်ခတ်ခဲ့သေးသည်။

ငလျင်ဒဏ်ကြောင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့တွင်လည်း လူ ၁၀၀ ခန့် သေဆုံးခဲ့သေးသည်။

ငလျင်ဗဟိုဒေသနားရှိ ကျေးလက်ဒေသ ဝေးလံခေါင်ဖျား နေရာများ၏ အပျက်အစီးနှင့် ပတ်သက်၍ နိုင်ငံ တကာကြက်ခြေနီက သတိပေးထားကာ နီပေါအစိုးရကလည်း သဘာဝဘေးဒဏ်အရေးကို ကိုင် တွယ်နိုင်စေရေး လုံးပန်းနေရဆဲ ဖြစ်သည်။

UNESCO အသိအမှတ်ပြု ဗုဒ္ဓဘာသာ စေတီပုထိုးကျောင်းကန် ရှေးဟောင်းဗိသုကာများစွာ ပျက်စီးခဲ့ရသည့် သတင်းဓာတ်ပုံများလည်း မီဒီယာများတွင် တွေ့ရှိရသည်။

ဧဝရက်တောင်တက် ခရီးကြမ်းနှင်သည့် အားကစားသမားများလည်း တောင်ပေါ်၌ သေဆုံးခဲ့ပြီး ကယ် ဆယ်ရေးလုပ်ငန်းများလည်း လုပ်ဆောင်နေဆဲ ဖြစ်သည်။

အဆိုပါ အလွန်ပြင်းထန်သည့် သဘာဝဘေးဒဏ်ကြီးသည် နှစ်ပေါင်း ၈၀ ကျော်အတွင်း ပထမဦးဆုံး အကြိမ် ဖြစ်ခဲ့ခြင်းဖြစ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ နှေးကွေးမစုံလင်သည့်အကျပ်အတည်းနှင့် လည်း တွေ့ကြုံ ခဲ့ရသည်။

လမ်းများလည်း ပျက်စီးသွားခဲ့သဖြင့် အဆိုးဆုံးနေရာများသို့ အကူအညီ ရောက်ရှိနိုင်ရန်အတွက် ခက် ခဲနေသေးသည်။

The Voice Weekly

No comments:

Post a Comment

My Blog List