Tuesday, April 28, 2015

ရွှေစင်စကြ်ာယာဉ်လိုင်း မြန်မာ့ရုပ်သံနှင့် အခြားရုပ်သံလိုင်းများထံမှ နစ်နာကြေးရလိုမှု နို့တစ်စာပြန်လည်ရုပ်သိမ်း



SkyNet ရုပ်သံသတင်း မှားယွင်းထုတ်လွှင့်ခဲ့မှုနှင့်ဆက်စပ်၍ MRTV နှင့်အခြားရုပ်သံလိုင်း များထံ ရွှေစင် စကြ်ာယာဉ်လိုင်းက နစ်နာကြေးရလိုမှုအတွက် တရားစွဲဆိုမည့် နို့တစ်စာထုတ်ပြန်ခဲ့ခြင်းကို ပြန်လည် ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။
ယာဉ်မတော်တဆဖြစ်ရပ်တွင် မှားယွင်းသတင်းထုတ်လွှင့်မှုမှာ ၎င်းတို့နှင့်ဆက်စပ်ပတ်သက်မှု မရှိကြောင်း MRTV ဘက်က ပြန်လည်ထုတ်ပြန်ခဲ့ပြီးနောက် ရွှေစင် စကြ်ာယာဉ်လိုင်းဘက်က နားလည်လက်ခံ သည့်အတွက် နို့တစ်စာ ပြန်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု  ယင်းယာဉ်လိုင်း၏ အကျိုးဆောင်ရှေ့နေ ဦးနေလ က ပြောသည်။

‘‘ထုတ်လွှင့်ခဲ့တဲ့ SkyNet ဘက်က ထိရောက်တဲ့ရှင်းလင်းမှု မလုပ်တဲ့အခါမှာ ဒါတရားဝင် ထုတ်လွှင့်ခွင့် လိုင်စင်နဲ့ ထုတ်လွှင့် နေတဲ့ အဲဒီ MRTV လို ရုပ်သံလိုင်း တွေနဲ့များ သူတို့ဆက်စပ်မှုရှိမ လားဆိုပြီး တရားစွဲဖို့လုပ်ခဲ့တာ ပါ။ အခု သူတို့က အဲဒီသတင်း ထုတ်လွှင့်မှုမှာ လုံးဝသက်ဆိုင်မှု မရှိဘူးလို့ ကြေညာ ခဲ့တာကြောင့် သူတို့နဲ့ပတ်သက်တဲ့ အပိုင်းကဏ္ဍ ကို ပြန်ရုပ်သိမ်းဖို့ စီစဉ်ဆောင်ရွက် ပါမယ်’’ဟု ၎င်းကပြောသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် ဧပြီ ၅ ရက် သန်း ခေါင်ချိန်၌ ဖြစ်ပွားခဲ့သည့် ရွှေ စကြ်ာ ယာဉ်လိုင်း မှ မော်တော် ယာဉ်မတော်တဆဖြစ်မှုသတင်း ကို SkyNet in house channel နှင့် mntv တို့က ရွှေစကြ်ာ
အစား ရွှေစင်စကြ်ာယာဉ်လိုင်းဟုထုတ် လွှင့်ခဲ့သည်ဟုဆိုကာ ရွှေစင်စကြ်ာဘက်က နစ်နာ မှုလျော် ကြေး ငွေ ကျပ်သိန်းပေါင်းတစ် သောင်းတိတိကို ခုနစ်ရက် အတွင်း ပေးရန် ဧပြီ ၈ရက်က နို့တစ်စာ ထုတ်ကာ သတိပေးခဲ့သည်။

ပထမကြေညာချက်ထုတ် ပြန်ပြီး နှစ်ပတ်ကျော်အကြာ ဧပြီ ၂၄ ရက်တွင် ရွှေစင်စကြ်ာ၏ရှေ့ နေက ပြန် လည် ထုတ်ပြန်ခဲ့သည့် နို့တစ်စာတွင် ရွှေသံလွင်ကုမ္ပဏီ လီမိတက်၊ SkyNet in house channel နှင့် mntv တို့အပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအပါအ ဝင် အခြားရုပ်သံလိုင်းများကိုပါ ထပ်မံထည့် သွင်းတောင်းဆိုခဲ့ ခြင်းဖြစ်သည်။

ယင်းသို့ ပြောကြားပြီး နောက်တစ်ရက်တွင် ရွှေစင်စကြ်ာ၏ရှေ့နေ ထုတ်ပြန်သည့် နို့တစ်စာပါ စွပ်စွဲချက် ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ပယ်ချခဲ့ပြီး ၎င်းတို့ တာဝန်ယူထုတ်လွှင့်လျက်ရှိသော MRTV News Cha- nnel, MRTV Entertainment Channel, တိုင်းရင်းသားလူမျိုး များရုပ်သံလိုင်း(NRC)တို့ တွင် ရွှေစင် စကြ်ာကုမ္ပဏီလီမိတက်၏နို့တစ်စာပါ ယာဉ်မတော်တဆမှုသတင်းအား လုံးဝ(လုံးဝ)ဖော်ပြထုတ်လွှင့်ခဲ့ခြင်း မရှိကြောင်း ဧပြီ ၂၅ ရက်က ကြေညာချက် ထုတ်ကာ တုံ့ပြန်ခဲ့သည်။

ရွှေစင်စကြ်ာဘက်က ထုတ် ပြန်သည့် နို့တစ်စာတွင် အစိုးရ ထိန်းချုပ်ထားသည့် မြန်မာ့အသံ နှင့် ရုပ်မြင် သံကြား (MRTV)၊ ပြည်တွင်း အခြေစိုက်ရုပ်သံကုမ္ပဏီများဖြစ်သည့် ရွှေသံလွင်၊ SkyNet in house channel ၊ mntv ၊ SkyNet၊ MRTV-4 နှင့် 4Digital ရုပ်သံလိုင်းများ ပါဝင်ခဲ့သည်။

အဆိုပါနို့တစ်စာတွင် ‘‘Sky Net in house channel, mntv ၏ပေါ့ဆစွာ မမှန်မကန်သတင်း ထုတ်လွှင့်ခြင်း ကို Shwe Than Lwin Media Co., Ltd, SkyNet တို့အပြင် MRTV-4, မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား (MRTV), 4 Digital တို့ကလည်း မြန်မာနိုင်ငံ တစ်နံတစ်လျား ထုတ်လွှင့်ပေးခဲ့ ကြသည်။ ထို့ကြောင့် ၎င်းတို့ သည် လည်း mntv နှင့်အတူ ကျွန်ုပ် အမှုသည် ကုမ္ပဏီ၏အရပ်ရပ်နစ် နာမှုအတွက် တာဝန်ရှိလာခဲ့ပါ သည်’’ဟု ဧပြီ ၂၄ ရက်ထုတ် Daily Eleven သတင်းစာမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ တောင်းဆို ချက်ကို မလိုက်လျော ပါက တရားစွဲ တောင်းဆိုမည်ဖြစ် ကြောင်းလည်း ထည့်သွင်းကြေ ညာခဲ့သည်။

ရွှေစင်စကြ်ာဘက်က ထုတ် ပြန်သည့် နို့တစ်စာနှင့်ပတ်သက် ပြီး ထုတ်ပြန်ချက်ထုတ်ကာ တုံ့ပြန် မည်ဖြစ်ကြောင်း၊ လတ်တလော အချိန်တွင်မည်သည့်မှတ်ချက်မျှမပေးလိုသေးကြောင်း ပြန်ကြား ရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပူးပေါင်းပြီး ထုတ်လွှင့်နေသည့် MRTV-4၏ အယ်ဒီတာချုပ် ဦးမျိုးအောင် ကျော်ကပြောသည်။

‘‘ဒီကိစ္စနဲ့ပတ်သက်ပြီး အ စည်းအဝေးတွေတော့ လုပ်နေပါ တယ်။ သိပ်မကြာခင်တော့ ထုတ် ပြန်ချက် တစ်ခုထုတ်ဖြစ်မယ်ထင် ပါတယ်’’ဟု ၎င်းက ပြောသည်။

ရွှေစင်စကြ်ာဘက်မှ ယင်း ကြေညာချက်ကို ပြန်ရုပ်သိမ်း သော်လည်း မူလအစီအစဉ်ဖြစ် သည့် ရွှေသံလွင် ကုမ္ပဏီနှင့် Sky Net ရုပ်သံတို့ထံမှ သတင်းမှားယွင်းထုတ်ပြန်မှုအတွက် နစ်နာ ကြေးပေးရန် တရားစွဲဆို မည့် အစီအစဉ်ကို ဆက်လက်လုပ် ဆောင်မည်ဟု သိရသည်။

‘‘SkyNet ကိုတော့ ကျွန် တော်တို့ ဥပဒေကြောင်းအရဆက် လက်တရားစွဲဆိုသွားမှာပါ။ နစ် နာကြေးရလို မှုနဲ့ပဲ တရားစွဲဆို သွားမှာဖြစ်ပါတယ်’’ဟု ဦးနေလ ကပြောသည်။

ရွှေစင်စကြ်ာဘက်က သတိ ပေးချက်ထုတ်ပြန်ပြီး နှစ်ရက်အ ကြာ ဧပြီ ၁၀ ရက်တွင် mntv  က  နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ပြန်လည်  တောင်းပန်ခဲ့သော် လည်း ရွှေစင်စကြ်ာဘက်က တောင်းဆို သည့်  လျော်ကြေးပေး အပ်ခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်း လင်း မသိရသေးပါ။

7Day News Journal

No comments:

Post a Comment

My Blog List